ကံအခြေအနေ နိမိတ်ဖတ်ခြင်း

ကံအခြေအနေ နိမိတ်ဖတ်ခြင်း




Pile1:လက်ရှိ feeling ပိုင်းနဲ့ပတ်သက်ရင် stressများတတ်တဲ့အချိန်မို့ တစ်ခုခုကိုအလိုမကျတာ တွေးပူပန်တာ အရင်ကထက်အတွေးတွေများနေတာ တစ်ခုခုဆိုဒေါသထွက်တဲ့စိတ် ကိုရှေ့တမ်းတင်မိတာstress/pressure များတတ်တဲ့အချိန်မို့ ဝမ်းနည်းလွယ်တာလဲဖြစ်တတ်ပါတယ်ခံစားချက်ပိုင်းတွေမှာ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ မျက်ရည်တွေပါနေတတ်ပါတယ် ဝမ်းနည်းလို့ဖြစ်စေ ပင်ပန်းလွန်းလို့ဖြစ်စေ အဲ့လိုအခြေနေတွေကြောင့်ပါ
လက်ရှိမှာ ရှေ့ဆက်သွားသင့်မသွားသင့် လုပ်သင့်မလုပ်သင့်စဉ်းစားရတဲ့အပိုင်းများတတ်သလိုရွေးချယ်ရတဲ့အပိုင်းတွေရောက်လာတတ်သောအချိန်
လတ်တလောမှာသင်ယူနေတာသင်ကြားနေတာ မိမိသွားမယ့်လမ်းကြောင်းကိုလျှောက်လမ်းနေတာမျိုးတွေ
မိမိရဲ့careerပိုင်းနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ် relationship ပိုင်းမှာပဲဖြစ်ဖြစ် အရင်ကထက်ပိုအားစိုက်နေရတာများတတ်တဲ့အချိန်မျိုးပါ
နေရာအပြောင်းအရွေ့/ကံအပြောင်းအလဲ/အလုပ်အပြောင်းအလဲ/နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စမှာစီစဉ်ရတာတွေကြံုရတတ်အချိန်ပါ


Pile2: လက်ရှိမှာရှေ့ကနေ့တွေလောက် မိမိဘာသာ မလုပ်နိုင်ဖူးထင်နေတတ်တာမျိုး
ပြီးခဲ့ပြီးသားကိစ္စတွေ နောက်မှာကျန်နေခဲ့တဲ့ကိစ္စတွေနဲ့ယှဉ်ပြီး လက်ရှိအနေအထားကို အားမလိုအားမရဖြစ်နေပါလိမ့်မယ်
ငွေကြေးသုံးရတဲ့ကိစ္စတွေမှာ မသုံးပဲ ဘယ်လိုလုပ်ခဲ့ရင်ကောင်းသားဆိုတဲ့နှိုင်းယှဉ်မှုတွေကိုတွေ့နေရပါတယ်
အချစ်ရေးမှာလဲ မိမိစိတ်ကိုနားလည်ရခက်တာလဲဖြစ်သလို partnerနဲ့ပတ်သက်ပြီးစိတ်တိုင်းမကျတာတွေလဲဖြစ်တတ်ပါတယ်
လက်ရှိ တာဝန်တွေများတတ်တဲ့အချိန်မို့ မိမိကိုယ့်ကိုယ် ဖိအားပေးမိတာ ကြိုးစားမှုတွေအလွန်အကျွံဖြစ်တာလဲကြုံရတတ်မယ်
စိတ်ရှုပ်နေရင်တောင် စိတ်ပြန်ငြိမ်လာပါလိမ့်မယ် အခြေနေကိုလက်ခံနိုင်ဖို့ မိမိသက်ဆိုင်နေတဲ့နယ်ပယ်တစ်ခုခုကလေ စိတ်စွမ်းအားဖြစ်motivation ဖြစ်စေတာတွေ ရောက်ရောက်လာတတ်ပါလိမ့်မယ်
အစောင့်အရှောက်ကောင်းတွေမိမိအနားမှာရှိနေတတ်ပါတယ် ဒုက္ခရောက်တတ်တဲ့ကံအခြေနေမျိုးတော့မဟုတ်ပေမယ့် တစ်ခုခုကိုရုန်းထွက်ဖို့ကြိုးစားနေရတဲ့အချိန်မျိုးပါ မလိုအပ်တဲ့feeling တွေလွှတ်ချရတာလဲဖြစ်တတ်သလို အရင်အခြေနေလောက်မိမိကိုယ်ကိုမလုပ်နိုင်ဖူးထင်နေတာမျိုးတွေအများစုဖြစ်တတ်ပါတယ်