နာမ်လောကသားတွေက မင်းတ်ို့ကိုဘာတွေပြောပြီး ဘယ်လိုထင်မြင်နေလဲ

နာမ်လောကသားတွေက မင်းတ်ို့ကိုဘာတွေပြောပြီး ဘယ်လိုထင်မြင်နေလဲ



Pile 1
Pile 1လေးတွေက မေတ္တာထားတတ်ပေမဲ့ဘက်လိုက်တတ်တယ် ချစ်တဲ့သူခင်တဲ့သူကိုပိုပြီးအရေးပေးတဲ့အပြင် အလိုလိုက်ပေးတာ သူတို့တွေ့ရတယ်လုပ်စရာတွေများပြီး ပူထူနေတာကိုလဲသူတို့မြင်ပေမဲ့မင်းကတစ်ကယ်ကြိုးစားသူပါတဲ့ မင်းကိုမသိတဲ့လူတွေရှေ့မှာတော့မသိပေမဲ့ မင်း နဲ့ရင်းနှီးဆုံးလူတွေရဲ့ရှေ့မှာမင်းက ကလေးဆိူးလေးဆိုတာသူတို့သိတယ်ဘေးနားမှာရှိနေတဲ့ နာမ်လောကသားထဲမှား မယ်တော်တစ်ပါးပါး ပဋ္ဌာန်းဆက်ရှိတဲ့သူ မိခင် အဘွားတွေက ကောင်းတဲ့ဘုံကိုရောက်နေပြီး မင်းကိုပြန်စောင့်ကြည့်နေတာ စောင့်ရှောက်နေတာတွေ့ရတယ် ဘေးပတ်လည်မှာအခွင့်အရေးချောင်းနေတဲ့လူတွေရှိတာမလို့ မင်းဂရုစိုက်သင့်တယ်
ပြီးတော့ မင်းအခုလုပ်နေတဲ့ကိစ္စတွေကိုအကောင်းဆုံးပြင်ဆင်ထားတာတွေ့ရပေမဲ့ မင်းမထိန်းနိုင်ရင် မင်းကို နာကျင်အောင်အဲ့အရာက ပြုလုပ်လိမ့်မယ်တဲ့


Pile 2
လောဘကြီးပြီး ဘာလုပ်လုပ်တစ်ယောက်ထဲလိုချင်နေတာ အောင်မြင်ချင်နေတာ မပူလောင်ဘူးလား လောဘဆိုတာကြီးသင့်တဲ့နေရာမှာကြီးရတယ် မဟုတ်ရင် မင်းအတွက်က မီးပင်လယ်ပဲ အရာအားလုံးကျရှုံးရလိမ့်မယ်မင်းရဲ့စိတ်တွေ ၀မ်းနည်းနေတာ စိတ်တွေထိခိုက်နာကျင်နေတာ ငါတို့သိပါတယ် ဒါပေမဲ့အဆင်ပြေသွားမှာပါ လုပ်သင့်တဲ့အရာကိုလုပ်ပြီးမလုပ်သင့်တဲ့အရာကိုလွှတ်ချလိုက်ပါ ကိုယ်လုပ်ရမဲ့ဟာက်ို အရအမိဆုပ်ကိုင်ပြီး အထက်ကိုတက်ပါ ဘုရင် ဘုရင်မနေရာကို ယူလိုက်ပါတဲ့


Pile 3
မင်းလေးတို့ကအများအမြင်မှာ ငပေါလိုလို နဲ့ ပျော်ပျော်နေတတ်ပေမဲ့ နောက်ဆုံးကျ မင်းတို့ကပဲ ဦးဆောင်သွားတယ် တစ်ခုခုဆိုအစပိုင်းမှာဘာမှမသိသလိုနဲ့ နောက်ဆုံးရလဒ်မှာမင်းလေးတို့ကဦးဆောင်နေတာတွေ့ရတယ် မင်းတို့က ဥာဏ်ကောင်းပြီး ဘာလုပ်လုပ်ဘာလိုချင်လိုချင်ခနလေးနဲ့ပြည့်၀တတ်တယ် မင်းတို့ ကုသိုလ်ရေးလေးသာပိုထည့်ရင်ပိုပြီးပြည့်၀မယ် ထောက်တိုင်တွေ အများကြီးရှိတာမလို့ သေချာလေးကြိုစားပါတဲ့ ပေါ့ပျက်ပျက်မနေပါနဲ့တဲ့