ကိုယ့်ရဲ့ရင်ထဲက လူနှစ်ယောက်ကိုတွေးပြီးရွေးပါ



pile 1
Pile 1လေးတွေရဲ့တစ်ဖက်လူက အမြဲစဥ်းစားဆင်​ခြင်တတ်တဲ့လူတစ်ယောက်ဖြစ်တယ် သူက လုပ်သင့်တာနဲ့ မလုပ်သင့်တာကိုအမြဲ တွက်တတ်တဲ့သူတစ်ယောက်ဖြစ်တယ် အဲ့လို ချိန်ဆမှုတွေက သူ့ရဲ့တစ်ချို့အရာတွေကို
နှောင့်နှေးစေတယ် သူက မိမိနဲ့ပတ်သတ်ပြီး အခုချိန်မှာ နာကျင်နေတာ အရင်ကအတိတ်ဒဏ်ရာတွေ မိမိကြောင့်ရခဲ့တဲ့ စိတ်ညစ်စရာတွေကိုပြန်တွေးမိနေပြီး အရမ်းစိတ်ညစ်နေတာ စိတ်ဓာတ်ကျနေတာတွေ့ရတယ်
သူက မိမိကိုဆုံးရှူံးရမှာကြောက်သလို အရမ်းလဲ ကြိုးစားကာ မနိုင်၀န်ထမ်းနေတာမျိုးတွေတွေ့ရတယ် မိမိနဲ့ပတ်သတ်လာရင် သူကပဲ ကြိုးစားချင်တဲ့စိတ် အားလုံးလုပ်ပေးချင်တဲ့စိတ်တွေ သူ့ဘာသာသူပြိုလဲရင်တောင် ကိုယ့်အတွက်နဲ့ ပြိုလဲပါစေဆိုပြီးကြိုးစားပေးတတ်တဲ့လူမျိူးပါ

ဒုတိယလူက သူက ကိုယ်နဲ့ပတ်သတ်လာရင် လောဘနည်းနည်းကြီးတယ်ကိုယ်က ၁ခုပေးရင် ၂ခုလိုချင်တဲ့လူမျိုးလို့တွေ့ရတယ် အချစ်ခံချင် ဂရုစိုက်ခံချင်တဲ့ လူလေးပါ သူက ကိုယ်နဲ့ဆို မိသားစုလို လုံခြုံတယ်လို့တွေးနေပြီး သူကပေးရတာထက် ကိုယ့်ဆီက အချစ်တွေ ဂရုစိုက်မှုတွေကို လိုချင်မြတ်နိုးတဲ့သူလေးပါ သူလေးနဲ့ အတူနေရမယ်ဆို မင်းအတွက်အကုန်ပြီးပြည့်စုံပြီးအေးချမ်းလိမ့်မယ် ဒါပေမဲ့တစ်ဖက်လူရဲ့ စရိုက်ကြောင့် မင်းအထီးကျန်တာမျိုးလေးတွေခံစားရလိမ့်မယ် တစ်ဖက်လူက အနေအေးတာမျိူး ချစ်တာကိုမဖော်ပြတာမျိုး energyလေးတွေရတယ်


pile 2
Pile 2လေးတွေရဲ့တစ်ဖက်လူက ကိုယ်နဲ့ balance ညီတယ် အပေးအယူမျှတယ် အတိုင်အဖောက်ညီတယ် တစ်ဖက်ကလဲ long term သွားဖို့ရည်ရွယ်ထားတာတွေ့ရတယ် ဒီခရီးလမ်းမှာ ဘာတွေ ဘယ်လိုအခက်အခဲတွေပဲရှိနေပါစေ သူ့ရဲ့ ရင်ထဲမှာ အနာဂါတ်ကိုကြိုတွေးပြီး စိတ်ကူးယဥ်နေတာ ပုံဖော်နေတာ မျိုး ကြိုးစားနေတာမျိုး တွေ့ရတယ် သူ့ဘက်က ရအောင်လုပ်မယ်ဆိုပြီး ကြိုးစားမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားတာတွေ့ရတယ်
ဒါပေမဲ့တစ်ခါတစ်လေ အတိတ်ကိုသတိရတာမျိုး နာကျင်စရာတွေတွေးနေတာမျိုး ဖြစ်ရောဖြစ်ပေါ့မလားဆိုတဲ့အတွေးတွေ ၀င်နေတတ်ပါတယ်

pile 2လေးတွေရဲ့နောက်တစ်ဖက်လူကတော့ အခုလက်ရှိဖြစ်စေ မကြာသေးမီကဖြစ်စေ ပြသာနာရုတ်တစ်ရပ်ဖြစ်ထားတာ မထင်မှတ်ထားပဲ ပြသာနာတတ်ထားတာတွေ့ရတယ် တစ်ဖက်လူက social ကောင်းပြီး ဖော်ရွေ ရင့်ကျက်တဲ့ type ကြင်နာတတ်တဲ့ type မျိုးတွေ့ရတယ် သူက ကိုယ်နဲ့ပတ်သတ်ပြီး မေတ္တာ လဲထားသလို့ ကိုယ့်ကို တန်ဖိုးလဲထားတယ် ဒါပေမဲ့သူကတစ်ခုကိုတစ်ခုဆိုသလို စည်းထားတဲ့လူမျိုးဖြစ်တယ် သူကအမှန်တရားကိုချစ်မြတ်နိုးတဲ့အတွက် မိမိရဲ့အမှားက ခွင့်လွတ်သင့်တယ်ဆို ခွင့်လွတ်ပေးပြီးခွင့်လွတ်လို့်မရဘူးဆို တစ်ဖက်လူက သူနာကျင်ရင်တောင်စွန့်ပစ်လိုက်မှာပါ


pile 3
Pile 3 လေးတွေရဲ့တစ်ဖက်လူက pile 3လေးတွေအတွက် လမ်းပြကြယ်ပါပဲ pile 3လေးတွေဘာလုပ်ချင်လဲ သူက ကူညီပေးမယ် လမ်းပြပေးမယ် pile 3လေးတွေအတွက် ကောင်းကျိုးဆိုးကျိုးမှန်သမျှကို ကူညီဖော်ဆောင်ပေးတဲ့သူ pile 3လေးတွေကို အရမ်းကောင်းစေချင်တဲ့သူ အောင်မြင်စေချင်တဲ့သူလေးပါ ဒါပေမဲ့သူက ကူညီပေးမှာသာဖြစ်ပြီး ကြိုးစားရမှာpile 3လေးတွေ ကိုယ်တိုင်ဖြစ်ကြောင်း သင်ကြားပေးတဲ့သူလေးပါ Pile 3လေးတွေကိုချစ်လဲချစ်အောင်မြင်စေချင်တဲ့သူလေးပေါ့

pile 3လေးတွေရဲ့နောက်လူက အရင်က ချစ်ရသူex ဒါမှမဟုတ်သူငယ်ချင်းတွေကြောင့် နာကျင်ခံစားနေရတဲ့ သူလေးပါ သူမှာဒဏ်ရာတွေရှိနေပြီး ကိုယ်နဲ့မှပြန်အဆင်ပြေတာမျိုးလေးပေါ့ သူက ကိုယ်နဲ့ ဒီဆက်ဆံရေးကို သေချာသတိလေးထားစောင့်ကြည့်ပြီးပုံဖော်နေတာတွေ့ရတယ် ဒီဆက်ဆံရေးမှာတစ်ဖက်လူက အများကြီးမျှော်လင့်ထားတာတွေ့ရတယ်ဒုတိယလူလေးနဲ့ long term သွားဖို့ဆို ကိုယ်ကစိတ်ရှည်ပေးဖို့တော့လိုလိမ့်မယ်


Comments