ကိုယ့်ဆီလာနေတဲ့ ကံကောင်းခြင်း...

ကိုယ့်ဆီလာနေတဲ့ ကံကောင်းခြင်း...




Pile1: ကောင်းခြင်း၊ ဆိုးခြင်းဟာ တစ်လှည့်စီဝင်တတ်ပေမယ့် ကံကောင်းမှုဟာ 60% အထိရှိတတ်ပါတယ်။ စီးပွားရေး၊ အလုပ်၊ ငွေကြေးအဆင်ပြေရင် မေတ္တာရေးလေးမှာ အနည်းငယ် စိတ်ပင်ပန်းရတာမျိုး၊ နာကျင်စရာတွေကိုဖက်တွယ်မိတာမျိုးဖြစ်တတ်ပါတယ်။ အလုပ်၊ ငွေကြေးက အနည်းငယ် ညံ့နေရင် အချစ်ရေးက ကံပြန်ကောင်းလာတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်ဗျ။ 5လအတွင်းက ငွေဝင်သလောက်အထွက်ပြနေတာမျိုးရှိတတ်ပါတယ်။ တစ်ဖက်က ဝင်ရင် တစ်ဖက်က မိမိကြောင့်ဖြစ်စေ၊ မိသားစု၊ သူငယ်ချင်းကြောင့်ဖြစ်စေပြန်ထွက်သွားတာမျိုးရှိတတ်ပါတယ်ဗျ။ 5လအတွင်း Oversea သွားအလုပ်လုပ်သူများအနေနဲ့ လစာကောင်းခြင်း၊ မျှော်လင့်ထားသလိုဖြစ်ခြင်းမျိုးစတဲ့ကံကောင်းခြင်းမျိုးရရှိတတ်ပါတယ်နော်.


Pile2: ရှေ့လျှောက်ဟာ ကို့အတွက် ကောင်းသောအရာတွေဖြစ်ထွန်းမယ့်အချိန်ပါတယ်။ တောက်ပဖို့အချိန်ရောက်လာပြီမို့ အကောင်းဆုံးတောက်ပအတွက်မင်းကြိုးစားနေတာတွေကိုမရပ်လိုက်ပါနဲ့။ 5လအတွင်း ကို့အတွက် ပတ်ဝန်းကျင်၊အထက် လူကြီးများရဲ့ အသိအမှတ်ပြုခြင်းကိုခံရတတ်ပါတယ်။ အရင်က ဘယ်လောက်ပဲအဆင်မပြေဖြစ်ခဲ့ပါစေ ဒီ5လအတွင်းမှာတော့ပိုမိုကောင်းမွန်စွာအဆင်ပြေတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများအနေနဲ့ Cus အသစ်ရခြင်း၊ မိတ်ဟောင်းမိတ်သစ်တို့ရဲ့အားပေးမှုရရခြင်း၊ တိုးချဲ့ရခြင်းမျိုးနဲ့အတူ ငွေစုဆောင်းမိတတ်ပါတယ်ဗျ။ ပိုင်ဆိုင်ချင်သောအရာလေးတွေပိုင်ဆိုင်ရတတ်ပြီး ဝန်ထမ်းလုပ်ငန်းလုပ်ကိုင်သူများအနေနဲ့ လစာပိုရခြင်း၊ အခုအဆင့်ကနေပိုကောင်းတဲ့နေရာကိုရောက်ရှိခြင်းဆိုတဲ့ကံကောင်းခြင်းထီးလေးဟာ မင်းအပေါ်လာမိုးတော့မှာပါ။ အချစ်ရေးအပိုင်းမှာ ကို့အတွက်စန်းပွင့်ခြင်း၊လူချစ်လူခင် ပေါများခြင်းမျိုးတွေဖြစ်စေတတ်ပါတယ်ဗျ


Pile3: လုပ်သမျှ ဖြေးဖြေးချင်းဖြစ်ထွန်းခြင်း၊ရေခြား မြေခြားမှာ အလုပ်ကောင်းခြင်း၊ လစာကောင်းခြင်းမျိုးနဲ့အတူ အချစ်ရေးမှာ Single ဆိုရင် စန်းပွင့်တာမျိုး၊ ကိုယ့်ဆီလာကြိုက်တဲ့ မိန်းကလေး/ယောကျာ်းလေးဆီမှ အကူအညီအထောက်အပံ့ကောင်း၊ အကြံကောင်းများရရှိခြင်းမျိုးတွေပိုင်ဆိုင်ရတတ်ပါတယ်။ Relationship တွေအနေနဲ့က အမှတ်မထင် Break up သွားတာမျိုးကို လက်ဆောင်အဖြစ် ရတတ်ပါတယ်ဗျ။ အဆိုးအားထက် ကောင်းသောအခိုးအငွေ့ကများတာမို့ All the best guys..