ပုံတစ်ပုံ ရွေးဖတ်ပေးပါ

ပုံတစ်ပုံ ရွေးဖတ်ပေးပါ




Pile1-ကိုအနေနဲ့ စိတ်တွေက ပြတ်သားနေတရ်တာပေါ့နော်
လုပ်ချင်ရာကိုပဲ ဇွတ်တရွတ်လုပ်တာမျိုးတွေဖြစ်လာမယ်

-တစ်ခါတစ်ရံမှာတော့ စိတ်ခံစားချက်အထွေးအထူးမရှိပဲ
အကြောင်းအရာတစ်ခုခုပေါ်မှာတွေဝေတက်တာမျိုး
ကြုံတက်တယ် ဘာလုပ်လို့ဘာကိုင်ရမလည်း
ဖြစ်နေတက်တယ်

--ကိုယ့်ကိုတားဆီးနေတဲ့အရာတွေရှိခဲ့ပြီး နာကျင်စရာတွေ
ဆီကနေ စွန့်ခွာနေချင်တယ် အရာရာကိုအသစ်ကပြန်စချင်နေမယ် ဘယ်သူ့မျက်နှာမှ မကြည့်ပဲ လုပ်ကိုင်ပစ်ချင်စိတ်တွေရှိနေတက်တယ်

- အချစ်ရေး လူမှု့ရေးကိစ္စတွေကို ဒီရက်ပ်ိုင်းဂရုစိုက်ရလိမ့်မယ် စကားများရတာမျိုး စိတ်အလိုမကျတက်တာ ညှိနှိုင်းလို့မရတဲ့ ကိစ္စလေးတွေကြောင့် အဆင်မပြေတာမျိုးကြုံတက်တယ်

-ငွေရေးကြေးရေးပိုင်းကိစ္စတွေမျာ ဆိုးဆိုးဝါးဝါးမဟုတ်ပဲ
ပုံမှန်တိုင်းလည်ပတ်နေတာ ပညာရေးကိစ္စနဲ့ပတ်သက်ပြီး
အောင်မြင်မှု့တွေရနိုင်လိမ့်မယ် ကိုယ့်ကိုကူညီပေးမဲ့လူတွေလည်း ကိုယ်ရဲ့အနားမှာ တစ်ဦးထပ်မကရှိနေတက်တယ်။


Pile2

-ကိုယ်လုပ်နေတဲ့အရာက လူအများကြားမှာ ထင်ပေါ်ပြီး နာမည်ရတက်ပေမဲ့ ကိုယ်ထင်ထားသလောက် မအောင်မြင်တာမျိုးတွေ ဝင်ငွေနည်းတာမျိုးတွေဖြစ်တက်ပါတယ်

-ငွေရေးကြေးရေးကိစ္စလေးတွေမှာ ပေးစရာကမ်းစရာလေးတွေ တစ်ခုထပ်ပိုပြီးရှိနေတက်ပါတယ် အလုပ်နှစ်ခုလုပ်ဆောင်နေရတာမျိုးတွေဖြစ်တက်တယ်

- လတ်တလော ငွေကုန်လွယ်နေတက်တယ် တစ်ခုခုဆို ဝယ်လိုက်တာ လုပ်တက်တာလေးတွေရှိနေတယ်

-ပညာရေးတို့အနုပညာတို့ဘက်မှာ ကိုယ်ကဝါသနာပါတာ
လုပ်ကိုင်ကိုင်ချင်စိတ်ကလေးတွေရှိနေတာ စမ်းကြည့်ချင်နေတာမျိုးလေးတွေရှိတယ် ကိုယ့်ကိုကိုယ်လည်း လုပ်ရင်
အဆင်ပြေမှာပဲဆိုတဲ့ ယုံကြည်ချက်လေးရှိနေတက်တယ်

-အချစ်ရေးကိစ္စ လူမှု့ရေးကိစ္စတွေမှာဆို ကိုယ်ကပေးဆပ်လွန်းပြီး အဆင်မပြေတာမျိုးတွေ ကြုံရတက်တယ်
ဘာနေနေဂရုတစိုက်တွေးပေး ရှိပေးတဲ့လူမို့ ခံစားရတာမျိုးဖြစ်တက်တယ်

-ကျန်းမာရေးကိစ္စအဆင်မပြေတာမျိုးဖြစ်တက်တယ်
ငွေထွက်ပြီးမှ နေပြန်ကောင်းတာမျိုးဖြစ်လိမ့်မယ်

-လုပ်ချင်ပြီဆို ​ဘာကိုမှမတွေးတက်တဲ့အကျင့်ကလေးကိုပြင်ရလိမ့်မယ်


Pile3

-ကိုယ်စိတ်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေးနေချင်နေတာမျိုးရှိတယ် တခြားလူ ဘာဖြစ်ဖြစ်မသိချင်တော့တာရှိတယ် ကိုယ်ရဲ့ခံစားချက်ကိုပဲ ဦးစားပေး ချစ်နေတက်တယ်

-ကိုယ်က ဒါလုပ်ချင်တယ်ဆို ဒါပဲလုပ်တက်တဲ့
အကျင့်ကလေးရှိနေတက်တယ် ဘေးကကောင်းတယ်
ဆိုးတယ်ပြောတာတွေကို ခေါင်းထဲသိပ်မထည့်တက်ဘူး
ကိုယ်မှန်တယ်ထင်ရင် လုပ်တက်တဲ့သူမျိုး

-ကိုယ်ချစ်ရတဲ့ သဘောကျရတဲ့အရာဆို ဘယ်လိုအခြေမှာပဲ ရောက်နေနေလက်မလွှတ်တက်ဘူး

-အချစ်ရေးကိစ္စတွေမှာ အဆင်မပြေစရာလေးတွေကြုံတွေ့လာတက်တယ် ပြသနာကို ကိုက အစပြုတာမဟုတ်ပေမဲ့
ကိုယ့်ကိုထိလာရင် ခွင့်မလွှတ်တက်တာ အကြောတင်းတက်တဲ့ပုံစံလေးတွေရှိတယ် အချစ်ရေးမှာဆို အပြန်အလှန် နွေးထွေးဂရုစိုက်​ပြီး နူးညံ့တဲ့လူမျိုးလေးဖြစ်ချင်တယ်

-တချို့အရာတွေမှာ ကိုယ်တိုင်တောင်နားမလည်ပဲ
လုပ်လိုက်မိတဲ့ဟာတွေကြောင့် ကိုယ့်ကိုစိတ်ထိခိုက်
စေတက်တယ် ဂရုစိုက်နေထိုင်ပါ