မင်းအကြောက်ဆုံးအရာက ဘာဖြစ်မလဲ




Pile 1
ဒီလူတွေက ကိုယ်သဘောကျမြတ်နိုးတဲ့အရာတစ်ခုကို လူယူခံရမှာအကြောက်ဆုံးပါပဲတဲ့။ စွဲလမ်းစိတ်ကြီးတဲ့သူတွေဖြစ်ကြလိမ့်မယ်။ တစ်ခုခုဟာ ကိုယ့်အပိုင်မဖြစ်ရရင် ဘယ်သူမှလည်းမပိုင်စေရဘူးဆိုပြီး တွေးတတ်ကြတာမျိုးရှိပါတယ်။

ပြီးရင်လည်း ကိုယ့်ရဲ့ လွတ်လပ်ခွင့် လုပ်ပိုင်ခွင့်တွေကို အရမ်းတန်ဖိုးထားတဲ့သူတွေဖြစ်တယ်။ ကိုယ်ကထိန်းချုပ်ခံရမှာကိုမကြိုက်ကြဘူး။ ကိုယ့်ရဲ့အားနည်းချက်ကိုလည်း ထုတ်မပြရဲကြဘူး။ သူများတွေသိသွားမှာကိုလည်း မလိုချင်ပါဘူး။ ကိုယ်တိုင်ကသာ တခြားအရာတွေအပေါ် ထိန်းချုပ်နိုင်တာ လုပ်ပိုင်နိုင်ခွင့်ရှိတာမျိုးကို လိုချင်ကြတယ်။

တစ်ခါတစ်လေ ကိုယ်သဘောကျတဲ့အရာနဲ့ပက်သက်ရင် Aggressive ဆန်တတ်တယ်။ လိုချင်တာကိုရမှာကျေနပ်တယ်။ ကိုယ်ရထားပြီး ပိုင်ဆိုင်ထားပြီးအရာကို သူများလုယူသွားမှာ ဒါမှမဟုတ် ကိုယ်လိုချင်နေတဲ့အရာကို ကိုယ်မရလိုက်ဘဲ သူများက ပိုင်ဆိုင်သွားမှာကို အကြောက်ဆုံးဖြစ်ပါတယ်။

ဒီလူတွေက ကိုယ့်ရဲ့ Dark Side အပေါ် အပြစ်ရှိသလိုခံစားကြရပေမဲ့ မတတ်နိုင်ပါဘူးတဲ့။ ပိုင်ဆိုင်လိုစိတ်များပြီး အစွဲအလမ်းကြီး ခေါင်းမာတတ်ကြတဲ့သူလေးတွေပါပဲ။


Pile 2

ဒီ Pile ကို ရွေးချယ်သူတွေကတော့ ကိုယ့်ရဲ့ ရှုံးနိမ့်မှုကို ကိုယ်အကြောက်ဆုံးပါပဲတဲ့။ အရာရာကို ပြစ်ချက်မရှိ ဖြစ်ချင်လွန်းတဲ့ Pile 2 လေးတွေက တစ်စုံတစ်ခုမှားယွင်းသွားမှာကို မလိုချင်ကြဆုံးပါပဲ။ လက်လျှော့အရှုံးပေးတယ်ဆိုတာ ငါ့ရာဇဝင်မှာမရှိဘူးဆိုပြီး ခံယူထားကြသူတွေပေါ့။

ဘယ်အရာကိုဖြစ်ဖြစ် လုပ်ရဲကိုင်ရဲစိတ်ရှိကြတယ်။ ဖြစ်ချင်တာရှိရင် ကမ္ဘာပျက်နေပါစေ ရအောင် ကြိုးစားလုပ်ကိုင်တတ်ကြတယ်။ မင်းမလုပ်နိုင်ပါဘူးလို့ပြောလေ ပိုလုပ်ပြတတ်လေပေါ့။ မခံချင်စိတ်များတယ်လို့ ဆိုနိုင်ပါတယ်။

လုပ်သမျှအရာကိုလည်း သာမန်ကာလျှံကာအဆင့်မဟုတ်ဘဲ Perfectဖြစ်ပြီး ထူးခြားနေမှ ကိုယ့်ကိုယ်ကိုယ်ကျေနပ်ကြတယ်။ အကောင်းဆုံးတွေ ရအောင်ယူချင်တယ်ဆိုတဲ့ ရည်မှန်းချက်ကြီးတဲ့သူတွေဖြစ်တယ်။

အဲ့လိုတွေကြောင့်ပဲ ဒီ Pile ကိုရွေးချယ်သူတွေရဲ့ အကြောက်ဆုံးအရာကတော့ ရှုံးနိမ့်မှုပါပဲ။ လက်လျှော့ရတာ အရှုံးပေးရတာ မတတ်နိုင်တော့တာဆိုတာတွေက အတော်လေးကို ခံရခက်ပြီး ကိုယ့်ကိုယ်ကိုယ်ပါ ပျောက်ဆုံးသွားတတ်ကြတယ်။ အမှားသေးသေးလေးတောင် အဖြစ်မခံချင်တဲ့ ထောင့်စေ့သူတွေဆိုလည်းမမှားဘူးပေါ့။ အဲ့တာကြောင့် အမှားတစ်ခုလုပ်မိတာနဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအပေါ် အရမ်းအပြစ်တင်တတ်တဲ့သူလေးတွေဖြစ်ပါတယ်။


Pile 3

ဒီလူတွေကတော့ ဘဝကြီးကို လုပ်ချင်တာတွေမလုပ်လိုက်ရပဲ သေဆုံးသွားရမှာကို အကြောက်ဆုံးဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်မဖော်ရသေးဘဲ ဘဝကြီးကုန်ဆုံးသွားရမှာကို မလိုချင်ကြဆုံးဖြစ်ပါတယ်။

စိတ်ကူးအိပ်မက်လို့ဆိုရင် ရည်မှန်းချက်အကြီးကြီးတွေကိုပဲ ဆိုလိုတာတော့မဟုတ်ပါဘူး။ အေးအေးချမ်းချမ်း ဘဝကိုဖြတ်သန်းချင်တာဖြစ်ဖြစ်၊ ငါဒီဘဝမှာ ဒီနေရာကိုတော့ရောက်ဖူးသွားချင်တဲ့ဆိုတဲ့ ဆန္ဒကိုဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်ကတော့ စိတ်ကူးအိမ်မက်ခြင်းမတူပါဘူး။

အဲ့လိုကိုယ့်ဘဝအတွက် စိတ်ကူးထားတဲ့အရာတွေကို မလုပ်ဆောင်လိုက်ရပဲ ကုန်ဆုံးသွားမှာက ဘဝမှာ ရှင်သန်ရတာမတန်ဘူးလို့ ခံယူထားကြသူတွေဖြစ်ပါလိမ့်မယ်။ ဒီလူတွေက သူများတွေအမြင်အရ အရမ်းကြိုးစားတယ်ဆိုတဲ့ပုံစံတော့မပေါက်လှပေမဲ့ အရည်အချင်းရှိတယ် လုပ်နိုင်တဲ့သူမျိုးဆိုတဲ့ ပုံစံမျိုးတော့ ထင်မြင်ခံကြပါတယ်။

တကယ်လည်းလုပ်နိုင်စွမ်းရှိကြပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘဝကြီးကို အဓိပ္ပာယ်ရှိရှိရှင်သန်ချင်တဲ့သူတွေပါပဲ။ အဲ့တာကြောင့်ပဲ ဒီလူတွေက စိတ်ကူးတွေအကောင်အထည်မဖော်ရဘဲ သူတို့ဘဝအဆုံးသတ်သွားမှာကို အကြောက်ဆုံးပါတဲ့။

Comments