သင့်အပေါ်သက်ရောက်နေတဲ့အိမ်တွင်းရေးနဲ့စိတ်ဒဏ်ရာ




Pile1:ဒီထဲက ကလေးတွေကငယ်ဘဝမှာအမှန်တရားကိုလိုက်ရှာရင်းနဲ့ ငယ်ဘဝကုန်ဆုံးခဲ့ကြရတယ်...ဘယ်အရာကဒိလိုတွေဖြစ်စေတာလဲလို့တွေးရင်းနဲ့ပဲ ပျော်ရွှင်မှုတွေပျောက်ဆုံးကုန်ရတယ်၊
အိမ်တွင်းရေးပြဿနာနဲ့ မိဘတွေဖောက်ပြန်မှုတွေ၊
မောင်နှမတွေရဲ့ကလန်ကဆန်လုပ်ရပ်တွေကြောင့်
ရင်ဘတ်ထဲက အမာရွတ်လေးပါလာသူလေးတွေပေါ့

ဒါပေမယ့်သင်က‌ပြိုလဲမသွားပဲ ငါ့အလှည့်ကြရင်အကောင်းဆုံးလုပ်ပြမယ်ဆိုတဲ့စိတ်နဲ့
သူများကလေးတွေလိုမဟုတ်ပဲအရွယ်မရောက်မှာပဲ ဘဝသင်ခန်းစာအများကြိးရပြီး ရင့်ကျက်လာခဲ့သူဖြစ်ပါတယ်။

အိမ်တွင်းရေးအတိုက်ရှိပါတယ်
အနီးအနား မိတ်ဆွေ မနာလိုသူတွေနဲ့
အဆင်မပြေအောင်ချောက်ချမှုတွေရှိနေပါတယ်နော်

အခုအချိန်မှာသင်ဟာငယ်ဘဝစိတ်ဒဏ်ရာကိုအဆိုးဖက်ကိုမသွားပဲ သင့်လိုမခံရအောင်၊ အားမငယ်ရအောင် ဘဝကိုအရှုံးမပေးအောင် ပြန်‌လည်ဝေမျှ လမ်းပြပေးတတ်သူအဖြစ်ရပ်တည်နေပါတယ်၊
အကောင်းဆုံးတွေကိုတွေးတတ်ပြီး
အ‌ဆိုးဆုံးတွေအချိန်မရွေးလာတတ်ကြောင်းကို
အပေးအယူမျှတစွာ စဉ်းစားတွေးခေါ်ပြီးရပ်တည်နေပါတယ်နော်


Pile2: ဒီထဲက ကလေးတွေက ငယ်ဘဝမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တဲ့လမ်းကို မတွေဝေပဲလျှောက်ခဲ့ရသူတွေ၊
အရွယ်မရောက်ခင်မှာ တာဝန်တွေပြည့်နေရသူလေးတွေပါ
မိဘတွေရဲ့ပြိုင်ဆိုင်မှုတွေ ၊
ပတ်ဝန်းကျင်ရဲ့ ပြိုင်ဆိုင်မှု မနာလိုမှု သရော်မှုတွေအောက်မှာ အများအလိုကျ ကခဲ့ရတဲ့ရုပ်သေးရုပ်လေးတွေဖြစ်တယ်

အိမ်‌တွင်းရေးအတိုက်မရှိပေမယ့်ဘယ်တော့မှ လိုချင်တိုင်းမရတာတွေ အကျိုးအကြောင်းစီလျော်အောင်အမြဲနေရတာတွေရှိနေခဲ့ပါတယ်

အခုအချိန်မှာ ပုံသေအချိုးကျလာတဲ့အတိုင်း
ငါလုပ်မှဖြစ်မယ်ငါဦးဆောင်မှဖြစ်မယ်ဆိုတဲ့စိတ်လေးတွေနဲ့ လုပ်စရာရှိတာတွေတာဝန်တွေကိုခေါင်းခံရှင်းနေတဲ့ သွေးအေးအေးသမားလေးဖြစ်နေတတ်ပါတယ်၊ ငယ်ငယ်တုန်းကပျောက်ဆုံးခဲ့ရတဲ့အိပ်မက်ကလေးတွေကို ခုချိန်မှာပြန်အသက်သွင်းနေပြီး တစ်ချိန်မှာ အောင်မြင်အောင်ရပ်တည်ပြမယ်ဆိုတဲ့စိတ်ကလေးနဲ့ရှင်သန်နေပါတယ်နော်

Comments