မင်းရဲ့ငယ်ဘဝနဲ့ အခုလက်ရှိကြုံတွေ့နေရတဲ့အရာ

မင်းရဲ့ငယ်ဘဝနဲ့ အခုလက်ရှိကြုံတွေ့နေရတဲ့အရာ



1... သင်ဟာငယ်ဘဝမှာတုန်းက အခြေအနေပေါင်းစုံ၊လူပေါင်းစုံနဲ့ကြုံတွေ့ပြီးပြီ အရာရာကို unitကျအောင်နေထိုင်ပြောဆိုနိုင်တဲ့ကလေးဘဝမျိုးကိုဖြတ်သန်းခဲ့တယ်၊အရာရာစိတ်ညစ်စရာလို့မတွေးပဲ အခြေအနေတိုင်းဟာ ကောင်းဖို့ဖြစ်လာတာလို့တွေးရင်း ပျော်ရွှင်မှုလေးတွေကိုတန်ဖိုးထားရင်းဖြတ်ကျော်ခဲ့ပါတယ်အကောင်းမြင်တတ်တဲ့စိတ်ကြောင့်ပဲသူများတွေထက်စာရင်သင်ကနေရာကောင်း ရတတ်ပါတယ် မထင်မှတ်ထားတဲ့ကံကောင်းခြင်းတွေကသေးသေးလေးတွေကနေဝင်လာတတ်ပါတယ်တကယ့်ကိုအခက်အခဲကျရောက်ပြီလို့ဖြစ်လာရင်ပွတ်ကာသီကာလွတ်မြောက်မှုလေးတွေကမလွဲမသွေပါလာတတ်ပါတယ်ကံကောင်းတတ်တယ်ဆိုတာသိသိသာသာကံကောင်းတာမျိုးမပြပဲအခက်အခဲတွေအရင်ကျော်ဖြတ်ရင်းနဲ့မှ ဒုက္ခကလွတ်မြောက်တတ်ပါတယ်

အခုလက်ရှိမှာ အရမ်းကြီးမချမ်းသာနေပေမယ့်မိမိနဲ့ထိတွေ့ဆက်ဆံသမျှပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ မိဘနဲ့ ချစ်သူ၊ သူငယ်ချငိးတွေအပေါ်မှာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေအောင်လိုက်လျော‌ညီထွေဖြစ်အောင်ကြိုးစားနေပါတယ်ငယ်ဘဝနဲ့အခုဘဝက ချိတ်ဆက်မှုရှိပါတယ်ငယ်ငယ်က အရာရာကိုအကောင်းမြင်တဲ့စိတ်ကိုမွေးရင်းသည်းခံရင်းကြီးပြင်းလာတဲ့အလျောက်အခုလက်ရှိမှာ ကိုယ့်အနားမှာ တန်ပြန်သက်ရောက်ရတဲ့နွေးထွေးမှုလေးတွေပါပဲဖြတ်သန်းနေတဲ့ဘဝလေးတိုက်ဆိုင်ရဲ့လား


2.....သင်ကငယ်ဘဝမှာ အန္တ--ရာယ်တွေနဲ့ စိတ်--မ-လုံခြုံခြင်းတွေနဲ့ အခြေအနေအရပ်ရပ်က မတည်ငြိမ်မှုတွေနဲ့ကျော်ဖြတ်ခဲ့ရပါတယ်သင်မျှော်လင့်ခဲ့တဲ့အရာတွေကပဲ သင့်မျက်စိရှေ့မှာတင် ဆုံ--းရှုံ-းးလိုက်ရတာမကြာခဏဖြစ်ခဲ့ပြီးပါပြီကြားထဲမှာ ကျော်ဖြတ်ခဲ့ရခြင်းတွေကလည်းဘယ်လိုလူကြီးဖြစ်သွားမှန်းမသိလိုက်ပဲရည်ရွယ်ချက်ရှိပါရက် ဦးတည်ချက်တွေပျောက်ဆုံးရင်းရောက်မိရောက်ရာလမ်းတွေလျှောက်ရင်းနဲ့
အရာရာဟာ ညဖက်တွေဆို အတွေးတွေအပြည့်နဲ့ ရှေ့ဆက်ရင်း ဒီလိုနေ့ရက်တွေဆီရောက်လာခဲ့ပါတယ်

အခုလက်ရှိမှာ သင့်ရဲ့စွန့်--စားခန်းကအခုမှစမှာပါငယ်ငယ်ထဲကမက်ခဲ့တဲ့အိပ်မက်လေး၊လွတ်လပ်ခြင်းရဲ့အရသာနဲ့၊စွန့်စားခန်းတွေကအခုမှလာမှာပါသင်ကိုယ်တိုင်လည်းအခုကစပြိး လေးလံစေတဲ့အရာတွေကိုလွှတ်ချလိုက်ဖို့တွေးမိနေပါပြီ၊အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ခြေလှမ်းစနေတဲ့အချိန်ကောင်းလေးပါပဲ
ကလေးဘဝကမရခဲ့တဲ့အကောင်အထည်ဖော်ခွင့်မရခဲ့တဲ့အရာတွေကိုအခုလက်ရှိဘဝမှာပြန်ယူလိုက်ပါ
အရာရာသင့်လက်ထဲမှာမို့ ပြောင်းလဲချိန်တန်ပါပြီ
ဖြတ်သန်းနေတဲ့ဘဝလေးတိုက်ဆိုင်ရဲ့လား