သင်္ကြန်ကာလအပြီးမှာ မီတာခတွေ ဈေးတက်ဖွယ်ရှိကြောင်း သတင်းထွက်

သင်္ကြန်ကာလအပြီး ဘဏ္ဍာနှစ်အသစ်မှာ မီတာခတွေ ဈေးတက်ပါ့မယ်။ အိမ်သုံးမီတာခ မတက်ပဲ စီးပွားရေးနူန်းဖြင့်ကောက်ခံသော မီတာခများကိုပဲ တက်မလား။ အားလုံးတက်မလား မသိရသေးပါပု။ ဈေးတက်ပြီး LNG ဝယ်၊ မီးအပြည့်ပေးဖို့ စဉ်းစားထားလား မစဉ်းစားဘူးလားလဲ မသိပါဘူး။

လက်ရှိ မီတာခဝယ်ရင်း ဈေးက တယူနစ်ကို 0.05 Cent ထိရှိတာမို့ တဒေါ်လာ 3800 နဲ့တွက်ရင် တယူနစ်ကို ၁၉၀ ကျပ်ပေးဝယ်နေရတာမို့ တယူနစ်ကို ၃၅-၁၂၅ ကျပ်နဲ့ ရောင်းနေရတာ အရှုံးပေါ်နေပါတယ်။

စီးပွားရေးလုပ်ငန်းသုံးက တယူနစ်ကို ၁၂၅-၁၈၀ ကျပ်ဆိုတော့ ဒါလည်း ရှုံးနေတာပါပဲ။ စီးပွား ရေးလုပ်ငန်းရှင်အများစုက လာညှိတာတွေရှိပါတယ်။ တယူနစ် ဘယ်လောက်ဈေးပေးမယ်။ မီးအပြည့်ပေးပါဆိုပြီး ပြည်သူကို ဦးစားပေးရမှာမို့ မလုပ်ဆောင်ခဲ့ပါဘူး။

Generation အသစ်က System မာမာချာချာဖြစ်နိုင်တဲ့အထိ ကြီးကြီးမားမား မရှိပါပု။ သံတွဲနား ‌သဌေးချောင်းက ၁၁၁မဂ္ဂဝပ်ထွက်မှာဆိုတော့ မျှော်လင့်မိပေမဲ့ ရခိုင်စစ်ရေးအခြေအနေအရ ဝေးကြရဦးမှာပါ။

ရှမ်းမြောက်ဘက်က လျာထားတဲ့ စီမံကိန်းတွေကလည်း ပလုံစွပ်ဆို‌တော့ LNG ဝယ်ယူရေးကသာ လျှပ်စစ်လောကအတွက် အပြောင်းအလဲ ဖြစ်မှာပါ။

လျှပ်စစ်သောက ကင်းကြပါစေ။
ကေအက်စ် (ခွဲမှူး) crd ###