မင်းကံကြမ္မာအလှည့်အပြောင်းတစ်ခု




Pile1: မင်းရဲ့ကံအလှည့်အပြောင်းကို နောက်၈လအကြာမှာကြုံရလိမ့်မယ် ။အဲ့ဒီအချိန်မှာ မင်းရဲ့ခံယူချက်တွေ ၊အတွေးအခေါ်တွေရင့်ကျက်ပြီး လက်ရှိနဲ့မတူပြောင်းလဲလာတာကို ခံစားမိလာမယ် ။မင်းကိုယ်မင်းယုံကြည်မှုရှိတဲ့လူတစ်ယောက်ဖြစ်နေပြီး မင်းနဲ့ပတ်သက်သမျှအရာရာကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့လူတစ်ယောက်အဖြစ် မြင်တွေ့ရပါလိမ့်မယ် ။အဲ့အချိန်မှာ မင်းအနားမှာ ယုံကြည်အားကိုးလို့ရတဲ့လူတစ်ယောက်လည်း ရှိနေလိမ့်မယ် ။တချို့ကတော့ တိလေးတစ်ကောင်မွေးထားဖြစ်လိမ့်မယ် ။မင်းရဲ့အိပ်မက် မင်းရဲ့ရည်မှန်းချက်တွေနဲ့နီးလာနေတဲ့အချိန်လည်းဖြစ်တယ် ။လက်ရှိမင်းနဲ့ နောက်၈လအကြာမှာရှိနေတဲ့မင်း အများကြီးပြောင်းလဲသွားမှာတော့မဟုတ်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ လုပ်နိုင်စွမ်းတွေများစွာတိုးတက်နေမှာတော့ အသေအချာပါပဲ ။


Pile2: မင်းရဲ့ဘဝအသစ်ကို နောက်တစ်နှစ်အကြာမှာစတင်ဖြစ်လိမ့်မယ် ။အဲ့ဒီအချိန်မှာ မင်းကအတော်များများပြောင်းလဲနေပြီ ။မင်းဖြစ်ချင်တဲ့အရာတွေ မင်းလုပ်ချင်တဲ့အရာတွေအတွက်စွန့်စားရဲနေပြီ ။သတ္တိတွေအပြည့်နဲ့စတင်လုပ်ဆောင်နေပြီ ။ဒါလုပ်လိုက်ရင် အဆင်ပြေပါ့မလား မှားသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးတွေလည်း မင်းမှာရှိမှာမဟုတ်တော့ဘူး ။အဲ့အချိန်မှာ မင်းခေါင်းထဲမှာတစ်ခုပဲရှိတယ် ။မင်းလုပ်ချင်တာကိုလုပ်ရဖို့ဆိုတာတစ်ခုပဲ ။ကျရှုံးမှာတွေ အောင်မြင်မှာတွေထက် ဘာပဲဖြစ်ဖြစ်လုပ်ကြည့်မယ်ဆိုတဲ့စွန့်စားချင်စိတ်က ကြီးစိုးနေမှာဖြစ်တယ် ။နောက် မင်းမှာ တာဝန်တစ်ခုလည်းရှိနေနိုင်တယ် ။အကြောင်းအရာတစ်ခုအပေါ် မင်းတာဝန်ယူထားရတာ ၊မင်းကိုယ်တိုင်ကလိုလိုချင်ချင်နဲ့ကို လုပ်ဆောင်နေတဲ့အရာတစ်ခုပဲ ။ဒါကြောင့် ကြီးလေးတယ်လို့ခံစားရမှာမဟုတ်ဘဲ အဲ့ဒီအတွက်လည်းမင်းကကျေနပ်နေမှာပါပဲ ။နောက်တစ်နှစ်အကြာမှာ မင်းရဲ့စိတ်ပိုင်းဆိုင်ရာက လူအသစ်တစ်ယောက်ကိုခံစားနေရပါလိမ့်မယ် ။

Comments