ချစ်ရတဲ့သူရဲ့ပေါင်းဖက်ခွင့် ကံတရားအခြေအနေဘယ်လိုရှိလဲ

ချစ်ရတဲ့သူရဲ့ပေါင်းဖက်ခွင့် ကံတရားအခြေအနေဘယ်လိုရှိလဲ




Pile 1
သင်တို့နှစ်ဦးရဲ့ပေါင်းဖက်ဖို့ကံတရားက ချောမွေ့အဆင်ပြေဖို့ကတော့ရာခိုင်နှုန်းနဲပါတယ်နော်.သင်တို့ကြားမှာ သူတပါးရဲ့ အနှောင့်အယှက်တွေဝင်တတ်တာမျိုး သင့်အပေါ်သူက တကိုယ်ကောင်းဆန်ဆန် ပြုမှုတာမျိုးတွေကြောင့် သင်တို့ကြားက ဆက်ဆံရေးထိခိုက်ရတတ်တာကြောင့် ရွှေလက်တွဲဖို့ ခက်ခဲနိုင်တဲ့အခြေအနေလေးတွေဖြစ်တတ်တာမျိုးပါ. ဒါပေမယ့် အဆိုးထဲကနေ သင့်ကိုကူညီထောက်ပံ့မှုရနိုင်စေမယ့် အရာလေးတွေလဲရှိတတ်ပါသေးတယ်.အဲ့ဒါကတော့ သင်တို့ကြားမှာ မိဘ အကြီးအကဲ ဆွေမျိုးဆရာသမားအကြီးအကဲတွေက ဝင်ရောက်ညှိုနှိုင်းပေးတာ ထိန်းကွပ်ပေးတာ လမ်း ကြောင်းပေးတာလေးတွေကြောင့် သူက သင့်အပေါ် ပြောင်းလဲလာမှုလေးတွေ အကောင်းဘက်ကိုပြောင်းလာနိုင်လို့ မျှော်လင့်ချက် တော့ထားလို့ရနိုင်ပါသေးတယ်.မိဘဆွေမျိုးတွေက ထိုလူကိုလက်ခံပေးနိုင်ဖို့တော့ လိုတာပေါ့နော် . .


Pile 2
သင်နဲ့သူက ပေါင်းဖက်ဖို့ကံတရားအခြေအနေကအလွန်အားကောင်းပါတယ်နော်.သင်တို့ကြားမှာ အခန့်မသင့်လို့ ဆက်ဆံရေးတွေ ရပ်တန့်ခဲ့တာ အဆင်မပြေဖြစ်ခဲ့ရင်တောင် တကျော့ပြန်ပြီး အဆင်ပြေ သာယာသွားနိုင်တာမျိုးပါ.သူကလဲသင်နဲ့အတူပေါင်းဖက်ဖို့စိတ်ကူးအပြည့်ရှိပြီးသားပါ သင့်ကိုရည်ရွယ်ထားပြီးသားပါနော်.သင်တို့ကြား အကြီးအကဲ မိတိဆွေ ဆရာသမားတွေရဲ့ အကူအညီအထောက်ပံ့လေးတွေကြောင့် ပိုပြီး အဆင်ပြေပျော်ရွှင်ရတာမျိုးလေးတွေရှိတတ်ပါတယ်.သူက သင့်ရဲ့အဆိုးအကောင်းတွေ သင့်နဲ့သူရဲ့ ရှေ့ခရီးအတွက် ချင့်ချိန် ချိန်ဆမှုတွေကို အတွေးထဲ အမြဲရှိနေတတ်ပြီး ဘယ်သူနဲ့ပဲယှဉ်ရွေးရ ရွေးရ
သင့်ကိုပဲရွေးချယ်ပါလိမ့်မယ်နော် .


Pile 3
သင်တို့ရဲ့ ပေါင်းစည်းခြင်းကံတရားအခြေအနေက သင်တို့နှစ်ယောက်အပေါ်ပဲတိုက်ရိုက်အချိုးကျနေပါတယ်နော်.သင်တို့ကြိုးစားရင်ကြိုးစားသလောက် အရာထင်လာမယ့်သဘောပေါ့.သင်တို့ကြား ညှိုနှိုင်းစရာတွေ နားလည်မှုတွေသူ့ဘက်ကိုယ့်ဘက် ဖြည့်တွေးပေးတတ်မှူတခြားသော တစုံတရာနဲ့ နှိူင်းယှဉ်မှု ရွေးချယ်မှူတွေကို အကောင်းဆုံးလုပ်ဆောင်မယ်ဆိုရင်အောင်မြင်မှု ရလဒ်ကို သင်တို့ခံစားရမှာပါ.ဒီအဆင့်ကိုကျော်ဖြတ်နိုင်ရုံနဲ့လဲ မပြီးသေးပါဘူး.သင်တို့က ကြိုးစားရုန်းကန်မှုတွေကြားကအောင်မြင်မယ့်ကံတရားမို့ စိတ်ပင်ပန်းစရာ
စိတ်ထိခိုက်စရာ တာဝန် ဝတ္တရားတွေကိုလဲအပြန်အလှန်ဖေးမပြီး ရင်ဆိုင်ကျော်ဖြတ်ဖို့လဲလိုအပ်ပါတယ်. သင်တို့ကိုမနာလိုသူကို လျစ်လျူရှူပြီး အခက်အခဲတွေကို မိတ်ဆွေကောင်းတွေဆီက အကြံဉာဏ်ရယူရင်း အချင်းချင်း လက်တွဲမဖြုတ် ရှေ့ဆက်သွားပါနော်.သင်တို့ ပျော်ရွှင်မှုလေးတွေရလာပါလိမ့်မယ်.