မင်းအတွက် အားဆေးတစ်ခွက်

မင်းအတွက် အားဆေးတစ်ခွက်





𝚙𝚒𝚌 ၁......

ဘာသာတရား လေးနက်စွာ လုပ်ဖို့ အချိန်ကောင်း ဖြစ်နေတယ်။

စိတ်တွေ ပျံ့လွင့်နေလို့ မရဘူးနော်။

ကျန်းမာအောင် နေထိုင်၊ အတွင်းစိတ်ကို သန့်စင်အောင် ထားပါ။

မိသားစု၊ ချစ်ရသူတွေနှင့် ပက်သက်လို့ မကြာခင် အစစအရာရာ

အဆင်ပြေလာခြင်း မြင်ပါတယ်။

စွန့်စားချင်တဲ့ အရာတွေ၊ ဆုံးရှုံးပြီးသာ အရာလေးတွေ အားလုံးကို

အနိုင်ပိုင်းနိုင်မယ်။ ကြိုးစား အားစိုက်မှု ပိုပြီး လုပ်လာနိုင်ပါမယ်။

မင်းပုံစံက အနီးနား အနာဂတ်မှာ ပိုတောက်ပလာနိုင်တယ်။


𝚙𝚒𝚌 ၂......

မင်းက အချစ်ခံရဖို့ ထိုက်တန်ပါတယ်။ ပတ်ဝန်းကျင်ကောင်းတွေ

လူရင်းတွေဆီက ကောင်းကျိုးရ၊ ကံကောင်းလာနိုင် နေတယ်နော်။

ရုတ်တရက် ကံခေတတ်ပြီး၊ အဆင်မပြေခြင်း များနေ ခဲ့လိမ့်မယ်။

ကိုယ် တတ်နိုင်သလိုလေး အားမလျေုာ့ပဲ အခုထိ ရပ်တည်နေနိုင်

လို့ ကိုယ့်ကိုကိုယ်လဲ ကျေးဇူးတင်ပါ။

ပြီးတော့ ကိုယ့်ကိုကိုယ် ပိုပြီး ချစ်ပေးပါနော်။

စိတ်နှစ်ကိုယ်နှစ် အရမ်း အပင်ပန်းခံထားတဲ့ ဘဝရေးရာတွေက

ကံကောင်းမယ်၊ တိုးတက်မယ်၊ ကောင်းကျိုးစည်းစိမ် ရလာမယ်။


𝚙𝚒𝚌 ၃......

မင်းအတွက် စိတ်ကူး စိတ်သန်း၊ နေထိုင်မှု ပုံစံ၊ အတွေးအမြင်

အသစ်တွေ ရလာနိုင်ပါတယ်။

၁၄ရက်အတွင်း ငွေ၊ သတင်းကောင်း၊ blessing တစ်ခုခု

ရလာဖို့ မြင်ပါတယ်။ မင်းလတ်တလော ခံစားချက် အရမ်းများပြီး

စိတ်အတက်ကျ ဖြစ်လွန်းတာ ထိန်းပေးရမယ်နော်။

အများကြီး မှာစရာ မလိုဘူး၊ ဒါပေမယ့် အတွေးတွေးထဲ အချိန်

အရမ်း မဖြုန်းစေချင်ဘူးနော်။

ပျော်အောင်နေ၊ တဂယ်လဲ စိတ်ချမ်းသာမှု ရဖို့ မြင်နေရပါတယ်။