ရည်ရွယ်ထားတဲ့သူနဲ့ ရှေ့ဆက်အဆင်ပြေနိုင်မလား....

ရည်ရွယ်ထားတဲ့သူနဲ့ ရှေ့ဆက်အဆင်ပြေနိုင်မလား....




Pile1: ရည်ရွယ်ထားတဲ့သူနဲ့ ရှေ့ဆက် အဆင်ပြေပါလိမ့်မယ်၊ သူနဲ့ကို ဆက်ဆံရေးက အရင်ထက် ပိုအသက်ဝင်တာမျိုး၊ ကို့အပေါ် ပိုချစ်လာတာမျိုး၊ နှစ်ယောက်သား ရှေ့ဆက်သွားရမယ့် ခရီးလမ်း အနှောင့်အယှက်မရှိ ဖြောင့်ဖြူးဖို့လဲ ရာခိုင်နှုန်းများနေပါတယ်ဗျ..


Pile2: ရှေ့ဆက် ပိုအဆင်ပြေလာမယ့် နိမိတ်ပါပဲ...ရှေ့လျှောက် ချစ်ခြင်းနဲ့အတူ ကိုရည်ရွယ်ထားသူက ကို့အပေါ် မျက်စိကျခြင်းမျိုး ရှိလာပါလိမ့်မယ်၊ ကြည်နူးပျော်ရွှင်ဖို့ 65%ပါပဲ၊ crush ရှိနေသူတွေလဲ crushနဲ့ အရင်ထက် နွေးထွေးတဲ့ဆက်ဆံရေးပိုင်ဆိုင်ရပါလိမ့်မယ်၊ ရှေ့လျှောက် posstive ship ခံစားရနိုင်ပြီး pile ရွေးသူရဲ့ ဘယ်ဆက်ဆံရေးမဆို ရင်ကြားစေ့ဆက်ဆံရေး အသွင်ဖြင့် အဆင်ပြေပါလိမ့်မယ်ဗျ..


Pile3:ရှေ့လျှောက် အဆင်ပြေဖို့ဆိုရင် တလွဲမာနကို ခဝါချသင့်ပါတယ်၊ မာနချင်းပြိုင်တာမျိုးမလုပ်သင့်ပဲ ရှေ့ဆက်သွားမယ့် ဆိုရင်တော့ အဆင်ပြေပါလိမ့်မယ်၊ အဲ့လိုမဟုတ်ပဲ သူလည်း မာနရှိသလို ကိုလဲ မာနရှိတယ်ဆိုပြီး တလွဲ ဆံပင်ကောင်းနေရင်တော့ ရှေ့ဆက်အဆင်ပြေဖို့ ရာခိုင်နှုန်းနည်းပါလိမ့်မယ်၊ ရည်ရွယ်ထားတဲ့ သူနဲ့ ရှေ့ဆက် အဆင်ပြေချင်ရင် ကို့ရဲ့မာနနဲ့အတ္တကို တထစ်လျော့ပေးမှ အဆင်ပြေပါလိမ့်မယ်နော်..