ဧပြီလ မွေးနေ့ရှင်လေးတွေအတွက်




Pile-1

အလုပ်အကိုင်

အလုပ်ကိုင်နဲ့ပတ်သက်ပြီးနှစ်ခုတွန်တွဲလုပ်ရခြင်းမျိုးကြုံရတတ်သည်။ကိုယ်ပိုင်အလုပ်လုပ်သောသူများအလုပ်ကိုင်သစ်တခုထပ်၍ပေါ်ပေါက်တတ်သည်။လုပ်ငန်းမှာအပြိုင်ဆိုင်အနည်းငယ်ရှိသည်။လုပ်ရန်ကြံစည်ထားသောအလုပ်တခါပျက်ပြီးမှပြန်အဆင်ပြေမည်။လုပ်ငန်းခွင်ဝင်နေသောသူများအလုပ်မှပြောင်းလိုခြင်းမျိုးဖြစ်တတ်သည်။လုပ်ငန်းခွင်မှာမပျော်မွေ့ဘဲဖြစ်တတ်သည်။

ငွေရေးကြေးရေး

ငွေကြေးပိုင်းဆိုင်ရာမှာအနည်းငယ်ကြပ်တည်းခြင်းမျိုးဖြစ်တတ်သည်။‌နောက်၃ရက်နေရင်ပြန်ပြေလည်သွားပါမည်။ဝင်‌ငွေထက်ထွက်ငွေပိုများနေသောကာလဖြစ်သည်။ငွေကြောင့်နဲနဲစိတ်ညစ်ရတတ်သည်။ဝန်ထမ်းများဒီလငွေသိပ်မဆုမိခြင်းမျိုးဖြစ်တတ်သည်။

အချစ်ရေး

Single လေးများအခုရက်ပိုင်းစန်းပွင့် သည်။နှစ်‌ယောက်ပြိုင်၍ချစ်ရေးဆိုခြင်းခံရတတ်သည်။

Relationship လေးများအခုအရင်ကထက်ပို၍စန်းပွင့်မည်။နှစ်ဦးကြားစိတ်ဝမ်းကွဲအထင်လွှဲခြင်းမျိုးရှိတတ်သည်။

အိမ်ထောင်ရှင်များအခုရက်နှစ်ဦးကြားဆွေ‌မျိုးကြောင့်အနည်းငယ်စိတ်ဝမ်းကွဲတတ်သည်။အဝေးရောက်နေသောအိမ်ထောင်ဖက်ကြောင့်အနည်းငယ်စိတ်ပူပန်ရတတ်သည်။အဝေးရောက်နေသောအိမ်ထောင်ဖက်များပြန်လည်ရောက်ရှိလာတတ်သည်။



Pile-2


အလုပ်အကိုင်

အဘက်ဘက်မှလုပ်ငန်းကံကြမ္မာလေးပွင့်လန်းမယ်။ကိုင်ပိုင်လုပ်ငန်းလုပ်‌သောသူများအခွင့်လမ်းပေါ် ပေါက်မည်။လုပ်ငန်းတိုးချဲ့ထားသောသူလဲလုပ်ငန်းများထင်ထားတာထက်ပို၍အောင်မြင်မည်။ဝန်ထမ်းများရာထူးတိုးခြင်း၊လုပ်ငန်းခွင်မှာအခွင့်ရေးကောင်းများရခြင်းကြုံမည်။

ငွေရေးကြေးရေး

ငွေကြေးလာဘ်လာဘကံတွေပွင့်လင်းနေမည်။ငွေတလုံးတစုဝင်ကိန်းရှိသည်။ဝန်ထမ်းများလစာတိုးခြင်းများရှိသည်။ကိုယ်ပိုင်အလုပ်လုပ်သောသူမျာလုပ်ငန်း ရင်းနှီးမြုပ်နှံမှုပေါ်ထင်ထားတာထက်ပို၍ငွေဝင်မည်၊အမြတ်စွန်းပိုရတတ်သည်။

အချစ်ရေး

Single လေးများစန်းပွင့်မည်။နှစ်ယောက်ပြိုင်၍ချစ်ခြင်းဆိုခံရတတ်သည်။ကိုယ်နှစ်သက်သောသူကတယောက်ကိုယ့်နှစ်သက်သောသူကတယောက်ဖြစ်တတ်သည်။

Relationship လေးများအခုရက်ပိုင်းတယောက်ကိုတယောက်စိတ်ဝင်စားမှုလျော့နည်းတတ်သည်တဦး‌ကိုတဦးအချိန်မပေးနိုင်ခြင်း၊အထင်လွှဲခြင်းဖြစ်တတ်သည်။

အိမ်ထောင်ရှင်များအိမ်ထောင်ဖက်တွက်နဲနဲစိတ်ပူပင်ရတတ်သည်။အိမ်ထောင်ဘက်အဝေးသို့ရောက်နေသောသူများအိမ်ထောင်ဖက်တွက်ကျန်းမာရေး၊သူ၏အလုပ်ကိုင်ကြောင့်ကိုယ်တိုင်စိတ်ပူပင်ရတတ်သည်

Comments