မင်းအတွက် အကြံပေးစကား




Pile1:ဒီ လပိုင်း ကံဇာတာအခြေအနေက.....ရှုပ်ထွေးပွေလီတတ်တဲ့ ကိစ္စ၊ သူများပြဿနာ ခေါင်းခံဖြေရှင်းရမယ့် ကိစ္စ၊ ချေးငှားခြင်း ကိစ္စတွေမလုပ်ဖို့ အကြံပေးပါရစေ၊ဒီလက ကို့အတွက် အရင်ထက် 65% ကောင်းမွန်နေမယ့် အချိန်ဖြစ်ပါတယ်၊ ပေါင်းသင်းဆက်ဆံရေးမှာ ညံ့နေသော်လည်း အလုပ်နဲ့ငွေကြေးပိုင်း သိသိသာသာအဆင်ပြေမှုကိုခံစားရမယ့် ကာလပါ၊ ဒီလအတွင်း ဆုံးဖြတ်ချက်တစ်ချို့ မှား ယွင်းတတ်တာကြောင့် ဆုံးဖြတ်ချက်ချတဲ့အခါ ခေါင်းအေးအေးထားစဥ်းစားပြီး လုပ်ဆောင်ဖို့ အမှာစကားပါးလိုက်ပါရစေနော်.



Pile2:ငိုအားထက် ရီအားသန်ရမယ့် အချိန်လို့ပြောပါရစေ၊ ကို့ရဲ့ကိစ္စအဝဝ အစစအရာရာ အရင်ကထက် ပိုကောင်းမွန်လာတတ်ပြီး အညစ်အထေးမရှိ fresh ဖြစ်နေပါလိမ့်မယ်၊ ကို့အတွက် အရင်က ခက်ခဲတယ်ထင်တဲ့ ကိစ္စတွေ အဆင်ပြေချောမွေ့ လာတတ်တယ်၊ mental cancer ပေးမယ့်သူတွေလဲ ကို့အနားမှ ဝေးရာသို့ထွက်သွားပါလိမ့်မယ်၊ ဒီလက ကို့ရဲ့ အလုပ်၊ ငွေကြေး၊ ပညာရေးပိုင်းဆိုင်ရာတွေမှာ တစ်ထောင့်တစ်နေရာအထောက်အကူဖြစ်စေမယ့် monthလေးပဲ ဖြစ်ပါတယ်.



Pile3:ဒီကာလအတွင်း စိတ်ခံစားချက် ဦးစားပေးတာမျိုး၊ အတ္တကို ရှေ့တန်းတင်တာမျိုး လျှော့ဖို့အကြံပေးပါရစေ၊ ခံစားချက်ကိုဦးစားပေးမိရင် အမှားတွေနဲ့ ရင် ဆိုင်ရပါလိမ့်မယ်၊ ရည်ရွယ်ထားတဲ့ ကိစ္စ၊ လုပ်နေတဲ့အရာတွေအပေါ်သာ focus ဖို့ အမှာပါးချင်ပါတယ်နော်.....ရည်ရွယ်ထားတဲ့ကိစ္စတစ်ချို့ အကောင်အထည်ပေါ်တတ်ပြီး အလုပ်လျှောက်ထားသူများ အလုပ်ရနိုင်ပါတယ်၊ လက်ရှိအလုပ်ကနေ ပြောင်းရွေ့ဖို့ စဥ်းစားနေသူများလဲ အလုပ်ပြောင်းရွေ့လို့ရပါတယ်၊ ငွေကြေးနဲ့ပတ်သက်လို့ ငွေဝင်တတ်ပေမယ့် အကြောင်းတစ်ခုခုကြောင့် ငွေပြန်ထွက်မယ့် အချိန်ပါပဲ၊
မေတ္တာရေးနဲ့ပတ်သက်လို့ (၄)လပိုင်းအတွင်း နာကျင်ရတတ်တာမို့ မစဥ်းစားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဗျ.

Comments