ခုနှစ်ရက်သားသမီးများအတွက် ဟောစာတမ်း



တနင်္ဂနွေသားသမီး
စီးပွားရေး - တစ်လတာမှာ အလုပ်တွေအကုန်သိမ်းကြုံးလုပ်နေရမယ်၊ မိမိတယောက်တည်း ပင်ပန်းခံရတာ၊ ဒိုင်ခံလုပ်ရတာမျိုးရှိတတ်တယ်

အလုပ်ကိုင် - လုပ်ငန်းခွင်မှ လက်အောက်ငယ်သားနဲ့ အထက်လူကြီးကြား စိတ်ညစ်ရတတ်၏ ၊ ရာထူးတိုးတာမျိုးများကြုံရတတ်၏

ငွေကြေး - လူလိမ်ခံရတတ်သည် ဂရုစိုက်ပါ ၊ 12ရက်နေ့နောက်ပိုင်းမှာ သိသိသာသာ ငွေအားကောင်းလာမည်

လူမူရေး - လူများနဲ့ ရောမနေလို တဦးတည်းနေထိုင်လိုစိတ်ပြင်းပြနေမည် ၊ လူများကြားထင်ပေါ်နေမည် ၊ နာမည်ကောင်းသတင်းကျော်ဇောတတ်၏

အိမ်တွင်းရေး - မိသားစုရေးကြောင် စိတ်ရှုပ်ရတတ်၏ ၊
အမျိုးသမီးများကြောင့် စိတ်ညစ်စရာဖြစ်တတ်၏

အိမ်‌ထောင်ရေး - မိမိလက်တွဲဖော်အပေါ် မာနထားက မလိုလားအပ်သောပြသနာများဖြစ်တတ်သည် ၊ညှိညှိနှိုင်းနှိုင်း ပြောဆိုဆက်ဆံခြင်းက ပြသနာများဖြစ်ခြင်းမှ ရှောင်ရှားနိုင်ပါလိမ့်မယ်

အချစ်ရေး - ရည်းစားဟောင်းကို သတိရနေတတ်သည် ၊ရည်းစားဟောင်း ပြန်လာကိန်းရှိသည် ၊ Rsများအနေနဲ့ မိမိအလုပ်သာ မိမိအရေးပေးနေတတ်သည်၊ ကြားလူသွေးထိုး၍ ပြဿနာတတ်၏
Single များအနေနဲ့ ဘ၀တတ်လမ်းကိုသာ ဦးစားပေးနေမည်

ကျန်းမာရေး - ခြေတဖက်ခိုက်မိခြင်း ၊ ဘယ်ဘက်အခြမ်းထုံကျင်ခြင်းဖြစ်တတ်၏ ၊ အာရုံကြောနဲ့ ပတ်သတ်သော ရောဂါများခံစားရတတ်၏

တနင်္ဂနွေ သားသမီးများအနေနဲ့ ဒီလလေးမှာ
ကိုပြုသည့်ကံ ပဲ့တင်သံ ကို့ထံပြန်လာမည် ဆိုတဲ့ စကားအတိုင်း
ဒီလမှာ ကောင်းသောအရာများကို ဤလထဲ ကြိုးစားဆောင်ရွက်ပါ

ယတြာ - မနက်ခင်းဘုရားမှာ အ‌မွှေးတိုင် ဆယ်တိုင် ကပ်လှူပူဇော်ပါ ၊ အညံလေးများ ကြုံရသော် ‌ငှက်ကလေး၊ စာကလေးများအား ဆန်သက်စေ့ပုံ၍ အညံ့များမှ လွတ်မြောက်စေရန် ဆုတောင်းပါ


တနင်္ဂလာသားသမီး

စီးပွားရေး - ကြိုးစားသမျှအရာထင်နေမည် ၊ ပူးပေါင်းဆောင်ရွက်ခြင်း သတင်းစကားများကြားရတတ်သည်၊ စာချုပ်စာတမ်းကိစ္စများ အထမြောက်အောင်မြင်မည်

အလုပ်ကိုင် - အလုပ်မှာ မပျော် ပြောင်းရွှေ့ခြင်းများလုပ်နေချင်စိတ်များနေမည် ၊ လုပ်ဖော်ကိုင်ဖက်များဖြင့် ပျော်ပါးစားသောက်ခြင်းများ ကြုံရတတ်သည်

ငွေကြေး - ငွေကြေးကံကောင်းသည်၊ ကိုပိုင်စီးပွားရေးလုပ်ဆောင်ရန် အကူညီကောင်းများ သို့ အရင်းနှီးများရတတ်သည်

လူမှုရေး - မင်္ဂလာပွဲ ၊အလှူပွဲများသွားရတတ်၏ ၊ လူအများချစ်ခင်ခြင်းခံရနေမည်

အချစ်ရေး - အလွန်ကောင်း ၊
ရည်းစားမရှိသူများ ရည်းစားရတတ်၏
( အမွှေးနံ့သာ အသုံးပြုပေးပါ)

အိမ်တွင်းရေး /အိမ်ထောင်ရေး - ငွေ၀င်ပြီး မိသားစုပျော်ရွှင်ရခြင်းများ၏၊အိမ်မကပ်ဘဲ အပြင်မှာသာ သွားလာနေရတတ်၏

ပျောက်ဆုံးနေသော မိမိကိုယ်ကို ပြန်လည်တွေ့ရှိလာမည်

ကျန်းမာရေး - ရေနဲ့ပတ်သတ်၍ ဂရုစိုက်ပေးရမည် ၊
အမျိုးသမီးများ ခေါင်းနဲ့ ပတ်သတ်ပြီး သတိထားရမည်

အင်္ဂါသားသမီး

စီးပွားရေး - ခက်ခဲနေသောကိစ္စများနဲ့ ကြုံကြိုက်ရတတ်၏၊
ကြံရာမရဖြစ်နေသောကိစ္စများ ကြံပြီး ရှစ်ရက်အကြာမှ အထမြောက်အောင်မြင်တတ်၏

ငွေကြေး - ရှိတာနဲ့ရောင့်ရဲတင်းတိမ်နေတတ်၏ ၊ ဘာသာရေးအလှူအတန်းပြုရတတ်၏

အလုပ်ကိုင် - အခွင့်ရေးသစ်များ ၊အလုပ်ကိုင်သစ်များရတတ်၏၊
အမျိုးသမီးတဦးဦးဆီမှ အကူအညီရတတ်၏

လူမူရေး - သူများပြသနာဖြေရှင်းပေးရတတ်၏ ၊
ဓားခုတ်ရာလက်လျိုတာမျိုးဖြစ်တတ်သည် ၊ မိမိကိစ္စမဟုတ်လျှင် ၀င်မပါပါနဲ့

အချစ်ရေး - ဗျာများနေရတတ်၏ ၊ လူစည်နေသော်လည်း ရင်ထဲမှာတယောက် ၊ ဘေးမှာရှိနေတာတယောက်ဖြစ်တတ်၏
Single များအနေနဲ့ အရင်လူကိုဘဲ သတိရနေတတ်၏

အိမ်ထောင်ရေး - စိတ်မောနေရမယ် ၊ ၃နဲ့ ၄ လိုဘဲ လူချင်နီးပြီး ရင်ဘတ်ချင်းဝေးနေကြတတ်၏

ကျန်းမာရေး - စိတ်ကျန်းမာရေး အလေးပေးပါ ၊
စိတ်ပျော်အောင်နေထိုင်ရန် အရေးကြီးသည် ၊ အပူရှပ်တတ်တယ်

ယတြာ -မနက်စောစော အိမ်ရှေ့မှာ ရေပက်ဖြန်းပေးပါ၊
ရေအလှူပြုလုပ်ပေးပါ
ဗုဒ္ဓဟူးသားသမီး

စီးပွားရေး - ပညာရေး သို့ ပညာရပ်ဖြင့်ရှာဖွေနေသူများ ထူးထူးခြားခြား ကံအားကောင်းမည် ၊

လုပ်ကိုင် - ရွှေးချယ်စရာပေါ်လာမည် ၊ လုပ်ငန်းနဲ့ ပတ်သတ်သော သင်တန်းတတ်ရတာမျိုးကြုံတတ်သည်
မှားယွင်းသောဆုံးဖြတ်ချက် မချမိစေရန်သတိထားပါ

ငွေကြေး - မလိုအပ်ဘဲ သုံးဖြုန်းနေတတ်၏ ၊ ငွေ၀င်ငွေထွက်မည်
အသောက်အစား အပျော်အပါးကြောင့် ငွေကုန်ကြေးကျများတတ်၏

လူမှုရေး - ငါ ဝါဒအစွဲများနေမည် ၊ အထက်လူကြီး မျက်နှာပေးခံရသကဲ့သို့ မိမိပေါ့ဆမှုကြောင့် အမျက်ဒေါသထွက်တာ ခံရတတ်၏ ၊ မိမိ၏ ရိုးရာနတ်များ၊ မိဆိုင်ဖဆိုင် နတ်များကို မေ့လျှော့ခြင်း မပြုသင့်ပေ

အချစ်ရေး - မာနကြောင့် ချစ်သောသူနဲ့ ဝေးနေရတတ်၏
Single များအနေနဲ့ မည်သူကိုရွှေးချယ်ရမှန်းမသိဖြစ်တတ်သည်

အိမ်ထောင်ရေး - ကြားလူပေါ်တတ်သည်

ကျန်းမာရေး - ထိခိုက်ရှနာခြင်း ၊ ကိုယ်တွင်းအင်္ဂါနဲ့ ပတ်သတ်၍ ဂရုစိုက်ပါ

မကြာမီကာလအတွင်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချရဖို့
အကြောင်းကိစ္စလေးတွေ ဖြစ်လာပါမယ်

ယတြာ - စိတ်အလိုလိုက်တာလေးရှောင် အကြောင်းအရာတခုခုကို မပြုလုပ်မီ ခေါင်းအရင်သုံးပေးပါ ၊ ယက်နှစ်လက် ဘုရားမှာလှူဒါန်ပေးပါ
ကြာသပတေးသားသမီး

စီးပွားရေး - အပြိုင်အဆိုင်လုပ်ကိုင်ရတတ်တယ်
အောင်မြင်မှုဆွတ်ခူးနိုင်မယ် ၊ လုပ်ငန်းတိုးချဲ့ရတတ်တယ်

အလုပ်အကိုင် - လက်အောက်ငယ်သားများရဲ့ အလေးပေးမှုခံရမည် ၊ နေရာအပြောင်းအရွှေ့ကြုံရမယ်

လူမူရေး - လူများနဲ့ စုပေါင်းဆောင်ရွက်ရသောကိစ္စများနှင့် ကြုံကြိုက်ပါ၀င်ရတတ်သည်

ငွေကြေး - မိမိကိုယ်တိုင်ရှာဖွေသောငွေများနှင့်အလှူအဒါန်းပြုရတတ်သည် ၊ လက်ထဲ စုစုစည်းစည်းရှိမည်

အချစ်ရေး - အပြိုင်အဆိုင်ပေါ်မည် ၊ ရပ်ဝေးကလူနှင့် မေတ္တာမျှတတ်၏

အိမ်တွင်းရေး - ပျော်ရွှင်ဖွယ်ကောင်းသော သတင်းကောင်းကြားရတတ်၏

ကျန်းမာရေး - ခါးနာခြင်း ၊အရေပြားနှင့် ပတ်သတ်သော ရောဂါများ ဂရုစိုက်ပေးပါ

ယတြာ - သနပ်ခါးလိမ်းခြယ်၍ တနေ့တာကို အစပြုခြင်း ၊ တလျှော်ကင်မွန်းဖြင့် ခေါင်းဆေးမင်္ဂလာပြုပေးပါ
သောကြာသားသမီး

စီးပွားရေး - အရာရာ မိမိထိန်းချုပ်မှုအောက်‌တွင်ရှိနေမည်

ငွေကြေး - ရင်းနှီးမြုပ်နှံမှုမှ ငွေကြေးရမည် ၊မထင်မှတ်သောသူဆီမှ မုန့်ဖိုးရတတ်သည်

လူမူရေး - လူစည်နေတတ်သည် ၊ မိမိမှာ ပင်တိုင်စံ ဧည့်ခံနေရမည် ၊ အပေါင်းသင်း မိတ်ဆွေသစ်ပေါ်မည်

အချစ်ရေး - သမီးရည်းစားနှင့်ဆက်ဆံရေးတွင် မိမိကိုယ်ကိုထိန်းချုပ်ခြင်း ၊ မာနထားခြင်း ရှောင်ရှားပေးသင့်သည်
ငယ်ရွယ်သူများအဖို့ မေတ္တာရေးဆိုသူများ ပေါ်လာမည်

အိမ်တွင်းရေး - မိခင်ကြောင့် စိတ်သောကများရတတ်၏

အိမ်ထောင်ရေး - မိမိ၏ အိမ်ထောင်ဘက်မှ ‌ေဆွမျိုးများကြောင့် စိတ်ရှုပ်ရတတ်သည်

ကျန်းမာရေး -ကြွက်သားနာကျင်ခြင်း ၊ အအေးမိခြင်း ဖြစ်တတ်သည်

ယတြာ - ခြေလေးချောင်းပါသော သတ္တဝါအားအစာကျွေးပါ
စနေ သားသမီး

စီးပွားရေး - ကြံစည်သမျှအောင်မြင်မည် ၊ မိမိ၏ အစောင့်ရှောက်များ၏ ဆောင်မမှုကို ခံရမယ်

‌အလုပ်ကိုင် - မိမိ‌ကြံစည်သမျှ အထမြောက်ရန် ကြန့်ကြာနေတတ်သည်

ငွေကြေး - ငွေကြေးလာဘ်လာဘ တိုးပွားနေမည် ၊ ငွေအလုံးအရင်းရတတ်သည်

အချစ်ရေး - ပျော်ရွှင်ရတတ်သည် ၊ လူကြီးများကြောင့် စိတ်ရှုပ်ရတတ်သည် ၊ အမှတ်မထင် အိမ်ထောင်ကျတတ်သည်

လူမူရေး - လူများကြားထင်ပေါ်နေမည် ၊ မင်္ဂလာ သတင်းစကားကြားရတတ်သည်

အိမ်တွင်းရေး - အမျိုးသားတဦးဦးကြောင့် စိတ်မောရတတ်သည်
အမျိုးသမီးများထံမှ သတင်းကောင်းကြားရတတ်သည်

ကျန်းမာရေး - မိမိအိမ်မှ လူကြီးမိဘများကျန်းမာရေး ဂရုစိုက်ပေးပါ

ယတြာ - ငွေကြေး ပံ့သကူပစ်ပေးပါ ၊ သစ်ပင်ရေလောင်းပြီး ဆုတောင်းပါ

Comments