သင့်မွေးနေ့နောက်ပိုင်းမှာ ရလာမယ့်ကံကောင်းခြင်း

သင့်မွေးနေ့နောက်ပိုင်းမှာ ရလာမယ့်ကံကောင်းခြင်း



1..Positive energy လေးတွေ ရရှိခံစားနိုင်ပါစေ။အဲ့ဒီကာလတွေက လိုအင်ဆန္ဒတွေပြည့်ဝနိုင်တဲ့ ကာလတွေ ဖြစ်ပါတယ်။ သင့်အနေနဲ့ လိုချင်နေတဲ့ လက်ဆောင် ပစ္စည်းတွေရှိရင် ရပါလိမ့်မယ်။ သင်ဖြတ်သန်းချင်တဲ့လူတွေနဲ့လည်း အတူ ဖြတ်သန်းခွင့်ရပါလိမ့်မယ်။ခရီးတိုလေးတွေ သွားရဖို့လည်း မြင်ပါတယ်။Planning လုပ်ထားတဲ့အရာတွေ ဖြစ်ကိုဖြစ်လာမှာပါ။သတင်းကောင်းတွေ အစပျိုးခြင်းတွေ ရှိပါလိမ့်မယ်။မိသားုအခြေအနေများလည်း နွေးထွေးပါလိမ့်မယ်။ပျော်ရွှင်မှုတွေကို တစ်စုံတစ်ယောက်က ယူလာပေးမှာပါ။
ဆုံးဖြတ်ချက်ချစရာတွေ ရှိတတ်ပါတယ်။Romantic vibes လေးတွေ ရှိနေတာတွေ့ပါတယ်။လက်ရှိမှာ partner ရှိရင် သူနဲ့အတူ ဖြတ်သန်းရမှာပါ။

Singles ဆိုရင်လည်း မွေးနေ့အမှီ အချစ်ရတတ်ပါတယ်။တချို့တွေအတွက် reunion ဖြစ်နိုင်ပါတယ်။စစ်မှန်တဲ့ချစ်ခြင်းတွေဆိုရင်တော့ ပြန်ဆုံကြပါစေ။ကိုယ့်အတွက်မကောင်းရင်တော့ ပြန်မပက်သက်ပါနဲ့။ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာမယ့် အချိန်တွေဖြစ်ပါတယ်။ငွေကြေးစုမိပါလိမ့်မယ်။ လိုတာတွေဝယ်နိုင်ပါလိမ့်မယ်။Social communication ပိုကောင်းလာပါလိမ့်မယ်။တစ်ခုခုမှာ အောင်မြင်တာမျိုး တွေ့ပါတယ်။Education Business ဘယ်လို ကဏ္ဍမျိုးမှာပဲဖြစ်ဖြစ် accomplishments တွေ ရနေတာတွေ့ရပါတယ်။


2..Second chance တစ်ခုရပါလိမ့်မယ်။အချစ်ရေးအနေနဲ့ဆိုရင် ဆုံးရှုံးခဲ့ဖူးတဲ့ လူတစ်ယောက် သင့်ဘဝထဲ ပြန်ဝင်လာတတ်ပါတယ်။ ဒီစကားလေးကို လူတော်တော်များများ သဘောကျကြမှာပါ။ အခုအချိန်မှာ သင့်အနေနဲ့ သူ့ကို လွမ်းဆွတ်နေရတယ်ဆိုရင် သူကလည်း သင်နဲ့ အမှတ်တရတွေကို တမ်းတနေပါသေးတယ်။
အချစ်ရေး မဟုတ်ရင်တော့ ကိုယ့်အတွက် opportunity တစ်ခုခု ဒုတိယအကြိမ် ထပ်ရတာမျိုး ဖြစ်ပါလိမ့်မယ်။အသက်တစ်နှစ်ကြီးလာပြီဆိုတော့ အရင်ကထက် ပိုmature ဖြစ်လာမှာပါ။ ဒီနှစ်အတွင်းမှာ ကြုံခဲ့ရတဲ့ experience တွေကို နောက်တစ်နှစ်အတွက် သေချာအသုံးချနိုင်မယ်လို့ တွေ့ရပါတယ်။ မကောင်းတဲ့ အမူအကျင့် စရိုက်လက္ခဏာလေးတွေကိုလည်း သင်ကိုယ်တိုင် ပြုပြင်ဖြစ်မှာပါ။ ကောင်းတဲ့ နိမိတ်ပါပဲ။
အလှူအတန်း တစ်ခုခုလုပ်ဖြစ်ပါလိမ့်မယ်။

သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူကျင်းပရပါလိမ့်မယ်။အရင်နှစ်တွေကထက် စည်ကားသိုက်မြိုက်မှာပါ။
အသောက်အစားလေးတွေ စဉ်းစားထားရင်တော့လျှော့ပါ။ဘဝ အတွက် ထူးခြားတဲ့အရာတစ်ခု ကြုံရပါမယ်။
ပညာရေး ပိုအဆင့်မြင့်မားလာပါမယ်။အိမ်မွေးpets လေးတွေ ရှိလာနိုင်ပါတယ်။စိတ်တူကိုယ်တူ သူငယ်ချင်းအသစ်တွေရတတ်ပါတယ်။တချို့တွေအတွက်လက်တွဲဖော်နဲ့ နီးနေပြီလို့ ပြောလို့ရပါတယ်။သင်ကြုံနေရတဲ့ unwanted circumstances တွေအကုန် သင့်မွေးနေ့ကျော်ရင် ပြီးပါပြီ။ အားလုံးပြီးဆုံးသွားပါလိမ့်မယ်။


3..သင်လိုချင်တဲ့အရာတော်တော်များများရမယ့်နှစ်ပါပဲ။သင်အတူတူဖြတ်သန်းချင်တဲ့လူနဲ့အတူရှိနေမှာပါ။
အခွင့်အရေးတွေ ပိုရပြီး ကံပိုတက်လာမှာပါ။လုပ်လက်စအလုပ်တွေ ပိုအောင်မြင်လာပါလိမ့်မယ်။Universe က next chapter တွေစီ invite လုပ်မှာပါ။စာမျက်နှာအသစ်တွေမှာ reward တွေ lessons တွေ experience ရမယ့်အရာတွေ ရှိနေပါတယ်။ မကြောက်ဘဲ လျှောက်လှမ်းပါ။ သင့်အနေနဲ့ စွမ်းဆောင်နိုင်တာတွေပါပဲ။
ချစ်ခြင်းမေတ္တာမှာ ရောင်ပြန်ဟပ်ခြင်းတွေ ကြုံရပါလိမ့်မယ်။ပျော်ရွှင်ခြင်းများဖုံးလွှမ်းနေသော မွေးနေ့ရက်မြတ်ပါ။ကိုယ့်ရဲ့ ရွေးချယ်မှုတွေ ပိုမှန်ကန်လာမှာပါ။ငွေအစုလိုက် ဝင်တတ်ပါတယ်။လိုချင်တဲ့ Luxury ပစ္စည်းတစ်ခု ရတတ်ပါတယ်။Education နဲ့ပက်သက်တာတွေလည်းကောင်းပါတယ်။Fresh and active ဖြစ်နေတဲ့ energy တွေအပြည့်ပါပဲ။ကံ ဉာဏ် ဝီရိယ မှာ ဉာဏ်နဲ့ဝီရိယ ကူစရာမလိုအောင်အထိ ကံတရားက ကိုယ့်ကို မျက်နှာသာပေးနေတာမျိုးပါ။

Optimistic thinking က အရာရာကိုအဆင်ပြေစေမှာပါ။တချို့ ဝန်ထုပ်တွေကို ချထားခဲ့နိုင်ပါလိမ့်မယ်။
နိုင်ငံခြား သွားဖို့ အခွင့်ရေး ရတတ်ပါတယ်။( ပြင်ဆင်နေသူများသာ၊ ဆန္ဒရှိသူများသာ )အိမ်ထောင်သယ်တွေဆို သားသမီးရတတ်ပါတယ်။Life goal တချို့လည်းပြည့်ဝပါလိမ့်မယ်။အလုပ်အပြောငိးအရွှေ့ရှိတတ်ပါတယ်။