သဘာဝတရားထံမှ အမှာစကား"

 



Pile 1
Pile 1 ရွေးထားတဲ့ သူတွေ အတွက်ကတော့ အခုတလောမှာ လိုချင်တာရှိရင် (သို့) လိုအပ်တာမျိုး ရှိတယ်ဆိုရင် နည်းနည်းလေး အပင်ပန်းခံပြီး ကြိုးစားပါတဲ့။ အခက်ခဲလေးတွေ နည်းနည်းရှိနိုင်တယ် အသိမှတ်ပြု မခံရတာမျိုးလေး ငွေကြေးပိုင်း ခဏတာ ခက်ခဲမှုလေးတွေ ရှိတတ်တယ်တဲ့။ ဒါ့ကြောင့်မို့ အဆိုးလေးတွေ ခဏကြံကြံခံထားပါတဲ့။ ပျော်ရွင်မှု‌‌တွေ ချစ်ခြင်းတွေ လည်း ဘဝထဲကို ဝင်လာဖို့ ရှိနေလို့ အားတင်းထားပါလို့ ပြောထားပါတယ်။


Pile 2
Pile 2 ရွေးထားတဲ့ သူတွေ အတွက်ကတော့ အဓိကအားဖြင့် အချစ်ရေးပိုင်းမှာ ကြားလူစကားတွေ နားမထောင်ဖို့ ကိုယ့်ရဲ့ partnerအပေါ်မှာလည်း ယုံကြည်မှု ထားသင့်တဲ့ အချိန်မျိုးပါတဲ့။ နောက်တစ်ခုကကျ ကိုယ်လုပ်နေတဲ့ အလုပ်တွေ ရည်မှန်းချက်တွေမှာပေါ့နော် အခက်ခဲလေးတွေစိတ်ရှုပ်‌ထွေးတာ ယုံကြည်မှုအားနည်းတာလေးတွေ ကိုယ့်ကို ပြန်ဆွဲချတဲ့ သူမျိုးလေး တွေ ရှိတတ်တာကြောင့် ယိမ်းယိုင်မသွားဖို့ ကိုယ်သွားမယ့် လမ်းကြောင်းကို ဆက်မသွားနိုင်သေးရင်တောင် အလောတကြီး လက်မလျေုာ့ဖို့ ပြောထားပါတယ်။ နောက်တစ်ခု စိတ်တည်ငြိမ်ငြိမ်ထားပြီး လုပ်စရာရှိတာ ‌ဖြည်းဖြည်း မှန်မှန်လေးသာ လုပ်နေပါနော်။


Pile 3
Pile 3 ရွေးထားတဲ့ သူတွေ အတွက်ကတော့ လမ်းခရီး သွားရတာမျိုးလေးတွေ ရှိတတ်တယ်။ လုပ်စရာရှိတာလေးတွေက ကိုယ်ကျွမ်းကျင်မှု ရှိတဲ့ အရာ လုပ်နေကျအရာတွေ ဖြစ်တဲ့ အတွက် အဆင်ပြေသွားပါ့မယ်တဲ့။ ဒါပေမယ့် အသေးအမွှားလေးတွေ မှာ ဂရုမထားမိတာလေးတွေရှိတတ်လို့ စိတ်တည်ငြိမ် နှံ့စပ်ပါစေ‌တဲ့။ နောက်တစ်ခု တစ်ခုခု ဖြစ်နေတဲ့ ကိစ္စမျိုး ရှိတဲ့ အခါမှာ မကြာခင် အဆုံးသတ်သွားပြီးတော့ ပိုကောင်းလာလိမ့်မယ်။ ဒီအချိန်မှာ အနာဂါတ်တွက် plan ချထားတာမျိုးလေး ရှိတယ်ဆိုရင် သေချာလေး စဉ်းစားပြီး စလုပ်ဖို့ ကောင်းပါတယ်တဲ့။

Comments