ဒီလအတွက်ကြုံ့ဖြတ်ကျော်ရမဲ့ အခြေအနေနဲ့ သင်ခန်းစာ




pile 1
Pile 1လေးတွေက ဒီလထဲမှာ လွှတ်ချသင့်တာလွှတ်ချဖိုနဲ့ အတိတ်ကစွဲထင်ခဲ့တဲ့အရာတွေ ကိုယ်တန်ဖိုးထားခဲ့ရတဲ့အရာတွေက ကိုယ်ရဲ့ စိတ်နှလုံးသားထဲမှာ စွဲထင်နေလေတယ် တစ်ခါတစ်လေ ကိုယ်တစ်ယောက်ထဲပိတ်မိကာအရင်အချိန်ဟောင်းလေးတွေကို ပြန်တွေးကာ ပိတ်မိနေလေတတ်တယ်ဒီလထဲမှာ အဓိက ကိုယ်အတွက်ခက်ခဲမယ်ဆိုတဲ့အရာ နှစ်ခု ရွေးချယ်ရတဲ့အချိန်မျိုးကြုံတွေ့ရမယ်နှစ်ခုလုံးကိုရွေးချယ်ချင်ပေမဲ့ တစ်ခုကို မျက်လုံးမှိတ်ရွေးချယ်ရမဲ့ အချိန်တွေကြုံတွေ့ရလိမ်မယ် အဲ့အရာကြောင့်ပဲ စိတ်တွေပင်ပန်းကာ လမ်းမှန်ကိုမမြင်ပဲအမှားတွေ တိုးလုပ်မိလိမ့်မယ်ဒါကြောင့် ဒီမှာ သတိပေးချင်တာက ဒီလထဲမှာ သေချာလေး ပြန်လည်သုံးသပ်ပါ ဘယ်အရာက ကိုယ်အတွက်အမှန်လဲ ကောင်းမွန်တာလဲ ဆိုတာသေချာ ဆုံးဖြတ်ချက်ချပါ
မလိုအပ်တဲ့အရာတွေကို Letting go လုပ်ပစ်ပါစက်၀ိုင်းငယ်ထဲမှာပဲ ပိတ်မိနေတာကိုရအောင်ထွက်ဖို့ပါ


pile 2
Pile 2လေးတွေက ဒီလအစမှာ ဒီလထဲမှာ အရမ်း active ဖြစ်နေပြီး အရမ်းလုပ်ချင်တာတွေ ဖြစ်ချင်တာတွေများနေလိမ့်မယ်စိတ်ကလဲအရင်ကထက်ပိုပြီးပြင်းထန်တာမျိုး တစ်ခုခုဆို အရမ်းလိုတာထက်ပိုပြီးတုန့်ပြန်မိတာမျိုး powerful ဖြစ်နေတာမျိုးတွေ့ရတယ်Pile 2လေးတွေက ဒီလထဲမှာ တစ်ပြိုင်ထဲ ၃ ၄ ခုလောက် လုပ်ချင်တာစီစဥ်ထားတာမျိုးတွေ့ရတယ် အဲ့အလုပ်တွေကို ကိုယ်ရဲ့ရင်းနှီးသူ သူငယ်ချင်း မိတ်ဆွေ ရည်းစားဖြစ်စေ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ ကိုယ်ယုံကြည့်ရတဲ့သူကိုကိုယ်က တိုင်ပင်ကာ လုပ်ဆောင်ဖို့ဖြစ်လာလိမ့်မယ် တစ်ချို့ဆို လုပ်တောင်လုပ်နေတာမျိုးရှိကောင်းရှိလိမ့်မယ်အစပိုင်းမှာအဆင်ပြေပေမဲ့ နောက်ပိုင်းမှာ တစ်ဖက်လူက ကိုယ့်အကြံတွေကိုယ့် ရဲ့လုပ်ပိုင်ခွင့်တွေအရယူကာ နောက်ကျော ဓားထိုးခံရ သစ္စာဖောက်ခံရတာမျိုးကြုံတွေ့ရမယ်ဒါကြောင့်ဒီလထဲမှာ pile 2လေးတွေအတွက် အလင်းအမှောင်ခွဲခြားပေးမဲ့ကာလဖြစ်လိမ့်မယ်


pile 3
Pile 3လေးတွေက အရင်လတွေမှာ ကိုယ်ရဲ့ပုံစံအတိုင်းကြိုးစားပြီးအဆင်ပြေလာခဲ့သလောက် ဒီလထဲမှာ ကိုယ်ကြိုးစားလေပိုဝေးလေဆိုတဲ့ဟာမျိုး ကိုယ်ဖြစ်ချင်တဲ့အရာတွေဖြစ်မလာတာမျိုးကြုံတွေရပြီးဘေးပတ်၀န်းကျင်ကိုဂရုစိုက်ကာ ၀မ်းနည်းနေမဲ့ကာလမျိုးဖြစ်တယ်ကိစ္စတွေကို ဒီလထဲမှာ လိုတာထက်ပိုပြီးစဥ်းစားတာ မလုပ်ရဲမကိုင်ရဲတာမလုပ်ချင်မကိုင်ချင်တာမျိုးတွေကြုံရမယ်စိတ်အခြေအနေတွေက မမှန်ပဲ ကောင်းလိုက်ဆိုးလိုက်နဲ့ ဗျာများနေမယ်ဒီကာလမှာ ပတ်၀န်းကျင်ကိုဂရုစိုက်ပြီး စိတ်ဓာတ်တွေကျဆင်းကာ
တစ်ယောက်ထဲအထီးကျန်ရတဲ့အချိန်ကိုဖြတ်ကျော်ရမယ်ဒီလထဲမှာ သတိထားရမှာက ပတ်၀န်းကျင်ကို လိုတာထက်ပိုပြီးဂရုမစိုက်ပဲကိုယ့်ရဲ့လုပ်ငန်းစဥ်အတိုင်းသွားပြီးလုပ်ဆောင်ပါလူတွေကို အရမ်းကြည့်တာမျိုး ဂရုစိုက်တာမျိုးပြင်ဖို့ မှာချင်ပါတယ်




Comments