အစားအသောက်တွေစားရတာကိုနှစ်သက်တဲ့သူဆိုရင်တော့




Pile 1
အစားအသောက်တွေစားရတာကိုနှစ်သက်တယ်ဆိုတာထက်ပေါ့နော်ကိုယ့်ရဲ့အနားမှာအစားအသောက်ကဘယ်တော့မှရှားမနေဖူးပေါ့နော် ဘယ်တော့မှလည်း
ငတ်ပီးမနေခဲ့ရဖူးအစားအသောက်ဆိုတာကကိုယ်
ဗိုက်ဆာရင်ဆာသလိုကိုယ့်ကိုကျွေးမယ့်မွေးမယ့်သူတွေလည်းရှိတယ်နောက်ပီးတဲ့အခါကျတော့ဒီအစားအသောက်နဲ့ပက်သက်လို့ရှိရင်ဆာလောင်မွတ်သိပ်ခြင်းမရှိခဲ့ဖူးပေါ့နော် ဒါကတစ်နည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကောင်းတဲ့ကံ ကိုယ့်ရဲ့မှ
ကုသိုလ်တွေကြောင့်ပေါ့နော်ဒီလိုမျိုးတွေဖြစ်နေတာပေါ့နော် အစားအသောက်ကိုတမင်သက်သက်ကြီးမက်ပီးတော့မှအငမ်းမရစားတာမျိုးမဟုတ်ပဲနဲ့စားချင်တဲ့အချိန်ကျလို့ရှိရင်စားစရာတွေကပေါ်လာတယ် ကိုယ်ကြိုက်တဲ့အစားအစာတွေများတယ် အရမ်းကြီးအစားအသောက်ကိုတပ်မက်နေတာမျိုးမဟုတ်ပဲနဲ့ပေါ့နော် ဗိုက်ခဏခဏဆာတာမျိုးတော့ဖြစ်လိမ့်မယ် ညအချိန်မတော်ကြီးမှာဗိုက်ခဏခဏဆာတတ်တယ် ဘာမှမဟုတ်ဖူးလေတိုက်တိုင်းဗိုက်ဆာနေတယ်
ဘာမှမဟုတ်ဖူးဟင်းအနံ့ရတိုင်းဗိုက်ဆာနေတဲ့လူတွေကပိုပီးတော့များတယ်ပေါ့နော် ဒီအတိုင်းပဲအစားအသောက်စားရတာကိုကြိုက်နေတာ ဝမ်းနည်းလာလို့ရှိရင်လည်းအစားအသောက်စားလိုက်လို့ရှိရင်ပျော်သွားမယ် စိတ်ကောက်လို့ရှိရင်လည်းအစားအသောက်နဲ့ချော့လိုက်လို့ရှိရင်ပျော်သွားမယ်
အစားသွားစားလိုက်ရင်ပျော်သွားမယ် ဒီလိုမျိုးပေါ့နော်အစားစားပီးဗိုက်လေးပြည့်နေလို့ရှိရင်စိတ်ကြည်လင်တဲ့သူထဲမှာပါပါတယ်နော်


Pile 2
ကိုယ်ကိုယ်တိုင်ကလည်းအစားအသောက်တွေကိုနှစ်သက်တဲ့သူဖြစ်သလိုကိုယ်စားတဲ့အစားအစာတွေကိုလည်းသူများတွေကိုမျှဝေစေချင်တတ်တဲ့သူလေးဖြစ်တယ်ပေါ့နော် ကိုယ့်အနားမှာလည်းဘယ်တော့မှအစားအသောက်မရှားဖူး ဒီလိုပဲသူများတွေကိုပြန်ပီးကျွေးရတာနှစ်သက်တယ် ညအိပ်ခါနီးကတည်းကတင်မနက်ကျရင်ဘာစားရမလဲနေ့လည်ကျရင်ဘာစားရမလဲ ညကျရင်ဘာပြန်စားရမလဲ ဟော ညရောက်သွားပြန်ပီနောက်နေ့အတွက်ဘာစားရမလဲဆိုပီးစဥ်းစားတတ်တဲ့အဖွဲ့ထဲမှာပါတယ်ပေါ့နော် သူငယ်ချင်းတွေနဲ့အတူတူမုန့်ထွက်စားမယ်အချိန်ပြည့်မုန့်ထွက်စားမယ်ရေခဲမုန့်စားမယ် ဟော့ပေါ့စားမယ် ဘူဖေးစားမယ်
မူကထစားမယ် အစုံအစုံပဲပေါ့နော် ညဆိုရင်ဘာစားရမလဲပေါင်မုန့် အကုန် အချိုလည်းစားမယ် မလိုင်လည်းစားမယ်ဒီလိုမျိုးပေါ့နော် စားစရာတွေအစုံအစုံကို
စားချင်နေတဲ့သူလေးတွေထဲမှာပါတယ်ပေါ့နော်
ဒါအပြင်ကိုအချိုပဲကြိုက်တာလားဆိုတော့မဟုတ်ဖူး
အစပ်တွေလည်းကြိုက်တယ် အချဥ်တွေလည်းကြိုက်တယ် အကုန်အစုံဘာနေနေစားမယ်ဆိုတဲ့အဖွဲ့ထဲမှာပါပီးတဲ့အခါကျတော့စားစရာတွေအားလုံးကိုတူတူမျှဝေတတ်တဲ့လူတွေပါ အရမ်းစိတ်ကောက်တတ်တဲ့လူတွေဆိုလို့ရှိရင်တော့သူတို့ကိုမုန့်ပေးပီးချော့လိုက်လို့ရှိရင်တော့ဒီလူလေးတွေကအဆင်ပြေသွားမှာပါနော်

Comments