သင့်ကို သတိရပြီး သင်နဲ့အတူရှိချင်နေသူက ဘယ်သူဖြစ်မလဲ??



Pile-1
သင့်ကိုသတိရနေမယ့်သူကတော့ သင့်ကိုချစ်တဲ့သူ တဦးတယောက် သိူ့်မဟုတ် သင့်ရဲ့မိခင် ဖြစ်ပါတယ်နော်. သင်က အဝေးတနေရာမှာရောက်နေတယ်ဆိုရင် သင့်မိခင်က ဒီလိုရက်တွေမှာ သင့်ကိုပြန်လာစေချင်ပြီး သင်နဲ့အတူ အချိန်တွေဖြတ်သန်းချင်နေတာပါနော်. သင့်ကိုချစ်တဲ့သူကတော့ သင်နဲ့အတူ တူ သင်္ကြန်ကိုဖြတိသန်းချင်တာမျိုး သင့်ဘေးမှာ ရှိနေချင်တာမျိုး ဖြစ်တဲ့အတွက် သင်နဲ့ ညှိနှိုင်းဖို့လေးတွေ သူ့ဘက်က လုပ်ဆောင်လာပါလိမ့်မယ်နော်. သင်နဲ့အတူ ခရီးထွက်ချင်တာလေးတွေလဲ စိတ်ကူးယဉ်နေပါသေးတယ်.


Pile-2
သင့်ကို သတိတရ နဲ့သင်္ကြန်ရက်တွေမှာ အတူတူရှိနေချငိသူကတော့ သင့်ရဲ့ ချစ်သူ သို့မဟုတ် သင့်ဘေးမှာ အချစ်ရေးနဲ့ပက်သက်နေတဲ့သူ ဖြစ်ပါတယ်နော် . သူက သင်နဲ့အတူ ကြည်နူးစရာတွေ အမှတ်တရတွေ ဖန်တီးချင်တာမျိုး နောက်နှစ်တွေထိ အမှတ်ရနေအောင်သူ ​ကကြိုးစားချင်သူပါ. ပျော်စရာ အလည်အပတ်လေးတွေ ခရီးကိစ္စလေးတွေ ပြုလုပ်ချင်စိတ်လဲ သူ့မှာ တွေးထားပါတယ်. ဒါမယ့် သူ့မှာလဲ တခြားသောကိစ္စလေးတွေရှိနေတတိတာမို့ ချင့်ချိန်နေရင်း သင်နဲ့အတူ အချိန်ကုန်ဆုံးချင်တဲ့ သူ့စိတ်ကူးတွေကို အကောင်ထည်ဖော်ဖို့က တော့ ဆုံးဖြတ်ချက်မချန်ုင်သေးပါဘူး .


Pile-3
သင့်ကို သတိရနေမယ့်သူကတော့ သင်ကောင်းခဲ့သလောက် သင့်အပေါ် အနိုင်ယူခဲ့တဲ့ သင့်ကိုစွဲလမ်းချစ်ခင်ခဲ့ဖူးတဲ့ exပါနော် . သင်တို့ကြားသင်္ကြန် အမှတ်တရလေးတွေရှိခဲ့တယ်ဆိူရင် သူက အတိတ်က သင်နဲ့နေ့ရက်တွေအကြောင်းပြန်တွေးရင်း သင့်ကို တမ်းတ စိတ်ကူးယဉ်နေတတ်ပါတယ်. သင်္ကြန်အမှတ်တရ မရှိခဲ့ဖူးဆိုရင်တောင် သင်နဲ့ တကြိမ်တခါတော့ ဒီလိုရက်တွေမှာ အတူဆုံရရင်ကောင်းမှာပဲဆိုပြီး တွေးတောနေတတ်ပါတယ်.ဒါပေမယ့်လဲ သူက အတ္တကြီးသူပီပီ သူ့ဘက်ကတော့ စတင်ပြီး ပြန်လည်ပက်သက်ဖို့ကို သူမလုပ်ချင်ပါဘူး. စိတ်ကူးသာရှိပြီး လက်တွေ့မှာကျ လုပ်ဆောင်မှုခဲယဉ်းပါလိမ့်မယ်.

Comments