မင်းရဲ့ဆွဲဆောင်မှုအရှိဆုံးအရာ နဲ့ မင်းမေ့နေတဲ့မင်းရဲ့အားသာချက်

မင်းရဲ့ဆွဲဆောင်မှုအရှိဆုံးအရာ နဲ့ မင်းမေ့နေတဲ့မင်းရဲ့အားသာချက်




1.....မင်းရဲ့ဆွဲဆောင်မှုအရှိဆုံးအရာလေးက မင်းရဲ့ မျက်လုံးလေးဖြစ်တယ် မင်းရဲ့မျက်လုံးလေး အကြည့်လေးတွေက အင်မတန်ဆွဲဆောင်မှုရှိလွန်းတယ် ပြီးတော့
မင်းရဲ့ကြင်နာတတ်၊ အလှူဒါန်းရက်ရောတဲ့ အပြုမူလေးတွေကတကယ်ကို လေးစားစရာကောင်းပြီး လူတော်များများက မင်းရဲ့ ဒီအချက်လေးတွေကြောင့် မင်းကိုသဘောကျကြတယ် ချီးကျူးကြတယ်
အချို့တွေတွက် မင်းရဲ့လင်းလက်ပြီးဆွဲဆောင်မှုရှိနေတဲ့ မျက်လုံးလေးအကြည့်လေးတွေကြောင့် မင်းအကြည့်လေးတွေအောက်မှာပျော်ဝင်သွားကြတယ်

မင်းရဲ့မင်းမေ့နေတဲ့အားသာချက်လေးက စကားကြွယ်တာလေးပဲ မင်းဟာ သိပ်ကို စကားကြွယ်တယ် တခါလေမင်းကိုမင်း ငါပြောတာမှားသလား ငါပြောတာတွေဝေဖန်ခံရမလားဆိုပြီးသံသယစိတ်တွေဝင်နေမိလိမ့်မယ် ဒါဟာ မင်းရဲ့ စ်တ်က ဖြစ်တာပါ တကယ်တမ်းကျတော့ မင်းဟာ သိပ်စကားပြောကောင်းတဲ့သူပါ မင်းရဲ့ စကားလေးတွေကြောင့် လူအချို့ Moti ရကြတယ် စိတ်သက်သာရာ ရောက်ကြတယ် မင်းဟာ အလှပပိုင်းမှာလည်း အားသာတယ်နော် မင်းကိုမင်း မလှဘူးဆိုပြီး ပစ်မထားပါနဲ့ အလှပြင်ပါ မင်းဟာ မင်းထင်ထားတာထက်အများကြီးပိုလှပါတယ်
မင်းဟာကိုယ့်အကျိုးထက် သူများအကျိုးကိုပိုပြီး လိုလာသူပါ မင်းဟာအလွန်ကြင်နာ သနားလွယ်တယ် တခါလေ မင်းရဲ့ စိတ်ဟာကလေးလေးတစ်ယောက်လို နုညံ့နေလိမ့်မယ် ငိုချင်ရင်ငိုလိုက်မယ် မင်းက သိပ်တော်ပါတယ် မင်း သူတစ်ပါးစကားတွေကို လိုက်မခံစားပဲ မင်းပျော်တာလေးတွေလုပ်ကြည့်ပါ သိပ်ကြင်နာတတ်တဲ့မင်းကို ငါဂုဏ်ယူမိပါတယ်


2...
မင်းရဲ့ဆွဲဆောင်မှုအရှိဆုံးအရာလေးကမင်းရဲ့ အလှပါပဲ မင်းရဲ့ အကြည်ဓာတ်ဖြစ်ပြီး စန်းတွေ ဆွဲဆောင်မှုတွေပြည့်နေတဲ့ မျက်နှာလေးပေါ့ *အချို့အတွက် မင်းရဲ့ ဆံပင်ကောက်ကောက်လေးကလည်း အင်မတန်ဆွဲဆောင်မှုရှိတယ်နော် ဒါကို မင်းကသဘောသိပ်မကျပဲ သွားဖြောင့်နေတယ်ဟုတ် မင်းဟာဆံပင်ကောက်ကောက်လေးနဲ့ ပို ဆွဲဆောင်မှုရှိပါတယ်

မင်းမေ့နေတဲ့မင်းရဲ့ အားသာချက်ကတော့ ဖြတ်ထိုးညဏ်ကောင်းတာလေး မင်းက ကျောင်းစာတော့ အရမ်းတော်တဲ့ထဲမှာမပါလောက်ဘူး ဒါပေမဲ့ တစ်ခုခုကိုစဉ်းစား အဖြေရှာရတဲ့ အခါမှာ မင်းရဲ့ ဖြတ်ထိုးညဏ်လေးက အရမ်းကိုအထောက်ကူဖြစ်စေတယ် မင်းဟာ အနုပညာအမြင်ကျယ်တယ်

မင်းဟာဂီတပိုင်း၊ ပန်းချီ အနုပညာပိုင်းမှာ အားသာချက်တွေပိုများလိမ့်မယ် မင်းဒီအရာလေးတွေလုပ်နေရရင် မင်းပျော်တယ်မလား ဒါကို မင်းက ငါလုပ်တာ မလှပါဘူးမကောင်းပါဘူးဆိုပြီး ယုံကြည်မှုတွေပျောက်နေတယ်နော် တကယ်တမ်းကျတော့ မင်းလုပ်လိုက်တဲ့အရာက လူတိုင်းမကြိုက်နိုင်ပေမဲ့ မင်းပျော်တယ် မင်းရဲ့တကယ့် ပျော်ရွှင်မှုအစစ်မှန်လေးကို မေ့မထားပါနဲ့နော်
တခါလေ အတွေးတွေများနေရင်ခဏအနားယူပါ ပြီးရင် မင်းပျော်ရွှင်တဲ့အရာလေးတွေဖန်တီးပါ


3....
မင်းရဲ့ဆွဲဆောင်မှုအရှိဆုံးအရာလေးကတော့ မင်းရဲ့ မျက်လုံးဝိုင်းဝိုင်းလေးရယ် ၊ဆံပင်ကောက်ကောက်လေးရယ်ပြီးတော့ မင်းရဲ့ အပြစ်ကင်းနေတဲ့ အပြုံးချိုချိုလေးရယ်*အချို့ကသွားတက်လေးပါမယ်နော် ဒါလေးတွေက မင်းရဲ့ ဆွဲဆောင်မှုအရှိဆုံးအရာလေးတွေပါ
မင်းပြုံးရယ်လိုက်ရင် အရမ်းချစ်ဖိူ့ကောင်းတယ် တဖက်သူက မင်းရဲ့ အပြုံးလေးတွေ အောက်မှာအကြိမ်ကြိမ်ပျော်ဝင်နေခဲ့ပြီ

မင်းမေ့နေတဲ့မင်းရဲ့အားချက်လေးကတော့ ညဏ်ကောင်းတာ သင်လွယ်တတ်လွယ်တာ ပြီးတော့ စကားပြောကောင်းတာလေး မင်းရဲ့ အသံလေးက တဖက်သူကို တကယ် နားဝင်ချိုစေတယ် moti ရစေတယ် ပြီးတော့ အနုပညာဆန်တဲ့အရာတွေလုပ်ကိုင်တဲ့နေရာမှာလည်း သူများထက်သာတဲ့ တီထွင်ညဏ်ရှ်တယ် မင်းကိုမင်း ငါမဖြစ်နိုင်ပါဘူးလို့တွေးနေတာလေးတွေကို ရပ်ပြီး ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်ပါ
မင်းသဘောကျရတဲ့ နေကြာပန်းလေးတွေလို ရွှင်လန်းပြီး ပြုံးပါ မင်းရဲ့ အပြုံးလေးတွေကတကယ်ကို ချစ်ဖို့ကောင်းတယ် အပြုံးချိုချိုလေးပိုင်ဆိုင်ထားတဲ့မင်းကို ငါဂုဏ်ယူပါတယ်