မင်းကိုဆက်သွယ်ချင်နေတဲ့တစ်စုံတစ်‌ယောက်ရှိနေမလား

မင်းကိုဆက်သွယ်ချင်နေတဲ့တစ်စုံတစ်‌ယောက်ရှိနေမလား




Pile1:ဆက်သွယ်ချင်နေတယ်ဆိုတာထက် မင်းဆက်သွယ်လာတာကို စောင့်မျှော်နေတဲ့လူရှိနေတယ်နော် ။မင်းရဲ့အတိတ်ကလူတွေဖြစ်နိုင်သလို မင်းလက်ရှိအဆက်အသွယ်လုပ်နေတဲ့လူတွေလည်း ပါလိမ့်မယ် ။သူတို့က မင်းဆီကအဆက်အသွယ် ၊ဖုန်း‌ဆက်လာမှာ ဒါမှမဟုတ် စာပို့လာမှာကို စောင့်ဆိုင်းနေတာမျိုးပါ ။တော်တော်လေးမျှော်လင့်နေတဲ့ပုံစံမျိုးတွေ့ရတယ် ။သူတို့ဘက်က ဆက်သွယ်လာမှာမျိုးတော့ မဟုတ်ပါဘူး ။မင်းဆီကဆက်သွယ်လာရင်တော့ လိုလိုချင်ချင်နဲ့ကို လက်ခံပါလိမ့်မယ် ။


Pile2:မင်း‌ဆီကို ဆက်သွယ်ချင်နေတဲ့တစ်ယောက်ရှိတယ်နော် ။သူကမင်းလုံးဝသတိမထားမိတဲ့လူ ဒါမှမဟုတ် လူအသစ်တစ်ယောက်ဖြစ်လိမ့်မယ် ။သူ့ဘက်ကမင်းကို သတိထားမိနေတာကြာနေပြီ ။အဆက်အသွယ်လုပ်ဖို့ကစဉ်းစားနေတုန်းပဲ ။သို့သော် သေချာပေါက်ဆက်သွယ်ဖို့ စကားလာပြောဖို့ ရှိနေတယ် ။စိတ်ထဲမှာလည်း တွေးထားတယ် ။မင်းကိုစိတ်ဝင်စားနေတာ ဒါမှမဟုတ် ရင်းနှီးချင်နေတာမျိုးပဲ ။မကြာခင်မှာကိုပဲ ဆက်သွယ်လာလိမ့်မယ် ။သူနဲ့ဆုံရင် မင်းအထီးကျန်ရမှာမဟုတ်သလို တစ်ယောက်တည်းလို့လည်းခံစားနေရမှာမဟုတ်တော့ဘူး ။ပျော်ရွှင်ရပါလိမ့်မယ် ။