“တစ်ဖက်လူကကိုယ့်ကို ဘယ်လို မြင်နေလဲ”






Pile1:သင်က ဉာဏ်ကောင်းတယ် ဆိုတာ သူသိပါတယ်။ ဒါပေမယ့် ထက်မြက်တာမျိုးထက် ဉာဏ်နီဉာဏ်နက်များတဲ့ ပုံစံဘက်ကို ပိုရောက်တာကိုလည်း သူအသေအချာ သိပုံပါပဲ။ နှလုံးသားက နူးညံ့ပြီး စိတ်ခံစားချက်အရမ်း ပြင်းထန်ပေမယ့် အပြင်ပန်းမှာတော့ ဝါးစားတော့မယ့် မျက်နှာထားမျိုး တစ်လောကလုံးကို လုပ်ကျွေးနေရသလို မျက်နှာထားမျိုး ပြုမူတတ်တာကြောင့် သင် ဘာဖြစ်နေလဲ သေချာသိဖို့ သူ့မှာ တော်တော်လေး စဉ်းစားရကြပ်တယ်နဲ့ တူပါတယ်။ မဟုတ်မခံ တဲ့စိတ်လေးရှိပြီး အစားအသောက် အအိပ်အနေ မက်ပြီး ဇိမ်ယူတတ်တယ် လို့လည်း သူထင်ပါတယ်။ တစ်ခါတစ်ရံတော့ ရိုးရိုးအအ ပုံစံလေး ဖြစ်နေတတ်ပြီး မထင်ရင်မထင်သလို လုပ်ချင်ရာ ထလုပ်တတ်တဲ့ စရိုက်တွေအကြောင်းလည်း သူသိပုံပဲ။ သင့်အိမ်ကတောင် သင့်ကို မနိုင်လောက်ဘူးလို့ တွေးမိလို့များလား မပြောတတ် သူကိုယ်တိုင်လည်း သင်နဲ့ စခန်းသွားဖို့ တော်တော်လေး ခေါင်းခြောက်ခဲ့ဖူးလိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ အပြုအမူတိုင်းက သူ့အတွက် ခမ်းနားပြီး ဆွဲဆောင်မှုရှိစေပါသတဲ့။ သင့်ရဲ့ သူ့အပေါ်မှာ အလေးအနက် ရှိမှုတွေနဲ့ အကောင်းမြင်စိတ်ရှိပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်မှုက သူ့အတွက် Fantastic ဖြစ်စေတဲ့ အရာတွေပါပဲ။ အကယ်၍ ဒီတစ်ဖက်လူကဘကိုယ့်ဘက်က ကြိတ်ပြီး သဘောကျနေရတဲ့ လူဆိုရင် သူက သင့်ကို ဖွင့်ပြောချင်နေတာမျိုး၊သို့မဟုတ် ဖွင့်ပြောစေချင်နေတာမျိုး တွေ့ရပါတယ်။ သင်နဲ့အတူ Relationship တစ်ခုကို စတင်ချင်စိတ်ရှိတယ်။ အနာဂတ် တွေကို အကောင်းဆုံး ပုံဖော်နိုင်လိမ့်မယ်လို့လည်း သူတွေးတယ်။ Crush or Situationship ကိုမှ အလစ်တဲလေး ကတောက်ကဆ ဖြစ်ထားတယ်ဆိုရင်လည်း သင့်ဘက်က လျှော့လိုက်ပါ။ တချို့ No contact ဖြစ်သွားတဲ့ ဆက်ဆံရေးတွေမှာတော့ ဒီလူက တစ်ခါတစ်ရံ ကိုယ့်ဘဝထဲ ပြန်ပြန်လှည့်လာချင်တာမျိုးရှိတယ်။ ဒါပေမယ့် အရင်လိုပဲ သူက မတည်နိုင်တဲ့ကတိတွေ မပေးချင်ဘူး။ ဇာတ်လမ်းအသစ်က အရင်လိုများပြန်ဖြစ်နေမလား ဆိုတဲ့ အတွေးတွေကိုလည်း သူမလွန်ဆန်နိုင်ဘူး။ ပြီးတော့ ၂ယောက်က တော်တော်လေး မာနတွေ ရှိနေတာမျိုး ဖြစ်မယ်။ ခေါ်ချင်ပေမယ့် မခေါ်ချင်ယောင်ဆောင် နေကြတာမို့ သိပ်တော့ ရှေ့ဆက်ဖို့ မမြင်ဘူး။ နောက် အခု သက်ဆိုင်သူအတွက် ကြည့်နေတယ်ဆိုရင်တော့ သင်တို့ကြားကို လူအသစ်တစ်ယောက် ရောက်လာတတ်ပါတယ်။ သင်တို့နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ကမူးရှုးထိုး လုပ်လိုက်တဲ့ ကိစ္စတစ်ခုခုကြောင့် ကပျာကယာ လေးတွေ ဖြစ်ပြီး အတိမ်းအစောင်း ဖြစ်သွားမယ်ဆိုတာမျိုး တွေ့ပါတယ်။ နောင်တရမယ့် ကိစ္စမှန်းသိကြတာတောင် မလျှော့ဘဲ အဆုံးထိ တဇွတ်ထိုးသွားကြမယ့် အရှိန်မျိုး တွေ့တာမို့ Retrograde ကာလ(September 1st week) လောက်ထိ ထိန်းညှိပြီး နေနိုင်မှ Going on မှာပါ။


Pile2:သင့်ကို ထက်ထက်မြက်မြက် လည်လည်ဝယ်ဝယ် ရှိသူလို့ မြင်ပါတယ်။ သင်က စိတ်ရင်းအမှန်တိုင်းပဲ ပြောဆိုဆက်ဆံတတ်တာကြောင့် သင့်ရှေ့မှာ အရာအားလုံးကို ဖွင့်ဟမယ်ဆိုရင်တောင် သူ့အနေနဲ့ ပြောပြနိုင်မယ်ဆိုတဲ့ ပုံစံမျိုးပဲ။ သင်က နည်းနည်းတော့ လူလည်ကျတတ်တဲ့ အကျင့်လေးရှိပြီး ကိုယ်လိုချင်တာကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရအောင် ဖန်တီးနိုင်စွမ်း ရှိသူပါတဲ့။ တချို့ ဘာသာရေး လိုက်စားတဲ့လူမျိုး ဒါမှမဟုတ် လူကြီးတွေနဲ့ ကလေးတွေအပေါ်မှာ လေးစားကြင်နာတတ်တဲ့လူမျိုး ဖြစ်နေမယ်ဆိုရင် အဲ့တာတွေကလည်း သင့်ရဲ့ တစ်ဖက်လူက သင့်အပေါ် သဘောကျတဲ့ အချက်တွေထဲက တစ်ခုအပါအဝင်ပါ။ သင့်ရဲ့ တည်ငြိမ်ဝန်းလဲ့နေတဲ့ မျက်နှာထားကိုလည်း သူတော်တော်လေး သဘောကျပါတယ်။ ဒါပေမယ့် စိတ်တိုဒေါသထွက်တတ်တဲ့ အကျင့်ကလေးကိုတော့ ပြင်စေချင်ပုံပါပဲ။ အရာရာမှာ လိုက်ခံစားပြီး ကိုယ်နဲ့မဆိုင်ရင်တောင် ကြားကနေ စိတ်တိုပေးတတ် တဲ့ အကျင့်က သင့်ကိုလည်း ပင်ပန်းစေတယ်ဆိုတာ သူမပြောရဲပေမယ့် သိစေချင်နေတယ်။ အပြစ်မြင်ရစ်တတ်တဲ့ ဝေဖန်ရေးလေကန်ရေး လုပ်တတ်တဲ့ အကျင့်ကလေးကိုလည်း သူ့အနေနဲ့ လန့်ပုံပါပဲ(ဒါလေးကတော့ ကောင်မလေးတွေအတွက် ပိုဖြစ်မယ်ထင်တယ်) သင်က အနုပညာတစ်ခုခုကို ဝါသနာပါတာ သို့မဟုတ် အားကစား တစ်ခုခုကို ဝါသနာပါတာဆိုရင် အဲ့ဒီအချက်ကလည်း သူ့ကို သင့်အကြောင်းပိုတွေးမိစေပါတယ်။ သီချင်းဆိုရတာ သဘောကျမယ်ဆိုရင်တော့ သင်သီချင်းဆိုတဲ့အခါ သင့်ရဲ့ သူ့အပေါ်ညို့ယူနိုင်မှုက အဆပိုတိုးလာတယ်လို့ တွေ့ရတယ်။ နောက်တစ်ခုကတော့ သင်ကပညာရေးမှာ ထူးချွန် တယ် မျှော်လင့်ချက်ကြီးတယ် လို့ သူတွေးတယ်။ အသစ်အဆန်းတွေ လုပ်ရတာသဘောကျပြီး သူလောက်တော့ မရင့်ကျက်သေးဘူးလို့လည်း သူ့ဘာသာ သတ်မှတ်ထားတယ်။ အကယ်၍ သင်တို့တွေးတဲ့ သင်တို့ရဲ့ တစ်ဖက်လူက လက်ရှိPartner ဆိုရင် သူက ဒီလတ်တလောမှာ သင့်ကို သိပ်အချိန်မပေးနိုင်လောက်အောင် အလုပ်များနေတာမျိုး တာဝန်တွေများနေတာမျိုး ဖြစ်နေလိမ့်မယ်။ နှစ်ယောက်ရဲ့ Connection က တော်တော်လေး လေးနက်ပါတယ်။ ရှေ့ဆက်ပြီးတော့ အဆင်ပြေနိုင်တာမို့ တချို့ ကိစ္စလေးတွေကို နားလည် သည်းခံပေးဖို့ လိုပါတယ်။ ရည်းစားဟောင်းတို့ No contact person တို့ဆိုရင်တော့ သင့်ကိုတော်တော်လေး သတိရတယ်။ သင့်ကိုအခုချိန်ထိ တွေးနေပြီး ဘယ်သူ့အပေါ်မှာမှ စိတ်တွေမနစ်မြုပ်နိုင်တော့အောင် သင့်စီမှာ ကျန်ရစ်နေခဲ့တယ် ဆိုတာမျိုးပဲ။ အခွင့်အရေး ပြန်ပြီး ရချင်နေတယ် သို့မဟုတ် အခွင့်အရေး ထပ်ပေးချင်နေတဲ့ ပုံစံမျိုးပါ။ အတူရှိခဲ့တဲ့ အချိန်တွေက တော်တော်လေး အချစ်ရဲ့ အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေခဲ့ပုံပါပဲ။ Attachment တွေနဲ့ Memories တွေ တော်တော်လေး ခံစားမိတယ်။ Reconciliation ချင်ရင် မြန်မြန် Move ပါ။ တချို့ Crush အတွက် လာကြည့်တာဆိုရင်တော့ 50-50 ပါပဲ။ နှစ်ယောက်လုံးက ရှေ့တိုးနောက်ဆုတ် လုပ်လွန်းတာကြောင့် သူအရင်ကျန်ခဲ့မလား ကိုယ်အရင်ကျန်ခဲ့မလား ပြောဖို့ခက်ပါတယ်။ နှစ်ဖက်လုံးမှာ လူအသစ်တွေ ရောက်လာနိုင်တာမို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးစပ်သွားနိုင်ချေတော့ နည်းပါလိမ့်မယ်။

Comments