အချစ်ရေးသီးသန့်🍀

အချစ်ရေးသီးသန့်🍀




Pile1:အချစ်ရေးမှာက မိန်းကလေးဆို စန်းပိတ်နေတတ်သည်။ယောက်ျားလေးဖြစ်ပါက ကိုယ်ကြိုက်နေတဲ့သူရှိပါသော်လည်း ဖွင့်မပြောတတ် မျိုသိပ်နေတတ်သည်။ အချစ်ဦးနှင့်လွဲရတတ်သည်။ ဤပုံကိုရွေးမိသောသူသည် နှလုံးသားထဲတစ်ယောက် ဦးနှောက်ထဲတွင်တစ်ယောက်ဖြစ်နေတတ်သည်။


Pile2:မိမိ၏ချစ်သူရည်းစားသည် အတွေးလွန်နေတတ်သည်။ အချစ်ကြီးသည်။ တစ်ယောက်ကိုတစ်ယောက်က စိုးမိုးထားသည့်သဘောရှိသည်။ အချစ်ကြီး၍ဒုက္ခရောက်တတ်သည် သတိပြုပါ။ လင်မယားဖြစ်ပါက သားသမီးရတနာ ရနိုင်သည့်ကာလ ဖြစ်သည်။


Pile3:ဤပုံကိုရွေးသူသည် အိမ်ထောင်ကြကိန်းရှိသည်။ မချစ်မနှစ်သက်သူနှစ်ဦးအတူနေထိုင်ရနိုင်သည်။ လက်ရှိရည်းစားကိုဖြတ်ချင်ပါသော်လည်း ဖြတ်မရဘဲဖြစ်နေတတ်သည်။ ကိုယ်ချစ်တဲ့သူက နှစ်ယောက်ဖြစ်နေပြီး ရွေးချယ်ရခက်နေတတ်သည်။ မိမိ၏ မိဘ သဘောမတူသူနဲ့ ချစ်ကြိုက်ရနိုင်သည်။