ပူလောင်စိတ်ညစ်နေတဲ့သူလေးတွေအတွက် သတိပေးစကားတစ်ချို့

ပူလောင်စိတ်ညစ်နေတဲ့သူလေးတွေအတွက် သတိပေးစကားတစ်ချို့



Pile 1
ဝေ၀ါးနေပြီးစိတ်တွေက အခုချိန်မှာ ပြန်ပြီးဖယ်ရှားဖို့အချိန်ရောက်ပြီမသန့်စင်ဘူး မကောင်းဘူးဆိုတဲ့အရာတွေကိုဆေးကြောဖယ်ရှားပစ်ပါသည်ပူလောင်မှုတွေကြားမှာနစ်မွန်းနေရင်မင်းအတွက်လမ်းဆိုတာရှိမှာမဟုတ်သလို မုန်တိုင်းထဲမှာ ပြိုလဲတော့မဲ့လှေငယ်တစ်ခုလိုပဲ လှိုင်းလုံးပိပြီး ပျက်စီးသွားဖို့ပဲရှိတယ် ဒါကြောင့်ခံစားနေရတာတွေ တော်သင့်ပြီ နိုးထဖို့လဲအချိန်ရောက်ပြီ အကုန်ဆေးကြော လွှတ်ချပစ်ပြီး အခန်းပြင်ဘက်ကိုကြည့်လိုက်ပါစိတ်သစ်လူသစ်နဲ့ကမ္ဘာကြီးကိုပြုံးပြလိုက်ပါအသစ်စတင်ဖို့မကြောက်ပါနဲ့ အသစ်တွေက အမြဲရင်ခုန်စရာကောင်းပြီးကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေဆိုတာသတိရပါနေထွက်ချိန်မှာနွေးထွေးတဲ့နေရောင်ခြည်က မင်းအတွက် ခရီးအစပဲဒါကြောင့်လွှတ်ချသင့်တာလွှတ်ချပြီး အသစ်တွေကိုကြိုဆိုလိုက်ပါ


pile 2
ဆုံးဖြတ်ချက်တွေက ကိုယ့်အတွက်ခက်ခဲစေတယ်ပူလောင်စေတယ်နာကျင်စေတယ်ဆိုပေမဲ့ လုပ်ကိုလုပ်ရမယ်မှတ်လား ဘယ်ဟာက ကိုယ့်အတွက်သင့်တော်ဆုံးလဲဆိုတာသေချာလေးတွေးပါ ရွေးချယ်မှုတွေအားလုံးကကိုယ့်အတွက်မထိခိုက်စေဖို့အရေးကြီးတယ်တစ်ခါတစ်လေ ဥာဏ်ပြေးရပြီး အားငယ်တတ်တဲ့ယုန်ဆိူတာကိုဖုန်းကွယ်ထားရမယ် ထက်မြတ်မှုတွေ ရဲရင့်မှုတွေက မင်းရဲ့ရင်ထဲမှာကိန်း၀ပ်နေတာကိုဖော်ထုတ်ရမယ် ဘယ်အရာပဲလုပ်လုပ် မင်းရဲ့မေတ္တာတရားတွေပျောက်မကွယ်ပါစေနဲ့အစောင့်အရှောက်တွေက မင်းကိုအမြဲကူညီပြီးစောင့်ကြည့်နေတာမလို့ဘာပဲလုပ်လုပ်သတ္တိရှိပြီး မင်းရဲလုပ်ပိုင်ခွင်တွေကိုဖော်ထုတ်လိုက်ပါ ထုတ်ပြလိုက်ပါတော့


pile 3
အရာရာကတိမ်စိုင်လိုပဲခနလေးအတွင်းမှာပြောင်းလဲနိုင်တယ်မင်းမျက်စိရှေ့တင်မှာပဲပြောင်းလဲသွားတာတွေရှိတယ် တစ်ခါတစ်လေ မင်းကိုယ်တိုင်ကပါပြောင်းလဲသင့်ရင်ပြောင်းလဲရမယ် နာကျင်စရာတွေကအတိတ်ဘ၀က Karmaကြောင့်လို့သဘောထားပြီး လွှတ်ချလိုက်ပါအဆိပ်ပြင်းတဲ့မြွေတွေနဲ့ဝေးဝေးကရှောင်တာပိုကောင်းတယ်မင်းအတွက်စိတ်မညစ်ရဘူးပေါ့ မကောင်းတာကိုမကောင်းမှန်းသိရင်ရှောင်လိုက် မကောင်းတတ်လို့အားနာလို့ဆိုပြီး ဇွတ်မြိုချမနေနဲ့ မင်းနာကျင်ရတာမင်းပဲသိမှာပါ ဒါကြောင့်ရှောင်သင့်ရင်ရှောင်လိုက်ပါ