မိမိအတွက်တစ်စုံတစ်ယောက်ဆီကလာတဲ့စာအိတ်လေး




Pile1

တစ်ဖက်လူဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ကဖြစ်စေ နှစ်ပတ်ခန့်ကဖြစ်စေ အလုပ်တစ်ခုကိုကျကျနနလုပ်နေတာမျိုးလုပ်‌ေနရတာမျိုးရှိတယ် သူဟာရင့်ကျက်တယ်အရည်ချင်းရှိတယ် ပီးတော့smartကျတယ်ဆိုပါစို့ ဒီpileရွေးသူထက် အသက်ကြီးနေမယ်လို့ခံစားရပါတယ်

လက်ရှိသူ မင်းကိုပြောချင်တဲ့စကားလေးကတော့

သူအခုရက်ပိုင်း‌မှာအထီးကျန်နေပါတယ်တဲ့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရင်းနဲ့အချိန်ကုန်နေရတယ်အတူရှိစဉ် အဲ့ချိန်တုန်းကမင်းဘက်ကိုလှည့်မကြည့်နိုင်ခဲ့ဘူးတဲ့ ကို့ခံစားချက်တွေစကားတွေရယ်ကရောထွေးနေခဲ့ပါတယ်တဲ့နော် မင်းလဲကိုယ့်ခံစားချက်ကိုနားမလည်နိုင်ခဲ့ဘူး လက်ရှိမှာကိုယ့်အတွက်ကိုယ်ကြိုးစားနေရင်းမင်းဆီကိုလဲစိတ်ရောက်နေတယ်ပီးတော့ ဖြစ်နိုင်ရင်မင်းရှိရာနေရာ မင်းသွားလေ့ရှိတဲ့နေရာတိုင်းဘဲကိုယ်မင်းနဲ့အတူရပ်တည်ချင်ခဲ့တာပါတဲ့ အမှား‌တွေရှိခဲ့ရင်တောင် ကိုယ်ဟာမင်းရှိတဲ့အရပ်မှာနေပျော်သူမို့ မင်းနဲ့ပြန်ဆုံခွင့်ကံပါရင်ဆုံချင်ပါတယ်ကျန်းမာရေးဂရုစိုက်ပီး လိမ်လိမ်မာမာနေပါတဲ့နော်။
အတူတူဆက်ဆံရေးတစ်ခုကိုသ‌ဘောတူပြတ်ခဲ့ရတာမျိုးကြောင့်ဖြစ်စေ စိတ်မရှိဘဲတစ်ဖက်သတ်ထွက်ခွာခဲ့ရတာမျိုးဖြစ်စေ ခုချိန်ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့သဘောပါနော်
Maybe ex ဖြစ်နိုင်ပါတယ်
တစ်ချို့အတွက်ကျအထင်လွဲမှုတစ်ခု‌ေကြာင့်ထွက်ခွာသွားတဲ့သူဆီကပါနော်



Pile2

တစ်ဖက်လူဟာ နူးညံ့သိပ့်မွေ့တဲ့သူမျိုးဖြစ်တယ်
ကူညီတတ်တယ်အခြားလူတွေအတွက်ပါ ယုံကြည်ရသူမျိုးလို့တွေ့မြင်ရပါတယ် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေနူးညံ့ပါတယ်နော်ဒါပေမဲ့သူကဆေးလိပ်ဒါမှမဟုတ်တစ်ခုခုကိုအစွဲလမ်းရှိတဲ့လူလဲဖြစ်နိုင်ပီးအ‌ေပျာ်ပါးကြိုက်တဲ့လူလဲဖြစ်တတ်ပါတယ်

လက်ရှိသူမင်းကိုပြောချင်နေတဲ့စကားလေးကတော့

သူကရုန်းမရ‌ေအာင်ချည်နှောင်ထားတဲ့ကြိုးလေးကတော့မင်းပါတဲ့နော် ကိုယ့်မသိစိတ်ရောအသိစိတ်ရောကမင်းပါဘဲ လက်ရှိမှာမပျော်နိုင်စရာ ဝမ်းနည်းစရာ‌‌ တွေတွေးနေမှာလားတဲ့ အဝေးကိုမတွေးပါနဲ့ မင်းအနားမှာဒီတစ်ယောက်လုံးရှိနေပါသေးလို့ပြောနေပါတယ် မင်းနဲ့ဆိုကိုကတတ်ကြွပြီးလန်းဆန်းစေတာအမှန်ပါဘဲတဲ့ တစ်ခါတစ်ရံဆိုးမိမှားမိခဲ့တာရှိရင်ခွင့်လွှတ်ပေးပါတဲ့ နောက်ပြီးသူ့စိတ်ကမှန်းရခက်ပါတယ်နော် တစ်ခါတစ်ရံသူ့လုပ်မိတာတွေက မင်းအတွက်နာကျင်စေမှာသူသိပီးသားပါတဲ့ မင်းဂရုမပြုမိရင်တောင်သူအမှားကိုသူသိပါတယ်တဲ့ အဲ့လိုအရာတွေကိုမှ သူအတတ်နိုင်ဆုံးပြင်ဆင်ပါ့မယ်တဲ့နော်
စကားအမြဲပြောဆိုရင်းနှီးတဲ့လူထဲကလဲတစ်ယောက်ဖြစ်တတ်ပါတယ်


Pile3

တင်ဖက်လူက အရာတော်တော်များများမှာအလောတကြီးမလုပ်တတ်ဘူး step by step ဘဲသွားတတ်တယ် သူကလေစိတ်ပိုင်းဆိုင်ရာသန်မာတယ်ပြောလို့ရတယ် အေးဆေးတယ်အဲ့လိုပုံမျိုးလေးပါ တစ်ခုတော့ရှိတယ် တစ်ခါတစ်ရံကျဘုကန့်လန့်လဲလုပ်တတ်တာမျိုး or အပြောအဆိုမတတ်တာမျိုး ရှိနေတတ်ပါတယ်

လက်ရှိ သူမင်းကိုပြောချင်တဲ့စကားလေးကတော့

ဘာအတွက်မှ မင်းခံစားချက်တွေကိုဖုံးကွယ်ထားစရာမလိုပါဘူး ဝမ်းနည်းနေတဲ့ခံစားချက်ဖြစ်စေ မင်းကြာကြာမဖုံးထားနိုင်ပါဘူးတဲ့ အေးစက်လွန်းတဲ့အနေထားတွေဟာလဲ ဝေးကွာနေတဲ့ခံစားချက်တွေလိုပုံစံရှိပါတယ် ခံစားချက်အမှန်တိုင်းလုပ်ပါတဲ့သူရှိနေပါတယ်တဲ့ ဒါပေမဲ့ ဖြစ်သင့်တာဘဲလုပ်ပါတဲ့ ခံစားချက်ကိုရှေ့တန်းမတင်ပါနဲ့တဲ့ အပြောင်းအလဲတွေရှိရင်လဲ ရှောင်လွဲမရပါဘူး မင်းစိတ်ပျော်မနေဘူးလို့သူခံစားမိပါတယ်တဲ့ သူကတော့မင်းအနားမှာအမြဲရှိနေအုန်းမှာပါတဲ့မင်းနားနေရတာအေးချမ်းပါတယ်တဲ့ အကောင်းဆုံးနဲ့အမှန်ကန်ဆုံးဖြတ်သန်းဖို့သူပြောချင်နေတာပါ။
တစ်ချို့အတွက်က ကိုယ့်ကိုတိတ်တိတ်လေးCrushပီးသ‌ဘောကျသူထဲကဖြစ်နိုင်ပါတယ်
အနားကသူငယ်ချင်းလေးလဲဖြစ်တတ်ပါတယ်။


Comments