လက်တစ်လော ကံတရား



1...
အခုလက်တစ်လောမှာ control အရမ်းလုပ်ချင်နေတယ် အချစ်ရေးမှာဖြစ်စေ အလုပ်ခွင်၌ဖြစ်စေ မိမိစိတ်တိုင်းကျတစ်ဖက်လူကို ပုံဖော်ချင် ထိန်းချုပ်ချင်တာတွေ့ရတယ်။

အချစ်ရေးမှာ မိမိကချုပ်ချယ်နေပေမဲ့လဲ ကိုယ်ပင်ပန်းတာကိုယ်ပဲသိတယ်ဆိုတာမျိုး ကိုယ်က မေတ္တာတရား နှလုံးသားကို ဦးစားပေးတဲ့အတွက် ကံတရားက ကိုယ့်ရဲ့စိတ်ထားကောင်းမွန်မှုကြောင့် အခုချိန်မှာမျက်နှာသာပေးခံရတတ်တယ် ကိုယ်ကလုပ်ငန်းခွင်ထဲမှာဂျူနီယာဖြစ်နေရင်တောင်မှ မျက်နှာသာပေးခံရတာ ချီးကျူးခံရတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်။

လက်တစ်လောသတိထားရမှာကအပေါင်းအသင်းလေးတွေပါ အခုလက်ရှိကိုယ်နဲ့ဆက်ဆံပြောဆိုနေတဲ့လူတွေက အပေါ်ယံပါပဲ မယုံကြည်တာမျိုး လုပ်ငန်းခွင်မှာဆိုလဲ  သို၀ှက်ထားတာမျိုး တွေ့ရတယ် ကိုယ်ကလဲသူတို့ကိုမယုံကြည်ပဲ သတိထားပေါင်းသင်းနေတာမျိူးတွေ့ရတယ်။သတိထားနေရင်းကနေ ကိုယ့်ရဲ့ စိတ်ကြောင့် အလုံးစုံပစ်ယုံပြီးပေါင်းသင်းတာမျိုးတွေ မလုပ်ပါနဲ့လို့မှာချင်ပါတယ်။


2....
 အခုလက်ရှိမှာ ဘယ်နေရာပဲရောက်ရောက်ဘယ်အခြေအနေမျိုးမှာပဲဖြစ်စေ မိမိဘာသာလုပ်ကိုင်ဆောင်ရွက်ဖို့လိုနေတဲ့အချိန်ဖြစ်တယ် လမ်းပြသူကလမ်းပြနေပြီး မိမိဘက်က ဘာမှactionမရှိဘူးဆို ဒီကာလမှာ ဘာမှဖြစ်လာမှာမဟုတ်ဘူ။

မိမိဘက်က သာကြိုးစားပြီးလုပ်မယ်ဆို အစစအရာရာအဆင်ပြေလာလိမ့်မယ်အထူးသဖြင့် လူမှုရေးမှာ အပေါင်းအသင်းတိုးပွားလာပြီး မိမိဘာလုပ်လုပ်အောင်မြင်လာမယ် ကူညီမဲ့သူတွေပေါလာလိမ့်မယ်။ဒီကာလထဲမှာ ကံအကောင်းဆုံးလို့ပြောရမယ်မိမိရဲ့ကြိုးစားအားထုတ်မှုကနေ အသီးအပွင့်တွေခံစားရမယ်။

မှာစရာဆိုလို့ အပျင်းကြီးပြီးဘာမှမလုပ်တာတွေ မလုပ်နိုင်ပါဘူးဆိုပြီး လွယ်လွယ်လက်လျော့တာလေးတွေကိုလျော့ပြီးကြိုးစားကြည့်ပါဆင်ပြေလာပါလိမ့်မယ်။

Comments