လက်ရှိရောက်နေတဲ့အသက်အရွယ်မှာ ကံအခြေအနေ

 



1..မင်းလက်ရှိရောက်နေတဲ့အသက်အရွယ်မှာ မင်းရဲ့ကံအနေအထားအားဖြင့် များစွာကောင်းမွန်မျှတနေပါတယ် ။အဖက်ဖက်က ညီတူညီမျှတိုးတက်နေမှာပါ ။ဘယ်အရာကတော့အရမ်းကောင်းပါတယ် ဘယ်အရာကတော့အရမ်းညံ့နေပါတယ်လို့မရှိဘဲ တူညီစွာပဲရှိနေလိမ့်မယ် ။ဒီအသက်အရွယ်မှာ မင်းအတွက်အနာဂတ်နဲ့သက်ဆိုင်တဲ့ အစီအစဉ်တွေ ၊ရည်မှန်းချက်တွေချမှတ်ဖို့အကောင်းဆုံးပါပဲ ။တချို့ဆို အနာဂတ်အတွက်ပုံဖော်ပြီးနေလောက်ပါပြီ ။အဲ့ဒီတော့ ဒီနှစ်ထဲမှာ အချိန်ယူပြီးစဉ်းစားပါ ၊ဆုံးဖြတ်ပါ ၊ရွေးချယ်ပါ ။နောက် အကောင်အထည်ဖော်ပါ ။စိတ်ရှည်ဖို့လိုအပ်ပါမယ် ။တဖြည်းဖြည်းချင်းသွားပါ ။မင်းရဲ့ကံအရလည်း တဖြည်းဖြည်းချင်းတိုးတက်လာမှာမို့ပါ ။ Good luck baby


2..မင်းလက်ရှိရောက်နေတဲ့အသက်အရွယ်မှာကတော့ ကံကဒီတိုင်းတည်ရှိနေမှာပါပဲ ။ကံကိုမင်းကိုယ်တိုင်ဖန်တီးရမှာပါ ။ဒီနှစ်ထဲမှာ တွေးစရာတွေများမယ် ၊လုပ်စရာတွေများမယ် ။နောက်ရွေးချယ်ရတာတွေ အရေးတကြီးဆုံးဖြတ်ရတာတွေလည်းများများရှိနေမှာပါပဲ ။မင်းရဲ့ရွေးချယ်မှုက မင်းရဲ့ကံပါပဲ ။မင်းဘာကိုလုပ်မယ် ၊ဘယ်လမ်းကိုလျှောက်မယ် ၊ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့အပေါ်မူတည်ပြီး ကောင်းခြင်း ၊ဆိုးခြင်းကိုလက်ခံရရှိလိမ့်မယ် ။ဘာကိုမှမလောပါနဲ့ ၊နောက်ဘာကိုမှအချိန်မဆွဲပါနဲ့ ။လေးလေးနက်နက်စဉ်းစားတွေးခေါ်ပါ ။နောက် ဗျာမများဘဲ ခေါင်းအေးအေးထားပြီး ရွေးချယ်လုပ်ဆောင်ပါ ။ကံကတော့ မင်းကိုအခွင့်အရေးတွေများစွာ ပေးထားပါတယ် ။မင်းရဲ့ရွေးချယ်မှုက မင်းရဲ့ကံပါပဲ

Comments