“ သင့်အချစ်ရေးအတွက် ပြုပြင်ပြောင်းလဲသင့်တာတွေ







Pile1:Singles
အချစ်ရေးမှာ ကံမကောင်းတဲ့လူတွေလို့ ပြောလို့ရပါတယ်။
Play ခံရလိုက် Cheat ခံရလိုက်နဲ့ ဒီကြားထဲ Mix signal ပေးတာတွေကိုလည်း အဟုတ်မှတ်ပြီး မျောမျော သွားကြတဲ့ လူတွေပါ။ ကိုယ့်ကိုယ်ကို ချစ်သလောက် တစ်ဖက်လူအပေါ်လည်း ချည်နှောင်မှု များတတ်တဲ့ အကျင့်လေးလည်း ရှိတတ်ပါတယ်။ အပျော်မကြံတတ်ဘဲ နှစ်ရက်လောက် စကားပြောရအဆင်ပြေရင် ဖိတ်စာရိုက်ချင်တဲ့ အဖွဲ့ပါ။ ကိုယ်ကသွားCrush ပြီဆိုရင် ဘယ်သူတွေက အဲ့ဒီလူမကောင်းပါဘူးပြောပြော နားထဲမဝင်တော့ပါဘူး…ဆက်ကြိုက်တာပါပဲ။
ဘာတွေပြင်ရမလဲဆိုရင်တော့ ကိုယ်က အချစ်ရေးမှာ ဘယ်လိုလူကိုပဲဖြစ်ဖြစ် ချစ်နိုင်တယ်လို့ ကြွေးကြော်နေပေမယ့် ကိုယ့်ရဲ့သတ်မှတ်ချက် စံချိန်စံနှုန်းတွေက အရမ်းမြင့်ပါတယ်။ ကိုယ့်အပေါ်နာကျင်အောင် လုပ်ရင် မခံနိုင်ဖြစ်ကြပေမယ့် ရွေးလိုက်တိုင်းလည်း ကိုယ့်ကိုဒဏ်ရာပေးတဲ့ လူတွေကိုမှ ရွေးမိတတ်ကြပါတယ်။ အတွေးလွန်တတ်တဲ့ အကျင့်နဲ့ Issues တွေများလွန်းတာကိုလည်း ပြင်ရပါမယ်။ ကိုယ့်ကိုယ်ကို အလိုမကျစိတ်မျိုး ဖြစ်တတ်တာကိုလည်း ပြင်ရပါမယ်။ ဥပမာ တစ်ယောက်ယောက်ကိုသွားသဘောကျပြီး ငါ့လိုရုပ်ကို သူကပြန်သဘောကျပါ့မလား သူနဲ့ငါနဲ့ အဆင်ပြေနိုင်ပါ့မလား ငါ့လိုလူကို ဘယ်သူက ကြာကြာသည်းခံပေးမှာလဲ စသဖြင့် လျှောက်တွေးတာမျိုးတွေ တတ်နိုင်သမျှ သတိထားပြီး ပြောင်းလဲကြည့်ပါ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို နှိုင်းယှဉ်ပြီး တွေးတတ်တာတွေလည်း ပြင်ရပါမယ်။ အတိတ်ကို စွဲလမ်းနေသေးရင်လည်း မေ့ပစ်ရပါမယ်။ Brain Thinking နဲ့ Fail သွားပြီး Love အဆင့် မတက်ဖြစ်တော့တာမျိုးတွေလည်း ပြင်ပါ။ ဒီလောက်ပဲ ပြောပါတော့မယ်။

Relationship

100% Healthy ဖြစ်လှတယ်တော့ မဟုတ်သေးပါဘူး။
ကြီးကြီးကျယ်ကျယ် မဟုတ်ပေမယ့် သင်တို့ မကြာခဏ ဆိုသလို စိတ်ဆိုး ရန်ဖြစ်လေ့ရှိကြပါတယ်။ ရန်ဖြစ်နေတုန်းဆိုရင် ကြမ်းကြမ်းတမ်းတမ်းတွေ ပြောဆိုတတ်ပြီး ပြန်တည့်သွားရင်လည်း လေပြေသွေးတတ်ကြပါတယ်။ တချို့ကတော့ အခုမှ Reunion ဖြစ်ထားတာမျိုးပါ။ တချို့ကတော့ အသက်အရွယ်ကွာခြားမှု ရှိနေတာမျိုး တွေ့ပါတယ်။ ပုံစံချင်းမတူကြတာကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ခန့်မှန်းရတာက သင်တို့အတွက် အရေးကြီးတဲ့ လုပ်ဆောင်ချက်ပါပဲ။ တစ်ခါတစ်ရံမှာ Ex တွေနဲ့ ပက်သက်ပြီး ရန်ဖြစ်ကြတာတွေ စကားနာထိုးတာတွေရှိတတ်ရင်လည်း ကိုယ်ကသည်းခံသင့်တာ သည်းခံပေးလိုက်ပါ။ ရေလိုက်ငါးလိုက် သွားတတ်ဖို့လိုပါတယ်။ Run ပဲRun နေရင်လည်း မဖြစ်သလို လိုက်ပဲ Chase နေလို့လည်း မရတဲ့ ဆက်ဆံရေးမျိုးပါ။ Zodiac sign တွေအရ Opposite ဖြစ်နေရင်လည်း သိပ်Serious မဖြစ်ပါနဲ့။ သင်တို့ရဲ့ အတိတ်ကို ကောင်းကောင်း သင်ယူပြီး လက်ရှိနဲ့ အနာဂတ်ကို သေချာ ပြင်ဆင်နိုင်ပါမယ်လို့ တွေ့ပါတယ်။ ရန်ဖြစ်ပြဿနာတက်ရင်လည်း အရင်က အကြောင်းအရာတွေကို ပြန်တူးဆွပြီး ဆွဲထည့်တာမျိုးတွေ ရှောင်ရပါမယ်။ သူကအဲ့လိုလုပ်တယ်ဆိုရင်လည်း ပိုပြီး နွေးထွေးပေးပါ။ သဝန်တိုတတ်တဲ့ စိတ်နဲ့ ဦးစားပေးခံချင်တာ သို့မဟုတ် ကိုယ့်ကိုယ်ကို ပိုဦးစားပေးချင်တာတွေကိုလည်း ဆင်ခြင်ရပါမယ်။ မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး တစ်ဖက်လူအပေါ် အနိုင်ယူတာတွေကိုလည်း ထိန်းရပါမယ်။ စကားမပြောခင် ရှေ့နောက်စဉ်းစားတတ်တဲ့ အကျင့်လေးမွေးမြူပါ။ ရှင်းပြရင်း ပြဿနာတောထဲ ပိုလည်သွားတာမျိုးတွေလည်း မဖြစ်ပါစေနဲ့။ သူကတော့ သင်နဲ့လမ်းမခွဲချင်ပါဘူး။ ဒါကြောင့် သင့်မှာလည်း အဲ့လို စိတ်ကူးရှိရင် သေချာ ထိန်းသိမ်းသွားပါ။


Pile2:

Singles

ထူးတော့ထူးဆန်းတယ်နော်။ ချစ်လည်းချစ်ချင် ချစ်ရမှာလည်းကြောက်၊ ရည်းစားလည်းလိုချင် ရည်းစားရသွားမှာလည်းကြောက် ဆိုတဲ့လူတွေပဲ။ တချို့ကတော့ ရေမရောတဲ့ Singles မဟုတ်ပါဘူး။ Situationship တွေ၊ Flirt stages တွေအများကြီး ရှိနေကြတယ်။ တချို့ကတော့ Just dating ဆိုတာမျိုးတွေ။ ဒါပေမယ့် သင်တို့မှာ Truama တွေနဲ့ Philophobia ဖြစ်နေဆဲပါပဲ။ သံသယတွေကလည်း အမြဲရှိနေတတ်ပါတယ်။ ပတ်ဝန်းကျင်က အတွဲတွေ အဆင်မပြေတာ၊ Toxic ဖြစ်တာတွေကိုမြင်ပြီး ငါသာ အဲ့ဒီလိုဖြစ်ရင်ရောဆိုတဲ့ ကြောက်စိတ်တွေလည်း အမြဲလိုလို ရှိနေတတ်ပါသေးတယ်။ Healing period မှာ နေနေကြတုန်းပါ…Ready to love မဖြစ်သေးပါဘူး။ ဘာတွေပြင်ရမလဲဆိုရင်တော့ အယုံလွယ်လွန်းခြင်းနဲ့ နှစ်ဖက်မျှမတွေးတတ်ခြင်းကို အရင်ပြင်ရပါမယ်။ ဒုတိယတစ်ခုကတော့ စရွေးကတည်းက ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်နိုင်မယ့် လူကိုပဲ ရွေးချယ်ဖို့ပါ။ အဝတ်အစား၊ဖိနပ် တွေတောင် ကိုယ်နဲ့လိုက်ဖက်မှ ကြာကြာအသုံးပြုလို့ရတယ်မဟုတ်လား။
ဒါကြောင့် ကိုယ်နဲ့ Opposite section များလွန်းသူတွေကို စိတ်ထဲ အလေးခံပြီး မထည့်ထားပါနဲ့။ တခြားလူတွေ ဝင်မရတော့ရင် Single ဘဝက မကျွတ်ဘဲ နေပါလိမ့်မယ်။ immature ဖြစ်တာတွေ၊ sensitive ဖြစ်တာတွေ၊ Overthinking တွေ၊ ဘယ်သူက အတည်လဲဆိုရင် Both လို့ဖြစ်နေတဲ့စိတ်တွေ၊ Resistance မကောင်းတာတွေ၊ သူများကို ကိုယ့်အချစ်နဲ့မထိုက်တန်ဘူးလို့ ထင်တာတွေ ကိုယ်တိုင်လည်း အချစ်မခံရနိုင်ဘူးလို့ ထင်နေတာတွေ….အမလေး ပြင်စရာတွေချည်းပါပဲ။ အဲ့တာကြောင့် Ready to love ဖြစ်မနေသေးဘူးလို့ ပြောတာ။ ရည်းစားထားမယ်လို့ဆုံးဖြတ် ပြီးပြီ ဆိုရင်လည်း သူငယ်ချင်းတွေကိုတော့ တိုင်ပင်ပါ။ လုပ်ချင်ရာတွေမလုပ်ပါနဲ့။ လောဘကြီးကြီး အချစ်ခံချင် ပြီး လောဘကြီးကြီး ပြန်ချစ်ပေးတာတွေလည်း ပြင်ရပါဦးမယ်။ သင်ကိုယ်တိုင် Balance မဖြစ်သေးပါဘူး။ ဖြစ်နိုင်ရင် ရည်းစားမထားပါနဲ့ဦး။

Relationships

ဒီအချစ်ရေးက ရေရှည်မသွားပါဘူး။ Obstacles တွေအများကြီးလာနေပါတယ်။ ဒီထဲက minority လောက်သော လူအနည်းစုသာလျှင် ကျန်ခဲ့ပါလိမ့်မယ်။ Karmic connection မျိုးလို့ ခံစားရပါတယ်။ တစ်ယောက်ယောက်က ဒဏ်မခံနိုင်တော့တဲ့ အချိန်မှာ ပြိုပျက်သွားတော့မယ့် အခြေအနေတစ်ခုပါပဲ။ အခုတလောလည်း သိပ်မပျော်ရဘူး စိတ်အခန့်မသင့်တွေ ဖြစ်နေရရင်တော့ သင်pile အရွေးမမှားပါဘူး။ Ego တွေ Issues တွေနဲ့ Jealousy ဖြစ်တာမျိုးတွေလည်း တွေ့နေရပါတယ်။ နှစ်ယောက်လုံးကမပြည့်ဝကြသေးဘူး။ အကယ်၍ ဒီဆက်ဆံရေး ရှည်ကြာခဲ့မယ်ဆိုရင်လည်း မိန်းကလေးဘက်က ပိုပြီး emotion ပိုင်းမှာ တော်တော်လေး ထိခိုက်ရပါလိမ့်မယ်။ နှစ်ယောက်ကြားမှာ ဘာသာလူမျိုးဓလေ့ အသက်အရွယ်အယူအဆ နေရာဒေသ တစ်ခုခု ကွဲပြားနေတယ်ဆိုရင် ကြားခံတစ်ခုခု ရောက်လာမယ်လို့လည်း ခံစားမိပါတယ်။ သင့်ဘက်မှာရော သူ့ဘက်မှာရော လူအသစ်တွေ ဆက်ဆံရေးအသစ်တွေ ရောက်လာတတ်ပါတယ်။ စိတ်ခံစားချက်အတိုင်း ဟောကိန်းရေးရရင်တော့ ဒီrelationship ကို အားမရတာအမှန်ပါပဲ။ ပြင်ဆင်ချင်တယ်ဆိုရင်တော့ ဇွတ်တရွတ်လုပ်တတ်တဲ့အကျင့်ပါ၊ သူကအဲ့လိုလုပ်တတ်တဲ့လူဆိုရင်တော့ သင်ကအဲ့တာကို သည်းခံရပါလိမ့်မယ်။ နောက်တစ်ခုက လမ်းခွဲစကားပြောခြင်းပါ။ တတ်နိုင်သလောက် ထိန်းပါ။ အပြန်အလှန်အပြစ်တင်ကြတဲ့ အခြေအနေတွေမဖြစ်အောင်လည်း ဆင်ခြင်နေထိုင်ပါ။ negative thinking တွေကိုလည်း ဝင်မလာအောင် ထိန်းပါ။ ဒီမှာရှိနေတဲ့ အားနည်းချက်က ကံတရားက မျက်နှာသာ မပေးခြင်းနဲ့ နှစ်ယောက်လုံးစီမှာ မာနရှိနေခြင်းပါ။ လက်လွှတ်ဆုံးရှုံးခံဖို့ ကြောက်နေရင်းပဲ အဲ့ဒီအခြေအနေတွေကို ရောက်သွားရတတ်ပါတယ်။ သင့်မှာ အားနည်းချက်တွေ ရှိနေပါသေးတယ်။ ပြင်ဆင်ပါ။ အားနည်ချက်တွေရှိနေတာက သူဆိုရင်တော့ သင်က စိတ်ရှည်ပြီး စောင့်ပေးရပါမယ်။ stagnation နဲ့ပဲ end ထားတာမို့ အကယ်၍ Separation ဖြစ်ခဲ့ရင်လည်း လွှတ်ချနိုင်အောင်ပဲ ကြိုးစားပါ။

Comments