သူကိုယ့်ကို မပြောဖြစ်တဲ့ ရင်ထဲကစကား

သူကိုယ့်ကို မပြောဖြစ်တဲ့ ရင်ထဲကစကား



1.. ကိုယ်အခုချိန်မှာ စိတ်တွေရှုပ်ထွေးနေတယ်။ တခြားသူတွေ မင်းအကြောင်းငါ့ကို မေးတဲ့အခါ ငါ့ဘက်က ဘာreaction လာမှာတော့မဟုတ်ဘူး။ ကိုယ်လိမ်ခဲ့မိတယ်။ ကိုယ်အခု ဘယ်လိုခံစားနေရလဲဆိုတာ မင်းကို ပြောပြချင်တယ်။ ကိုယ်မင်းကို တော်တော်လေး စွဲလမ်းနေပြီ။ 


2..ဒီချိန်မှာတော့ ကိုယ်တို့ တစ်ယောက်ကို‌တစ်ယောက် လွှတ်ထားဖို့ လိုအပ်နေသေးတယ်။ ကိုယ့်တို့ မရင့်ကျက်ကြဘူးလေ။အဲ့အတွက် ကိုယ့်ကို တစ်ရက်တော့ ခွင့်လွှတ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ စကားတွေ လွန်ခဲ့တာတွေအတွက် အဲ့တာတွေကို ကိုယ်ပြန်ရုတ်သိမ်းချင်တယ်။ အရာတော်တော်များများက မင်းကို သတိရစေတယ်လေ။ ကိုယ် မင်းအကြောင်းအိမ်မက်ပြီးတစ်ခါတလေ လန့်နိုးနေတယ်။ မင်းနဲ့ပတ်သတ်တဲ့ အဲ့နေ့ကအရာတွေကို ကိုယ်အခုထိ အသေးစိတ်ကအစမှတ်မိပါတယ်။


3..မင်းနဲ့ကိုယ်ကလေ မရင့်ကျက်ကြဘူးလေ။ဒါကြောင့် နှစ်ယောက်ကြား ပြဿာနာကနောက်ကဆတွေတက်ခဲ့ရတယ်။ ကိုယ်မင်းကိုလိမ်ခဲ့မိတယ်။ ကိုယ်အခုချိန်မှာ စိတ်ရှုပ်နေသေးတယ်။ကိုယ်မင်းနဲ့ အဆင်ပြေချင်ပါတယ်။ ကိုယ်အခုမှတော့ ကိုယ်တိုင်အဆင်မပြေသေးတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် ဒီတိုင်း ခနလောက်လွှတ်ထားလိုက်ကြမယ်လေနော်။