နှစ်သစ်ကူးမှာပြောင်းလဲလာတဲ့ ကံကြမ္မာ.

နှစ်သစ်ကူးမှာပြောင်းလဲလာတဲ့ ကံကြမ္မာ.




Pile1:နှစ်ဟောင်းက အတိတ်တွေအားလုံးကနေ ရုန်းထွက်လာနိုင်မယ်။ခရီးသွားရမယ်။
အားလုံးကို လွှတ်ချနိုင်ပြီး ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို လျှောက်လှမ်းနိုင်မယ်။
အလုပ်တွေ ကြိုးစားလုပ်ကိုင်ရမယ်။
အောင်မြင်မှု အသီးအပွင့်တွေနဲ့အတူ မိတ်ဆွေကောင်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိမယ်။
ဒီနှစ်သစ်ဟာ မင်းအတွက် challenge အပြည့်/
confidence အပြည့်နဲ့ဖြတ်သန်းရမယ့် နှစ်ဖြစ်တယ်။
မင်းအတွက် အခွင့်ရေးကောင်းတွေ ကြုံတွေ့ရမယ်။
ဒါတွေကို မင်းကောင်းကောင်း အသုံးချနိုင်မယ်။
Good luck for you.
မင်းကံကောင်းပါဇီ ။
ပျော်ရွှင်စရာနှစ်သစ်ကူး​လေး ဖြစ်ပါစေရှင့်။



Pile2: ဒီနှစ်ဟာ မင်းအတွက် ပူပင်သောကတွေက ကင်းဝေးရမဲ့နှစ်ဖြစ်တယ်။
မင်း ခက်ခက်ခဲခဲ ကြုံတွေ့ခဲ့ရတဲ့ အတိတ်က လွတ်မြောက်လာမယ်။
အခွင့်အရေးက မင်းလက်ထဲမှာ။
ကံကောင်းခြင်းတွေက မင်းလက်ထဲမှာ။
နောက်ဆုံး အရာအားလုံးက မင်းလက်ထဲမှာ။
မင်းစိတ်ကြိုက်ချယ်လှယ် စိုးမိုးခွင့်ရမယ့်နှစ်ပဲ။
အဖြူရောင်ဌက်လေးတွေ မြင်တွေ့ရရင်
မင်းအတွက် ကံကောင်းခြင်းတွေ ရောက်လာပြီလို့
သတ်မှတ်လိုက်ပါ။
ဘုရားရောက်ရင် ရေသပ္ပါယ် ဖို့ မမေ့နဲ့နော်။
ဒါက မင်းကံဇာတာကို မြှင့်တင်ပေးတာပဲ။
နှစ်သစ်ကူးဟာ မင်းကို ပိုပြီး ကောင်းမွန်စေတာဖြစ်လို့
ပျော်ရွှင်မှုတွေနဲ့ စောင့်ကြိုနေလိုက်ပါ။
Good luck for you.
ပျော်ရွှင်စရာနှစ်သစ်ကူးလေး ဖြစ်ပါစေ။