အခြေအနေတစ်ခုထဲက မထွက်နိုင်သူလေးတွေရွေးပါ

အခြေအနေတစ်ခုထဲက မထွက်နိုင်သူလေးတွေရွေးပါ



1.....
ကိုယ်လိုချင်လို့လျှောက်ခဲ့တဲ့လမ်းကကိုယ့်ကိုပြန်ပြီး စိတ်ဒုက္ခပေးနေတာပဲဒါပေမယ့် အဲ့ဒါက စိတ်နဲ့လည်းဆိုင်နေတာ၊မပျော်တော့ဘူး ကောင်းမယ်ထင်လို့ သင့်တော်လို့လုပ်ခဲ့တဲ့အရာတွေက ဒီအချိန်မှာ ကိုယ့်ကိုပြန်ပြီး စိတ်ရှုပ်စရာတွေပေးနေတယ်လုပ်ရပ်အမှားတွေကိုသင့်ဖက်ကပြင်ဖို့ဆန္ဒရှိပေမယ့် အခွင့်အရေးမရပဲ အပြစ်ပဲတောက်လျှောက်အပြောခံနေရတယ် တကယ်ကိုစိတ်ထဲအဆင်မပြေရတဲ့အချိန်တွေပါပဲ

ဘာလို့ပိ-တ်မိနေတာလဲ
ကောင်းမယ်ထင်ပြီးမဆင်ခြင်ပဲလုပ်ခဲ့လို့၊အခြေအနေအချိန်အခါကိုမကြည့်ပဲ တဇွတ်ထိုး စိတ်ကိုပဲဦးစားပေးပြီးလုပ်ခဲ့လို့ဖြစ်ရတာပါသင့်ဖက်ကမှန်နေရင်တောင် အခွင့်အရေးကသူများလက်ထဲမှာပါ အရာရာသတိမကပ်ပဲ လုပ်မိတာတွေလည်းအများကြီးရှိနေတယ်တစ်ဖက်မှာ အောက်ကျို့နေရပေမယ့် တစ်ဖက်မှာသင်ကခေသူတော့မဟုတ်ပါဘူးအခုလိုတွေဖြစ်ရတဲ့အကြောင်းအရင်းကတော့ကိုယ့်ဖက်ကစလို့ဖြစ်ရတာပါ

ဘာလုပ်သင့်လဲ?
ပိုပြီး အဆင်ပြေအောင်နေပြပါဒီအခြေအနေက အများကြီးခက်ခဲနေတာမဟုတ်လို့နည်းလမ်းရအောင်ရှာပါ အတတ်နိုင်ဆုံးစိတ်ကိုလျှော့ပြီး ဘာသာရေးပိုလုပ် သူများဖက်ပိုကြည့်ပြီးတော့ အခြေအနေပေါ်လိုက်ပြီး တစ်ဖက်လူရဲ့စိတ်ကို နားလည်ပေးလိုက်ပါ ပိုပြီးတော့လုပ်နိုင်တာကိုပြပါနော်

လက်ရှိဘဝနဲ့တူညီရဲ့လား
Pile လေးကြောင့်တံ‌ခါးပေါက်တစ်ခုကိုရှာတွေ့ပြီလား


2......
ကိုယ်ကာကွယ်ပေးနေရတဲ့သူ ကိုယ်ချစ်ရတဲ့သူတွေက ကိုယ့်စေတနာကိုနားမလည်ပဲ စော်ကားလို့စိတ်ညစ်ရတဲ့ကာလတစ်ခုပါ ပေးဆပ်မှုတွေကိုမမြင်ပဲကိုယ့်လိုအပ်ချက်တွေကိုပဲထောက်ပြနေတာတွေကြောင့် တော်တော်လေးစိတ်ကသိကအောက်ဖြစ်နေရင်းနဲ့ တစ်ဖက်မှာလည်းအထီးကျန်စွာအတွေးနယ်ချဲ့နေရတာပါ

ဘာလို့အခုလိုတွေဖြစ်လာတာလဲ
သင်ကအရမ်းကောင်းလွန်းနေလို့ပါ၊ကိုယ့်ကိုယ်ကိုတောင်မစဉ်းစားပဲ သူများကိုဦးစားပေးနေတာတွေက သင့်ကိုဒီအခြေအနေအထိဖြစ်စေတာပါပဲ တကယ်တော့အခွင့်အရေးတွေကို သင့်ကိုယ်သင်ပေးဖို့မေ့နေခဲ့တာပါ တကယ်လို့များ သင့်ကိုယ်သင်ဒီ့ထက်ပိုချစ် ပိုဂရုစိုက်ပေးခဲ့မယ်ဆိုရင် ဒီလောက်ထိဖြစ်လာမှာမဟုတ်ပါဘူး

ဘာလုပ်ရမလဲ???
အဆုံးသ_တ်သင့်တဲ့ ဆက်ဆံရေးတွေကိုဖြတ်တောက်လိုက်ပါ မကောင်းတဲ့သူတွေကိုဘဝထဲအလေးခံပြီးသယ်မနေပါနဲ့နော် တစ်ခါတစ်လေ ဘီလူးဆိုင်းတီးတာလည်းသိပ်ပြီးမဆိုးလှပါဘူးပြောမှသိမယ့်ကိစ္စတွေအတွက်ဆိုရင် ထုတ်ပြောပြီးသောင်းကျန်းပစ်လိုက်ပါကိုယ့်ကိုယ်ကိုချစ်ပါ

လက်ရှိဘဝနဲ့တူညီရဲ့လား
Pile လေးကြောင့်တံ‌ခါးပေါက်တစ်ခုကိုရှာတွေ့ပြီလား