မင်းအတွက် အကြံပေးချက် ဟောစာတမ်းလေး



Pile 1
မင်းအနေနဲ့စိတ်လေနေတာလေးတွေ အပျင်းကြီးနေတာလေးတွေလျှော့ပြီး ဝိရိယအားစိုက်ထုတ်ပြီးပြုလုပ်မယ်ဆိုရင်မင်းရည်ရွယ်ထားတာလေးတွေဖြစ်လာပါလိမ့်မယ်နော် .နိုင်ငံခြားကံနဲ့ပက်သက်လို့ အရင်က ကံအားနဲရင်တောင် ခုကာလလေးကံအားတက်လာလို့ ကြိုးစားကြည့်သင့်ပါတယ်နော်. အရွဲ့တိုက်တတ်တဲ့စိတ်လေးကို ပြင်ဆင်ပါအုံး. မင်းမှာအခွင့်ရေး ကိစ္စ ရွေးချယ်စရာ နှစ်ခုကြားဗျာများရတတ်လို့ စိတ်အေးအေးထားပြီးသေချာလေးရွေးချယ်နော်.မိတ်ဆွေကောင်းတွေဆီက အကြံဉာဏ်လေးတွေ အကူညီကောင်းလေးတွေရတတ်ပါတယ်.မင်းရဲ့ ငွေကြေးကံလေး ကောင်းနေတတ်ပေမယ့် ငွေဝင်များသလောက် ထွက်ငွေလဲ များတတ်လို့ သေချာတော့စီစစ်သုံးစွဲနော်.မင်းမှာအစောင့်ရှောက်ကောင်းတွေ ရှိတတ်လို့ မင်းဘာသာရေးလုပ်ပြီးတိုင်း သူတို့ကို မေတ္တာပို့ပေးခြင်းဖြင့် မင်းအတွက်ကောင်းကျိုးလေးတွေထူးတတ်ပါတယ်နော် .


Pile 2
မင်းမှာ သူများရဲ့နိုင်ထက်စီးနင်းပြုလုပ်ခံရတာ မင်းအခွင့်အရေး မင်းနေရာကို သူများက လုယူချင်တာတွေခံရတတ်လို့ သတိထားသင့်ပါတယ်နော် .မင်းအနေနဲ့ အလုပ်တခူကိုလုပ်မယ်လို့ရည်ရွယ်ထားရင် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဆောင်ရွက်ပါ အဆင်ပြေတတ်ပါတယ်.ဘာသာရေးပိုင်းအားနဲနေတယ်ဆိုရင် ဘာသာရေးပိုလုပ်ပါ မင်းအတွက် ကောင်း ကျိုးလေးတွေ ခံစားရပါလိမ့်မယ်.အတိတ်ဟောင်းက လူတွေနဲ့ပြန်ဆုံရတာ ပြန်လွမ်းမိ တမ်းတ မိရတာတွေ ဖြစ်နေတတ်တယ်.မင်းအနေနဲ့ လက်ရှိမှာအဆိုးလေးတွေကြုံတွေ့ရတယ်ဆို မကြာခင် အကောင်းတွေရောက်လာပါလိမ့်မယ် အားတင်းထားပါ. မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေကြောင့်ပျော်ရွှင်ရတတ်တယ် .ခရီးကိစ္စ သွားလာလည်ပတ်ရတဲ့ကိစ္စလေးတွေအကျိူးပေးပြီး သာယာရတတ်ပါတယ်.အပူရှပ်တာ ဖျားနာတာလေးတော့သတိထားနော်.


Pile 3
မင်းက ပညာရေးကိစ္စတွေရှိနေသူဆို ဘွဲ့ထူး ဂုဏ်ထူးတွေနဲ့ တိုးတက်ကောင်းမွန်မယ့်ကာလလေးပါနော်.ဆရာသမားကောင်း တွေကြောင့် အဆင်ပြေတတ်ပါတယ်. မင်းပတ်ဝန်းကျင်မှာ အပြိုင်အဆိုင်လေးတွေတော့ရှိတတ်ပြီး မင်းကိူစိတ်တိုဒေါသထွက်စေတာလေးတွေရှိတတ်လို့ သတိထားပါ.
မင်းရဲ့ လက်အောက်ငယ်သား မင်းထပ်ငယ်တဲ့မိတ်ဆွေအပေါင်းသင်းတွေရဲ့ မင်းကိုဆန့်ကျင်တာ သစ္စာဖောက်တာခံရတတ်ပါတယ်.မင်းမှာ တနယ်တကျေးခရီး နိုင်ငံခြား ခရီးကိစ္စလေးတွေရှိရင် အောင်မြင်ပါလိမ့်မယ်.မင်းအတွက် အချစ်ခံရမယ့်ကာလလေးပါနော်. မင်းကိုချစ်တဲ့သူကြောင့်မင်းစိတ်ချမ်းသာရလိမ့်မယ်. မင်းရဲ့ မိဘ ဆွေမျိုးအကြီးကဲရဲ့ controlလုပ်မှုလေးတချို့ကြောင့် မင်းမှာစိတ်ကြဉ်းကြပ်ရတာတော့ရှိတတ်ပါတယ်.မင်္ဂလာကိစ္စလေးတွေ အထမြောက်ဖို့ရှိပါတယ်နော် .

Comments