သင့်အတွက်မေလ့ကံဇာတာ

သင့်အတွက်မေလ့ကံဇာတာ



Pile 1

ဒီလထဲမှာ ကျန်းမာရေးပို ဂရုစိုက်ပေးပါ အလုပ်များတာ အလုပ်ပင်ပန်းတာကြောင့် အားနည်းပြီးလဲနိုင်ပါတယ်...
ငွေကြေး စီးပွားရေး အထူးလာဘ်ရွှင်ပါလိမ့်မယ် ငွေများများဝင်ချင်ရင် အလှူအတန်းလေးတွေပြုလုပ်ပေးပါ...
ပညာရေးနဲ့ပတ်သတ်ပြီး နိုင်ငံခြားသွားရင်တော့အကောင်းဆုံးလဖြစ်ပါတယ် စောင်ရန်ရှောင်ရန်တွေတော့ရှိပါတယ်...
အချစ်ရေးမှာ ဆက်ဆံရေးပိုမိုကောင်းမွန်လာမယ် Ex ကိုစောင့်နေတဲ့သူတွေ Ex ဆီကအဆက်သွယ်ရနိုင်ပါတယ် အသေးစိတ်စိတ်ဝင်စားရင် Luna ဆီမှာ personal Ex package reading မေးလို့ရပါတယ်...
Single တွေစန်းပွင့်မဲ့လလို့လည်းပြောလို့ရပါတယ်...


Pile 2

pile 2ရွေးသူတွေ ဒီလထဲမှာ ကျန်းမာရေးအထူး ဂရုစိုက်ပေးပါ သွေးကြောနဲ့ပတ်သတ်တာ ပိုဂရုစိုက်ပေးပါ ရာသီဥတုအပြောင်းလဲကြောင့် ရုတ်တရက်ဖြစ်သွားတာမျိုးကြုံရတတ်တယ်...
ငွေကြေးက အဝင်ကြမ်းသလို အထွက်လည်းကြမ်းပါမယ် စီးပွားရေးအသစ်လုပ်မဲ့သူတွေ ခဏစောင့်ဦးနော် မစသေးပါနဲ့ အရှုံးပေါ်တတ်ပါတယ်...သကြန်ပြီးမှ စလုပ်ပါ...
ပညာရေးကောင်းပေမဲ့ အချစ်ကြောင့်ပညာရေးမှာနှောင့်နှေးတာအမှတ်လျှော့တာဖြစ်တတ်ပါတယ်...ပညာရေး Package စိတ်ဝင်စားရင် Luna ဆီမှာ အသေးစိတ်မေးလို့ရပါတယ်...
အချစ်ရေးမှာ Single တွေ လာကြိုက်တဲ့သူရှိမယ် Rs သမားတွေ ဒီကာလမှာ စကားပြောအနည်းငယ်ဆင်ခြင်ပေးပါ နားလည်မှုပိုထားပေးပါ အဆင်ပြေအောင်ညှိနှိုင်းပါ...
လူမှုရေးအလွန်ကောင်းသောလဖြစ်တာမို့ အခွင့်လမ်းကောင်းတွေပေါ်လာတတ်တယ်...


Pile 3
pile 3သမားတွေအတွက်တော့ ဒီလို ကျန်းမာရေး ဒေါင်ဒေါင်မြည်နေပါမယ် ခေါင်းမူးတာလေးတော့ သတိထားပေးနော်နေပူထဲသိပ်မထွက်ပါနဲ့...
စီးပွားရေးအသစ်စမဲ့သူတွေဒီလထဲ စတင်လို့ရပါတယ် ငွေကြေးအလွန်လာဘ်ရွှင်မဲ့ကာလပါ...ငွေဝင်သလို အသုံးဖြုန်းကြီးတာလေးတွေလည်း လျှော့နော်...
ခရီးကံကောင်းပါတယ် ပျော်စရာခရီးဖြစ်မယ် အချို့တွေရည်းစားပါရနိုင်တယ်နော်ခိခိ...
Rsသမားတွေ အချစ်ရေးမှာ နားလည်မှုပြန်ယူပြီးအသစ်ပြန်စတင်လို့ကောင်းပါတယ် ပိုပြီးအချစ်တွေတိုးလာမယ်...
Single တွေတော့.....လာကြိုက်မဲ့သူတွေရှိပါမယ်နော်ခရီးသွားပါ...အိမ်ထဲပုန်းနေရင်တော့ ရည်းစားမရလောက်တော့ဘူးနော်...