“မင်း ညတိုင်း တွေးနေမိတဲ့ လူတစ်ယောက်အကြောင်း

“မင်း ညတိုင်း တွေးနေမိတဲ့ လူတစ်ယောက်အကြောင်း




Pile1:

သူကမင်းရဲ့ physically ကို တော်တော်လေး passionate ဖြစ်ခဲ့တဲ့ပုံပဲ မင်းတို့အချင်းချင်း ဝေးသွားခဲ့ကြပေမယ့် မင်းကြုံခဲ့ရတဲ့လူတွေထဲမှာ သူကမင်းအပေါ်ကို အကောင်းပေးခဲ့ဆုံးလူတစ်ယောက်မဟုတ်လားနောက်လူတွေဝင်ရှုပ်လို့ပြတ်သွားခဲ့ရပုံပါပဲ…အရမ်းပျော်စရာကောင်းခဲ့တဲ့ အချိန်တွေ တူတူဖန်တီးခဲ့ကြပြီးမှ အခုတော့ သူက နောက်ထပ်လူတစ်ယောက်နဲ့ အမှတ်တရ အသစ်တွေကို ဖန်တီးနေပြီပေါ့လေ…
ဒီလက်တစ်စုံဟာ ငါနောက်ဆုံးထွက်သက်ထိ ဆုပ်ကိုင် ထားချင်တဲ့ လက်တစ်စုံပဲလို့တွေးပြီးမှ နှုတ်ဆက်လမ်းခွဲရခြင်းတွေ ကြုံခဲ့ကြရတယ်…

သူနဲ့ပက်သက်ခဲ့တုန်းက သူ့အပေါ် မင်းအနိုင်ယူခဲ့တယ်ထင်တယ်…တစ်ချိန်လုံး သူ့အပေါ် စိုးမိုးချင်ပြီး တော်တော် control လုပ်ခဲ့တယ်ထင်တယ် …ကောင်းစေချင်လို့ပါဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ရဲ့ ဖြစ်တည်မှုတွေကို လက်မခံဘဲ မင်းပြောင်းလဲဖို့ကြိုးစားခဲ့တာတွေ ဘယ်လောက်တောင်များရှိနေမလဲ…
အခုတော့ ဆုတောင်းနေမိတယ်မဟုတ်လား…
ငါအားလုံးပြင်ဆင်ပြီးပါပြီ ငါမှားခဲ့တာတွေ ငါသိပါပြီ
ငါတို့ပြန်စခွင့် ရဦးမလားပေါ့လေ…

စိတ်ပင်ပန်းတာတွေလျှော့ပါတဲ့…
သူလည်း ရှေ့ဆက်လျှောက်ပြီး အကောင်းဆုံး ဖြတ်သန်းနေသလို မင်းလည်း အားလုံးကိုကျောခိုင်းပြီး လက်ရှိအခြေအနေကို လက်ခံတတ်အောင် ကြိုးစားပါတော့တဲ့
မလွမ်းတော့ဘူးဆိုပြီးတွေးရင်း စိတ်ထဲမှာ ပေါ်လာသမျှ အကြောင်းတိုင်းက သူနဲ့ပက်သက်သမျှတွေ ပြီးတော့ ပြင်ဆင်ခွင့်မရတော့တဲ့ နေ့ရက်တွေ နောင်တတွေ နောက်ပြီး ဝမ်းနည်းခြင်းတွေ …
ပိုပြီး လှလှပပ ပြင်ပြင်ဆင်ဆင်လေးနေပြီး လွှတ်ချနိုင်အောင် ကြိုးစားလိုက်ပါ မင်းအနားကို ထပ်ရောက်လာမယ့် လူတွေ ရှိလာပါလိမ့်ဦးမယ်…သူမင်းကို မလွမ်းနေပေမယ့် မင်းကိုတော့ အဆင်ပြေနေစေချင်တယ်။
မင်းရဲ့ မကောင်းသတင်းတွေ သူမခံစားနိုင်ပါဘူးတဲ့။


Pile2:

တစ်ယောက်ထဲsingle ဖြစ်နေတာကြာလို့ အပျော်တမ်းတွေးတောပြီး relationship ကို အစပြုခဲ့ရင်း နောက်တော့ သူ့ကိုမှ fall in အ love လွန်သွားခဲ့ပါတယ်ပေါ့
တစ်ဖက်လူက ကိုယ့်ကို appreciate မလုပ်ခဲ့ဘူး
သူ့ကိုsharing လုပ်ရတာ satisfying ဖြစ်ဖို့ မကောင်းဘူး
ကိုယ်ပျော်နေတဲ့ကိစ္စတောင် သူ့ကိုပြောပြရင် မပျော်ရဘူး ဖြစ်သွားရော type ရော Brain level ရော မတူဘူး
ဘယ်သူကမြင့်တယ်နိမ့်တယ်မဟုတ်ပေမယ့် Balance မဖြစ်တဲ့ ဆက်ဆံရေးပဲ Healthy relationship မဖြစ်ခဲ့တဲ့ ဆက်ဆံရေးပဲ သူငယ်ချင်းတွေက တားနေတဲ့ကြားက ထိန်းနေတဲ့ကြားက သူ့ကိုမှ ချစ်မိနေပါတယ်ဆိုပြီး နွံထဲကို ကိုယ်တိုင် နစ်ဝင်ခံလိုက်တာ မဟုတ်လား…

ကိုယ့်စိတ်ထက် သူ့စိတ်ကို ဦးစားပေးခဲ့တယ်…
သူတောင်းဆိုသမျှအားလုံးအတွက် မင်းဘက်ကပြောင်းလဲပေးဖို့ အဆင်သင့်ဖြစ်ခဲ့နေတာပဲ သူ့အတွက်ဆို မင်းအားလုံး ရင်ဆိုင်ရဲပါတယ်ဆိုတဲ့ ပုံစံပေါ့…
သူ့စိတ်တွေပြောင်းလဲသွားတာသိလျက်နဲ့တောင် သူမချစ်တော့မှန်း အချိန်မပေးတော့မှန်း သိလျက်နဲ့တောင် နာနာကျင်ကျင်နဲ့ သူ့ကိုဆက်ပြီး ဆွဲထားခဲ့သေးတယ်…
ပြိုလဲနေရတာတောင် အတူမရှိရရင် ပိုပြီး ပြိုလဲမှာဆိုပြီး အတူရှိဖို့ကို အဆုံးထိ ကြိုးစားခဲ့သေးတယ်။

အခုတော့ လက်ခံနိုင်လာပြီ နေသားကျလာပြီမဟုတ်လား
တကယ်ဝေးသွားခဲ့ကြပြီ…အတူမရှိကြတော့ဘူးဆိုတဲ့ အခြေအနေတွေနဲ့လေ…ဒါပေမယ့် Anni date တွေရောက်တိုင်း သတိရနေမိတုန်းပဲ…အခက်အခဲတွေကြုံရတိုင်း ကိုယ်အနားမှာရှိစေချင်တာက သူ့ကိုပဲ
သူသာရှိရင် ငါအခုထက် ပိုပြီး နေရအဆင်ပြေနေမှာလို့ တွေးမိနေတုန်းမဟုတ်လား…
နောက်ထပ်လူတစ်ယောက်ကို သေချာချစ်ပေးလိုက်ပါတဲ့
မင်းချစ်ပေးခဲ့တာတွေအတွက် ပြန်အချစ်ခံရဖို့ အချိန်ရောက်ပါတော့မယ် တဲ့
သူကတော့ ရံဖန်ရံခါ မင်းကိုသတိရတဲ့အခါ မင်းသတင်းလေးတွေ သာကြောင်းမာကြောင်းလေးတွေကို ကြားချင်နေပါသတဲ့