စည်းစိမ် ခံစားရမယ့် နှစ်လား




Pile1:မျှော်လင့်ထားသလို ဖြစ်နိုင်တယ် ရလာနိုင်တယ်ရယ်...

မင်းအတွက် ကံကောင်းလွန်းတဲ့ နှစ်တစ်နှစ်ဆိုလည်း မမှားဘူး။

ကံတရားက မျက်နှာသာပေးလွန်းတဲ့ နှစ်၊ လိုအင်တွေ အပြင်

ထိုက်သင့်တဲ့ စည်းစိမ်အကျိုး ကောင်းခြင်းတွေကို အပြည့်အဝ

ခံစားခွင့် ရလိမ့်မယ်နော်။ သူများထက် ပိုထူးခြားကံကောင်းမှာ။

သိပ်ကို တောက်ပနေပြီး အကြောက်ရွံ့ကင်း လိုတရ ပုံရိပ်မြင်တယ်။


Pile2:လက်ရှိ အလုပ်၊ လမ်းကြောင်း စတဲ့အရာကိုပဲ အာရုံစိုက်ပါ....

အပြောင်းအလဲ အသစ်ဆန်းတွေ မလုပ်မိ မရွေးမိစေနဲ့နော်။

မင်းကြိုးစားနေတာ အတွက် ကူညီဖေးမပေးမယ့် စွမ်းအင်တွေ

ခွန်အားတွေ ရှိနေလို့ လမ်းကြောင်း ၁ခုထဲကို အဆုံးထိသွားနော်။

စည်းစိမ်တွေ အများကြီး ခံစားထိုက်တယ်။ အရင်တုန်းကထပ်

အလွန်ကို တိုးတက်လာပြီး ချစ်ရသူတွေကို ထောက်ပံ့နိုင်လိမ့်မယ်။


Pile3:အချိန်ကိုတန်ဖိုးထားပြီး အလုပ်လုပ်ပါနော်။ ကြိုးစားမှုတွေ....

ဒီနှစ်ထဲ အရာထင်လိမ့်မယ်။ ပိုင်ဆိုင်မှု အသစ်၊ စည်းစိမ်အသစ်

ငွေတွေ ဒါတွေကိုလည်း အသေချာကို စုဆောင်းမိနိုင်လိမ့်မယ်။

စိတ်နှစ်ကိုယ်နှစ် အသေးစိတ် အလုပ်လုပ်ပါ။ စည်းစိမ်အကျိုးတွေ

ရမယ့်နှစ် ဖြစ်သလို ပိုင်ဆိုင် အုပ်စိုးခွင့် ရမယ်။ ငွေတွေ စုမိနိုင်

အောင် အခုထဲက ပြင်ဆင်ပါ။ အကောင်းဆုံးတွေ ခံစားခွင့်ရမယ်။

Comments