သင်နဲ့ပက်သက်သူရဲ့ အကျင့်စရိုက်

သင်နဲ့ပက်သက်သူရဲ့ အကျင့်စရိုက်








Pile1:သူက တလွဲတချော်တွေ အမြဲလုပ်လေ့ရှိတယ်။
မြန်မာစကားပုံအရဆိုရင်တော့ “လယ်ထွန်သွားနွားမေ့”ဆိုသလိုပေါ့။ အရေးတကြီးပစ္စည်းတွေကို မေ့ကျန်တတ်တာမျိုး၊စာတစ်ပုဒ်ကို သေချာကျက်ထားပေမယ့် စာမေးပွဲခန်းထဲရောက်မှ မေ့နေတာမျိုး၊ခေါင်းလျှော်ရည်ဝယ်ဖို့သွားပေမယ့် မုန့်စားပြီး ပြန်ခဲ့မိတာမျိုးတွေ…စသဖြင့်ပေါ့။
တချို့က အသဲကွဲဆရာ၊ဆရာမကြီးတွေနော်။ သွေးအေးအေးနဲ့ အသာလေး ကွက်ကျော်ရိုက်ကြတာ။ Flirt ပြီဟေ့ဆို သူ့ဂွင်ထဲက ရုန်းထွက်ဖို့မလွယ်တော့ဘူးပဲ သေချာတယ်။
သူမလုပ်ချင်ရင်တော့ ဘာမှမလုပ်ဘူး။ မဖြစ်မနေဆိုရင်တောင် လုံးဝမလုပ်ဘူးပဲ။ မသွားဘူးဆို မသွားဘူး။ဒီအရာတစ်ခုကို မကြိုက်တော့ဘူးဆို လုံးဝ။ အဲ့လောက်ထိ…
ဆိုးဝါးတဲ့ဘဝမျိုးနဲ့ ကြီးပြင်းလာရတာတော့ မဟုတ်ဘူး။
သူ့ဘဝဇာတ်ကြောင်းစီးဆင်းမှုက သူ့အချိုးအကွေ့နဲ့သူ လိုက်ဖက်တယ်။သူကိုယ်တိုင်လည်း ဘာသာရေးကို ယုံကြည်တာမျိုး၊မိဘအပေါ်သိတတ်တာမျိုး စသဖြင့် တစ်ဖက်စွန်းမရောက်တဲ့လူမျိုးပေါ့လေ။
တချို့တွေကျတော့လည်း pastက Truama တွေကြောင့် phobia တစ်ခုခုရသွားတာ ဒါမှမဟုတ် move on နေရတာတာမျိုးတွေလည်း ရှိတတ်တယ်။လူမသိသူမသိ Depression ဝင်နေတတ်တယ်။ အပြင်ပိုင်းမှာ strong ဖြစ်တဲ့ mood ကို အမြဲ show off လုပ်ထားပေမယ့် inner child ကတော့ ဒဏ်ရာတွေအပြည့်ပဲ။


Life purpose တစ်ခုကို သေချာ focus လုပ်တတ်တယ်။ အချိန်ဖြုန်းရတာမကြိုက်ပေမယ့် နည်းနည်းတော့ bad boy/girl type လေးဖြစ်နေပါတယ်။ သူများအပေါ်စာနာတတ်တယ်။ ကူညီတတ်တယ်။ ခရီးသွားရတာကို ကြိုက်တယ်။ Fashion ထက် Flexible ကို ပို အသားပေးတယ်။


Pile2:အသစ်အဆန်းတွေ လုပ်ရတာကို သဘောကျတယ်။ တစ်ခုတည်းကို စွဲစွဲမြဲမြဲ ကျင့်သုံး လှုပ်ရှားရတာကို သဘောမကျဘူး။ အပြင်တစ်နေရာသွားပြီးလို့ အိမ်ပြန်ရင်တောင် လမ်းတစ်ခုတည်းက ပြန်တာမျိုးမဟုတ်ဘဲ မနေ့က တောင်ဘက်က ပြန်ထားလို့ ဒီနေ့တော့ မြောက်ဘက်ကပြန်တော့မယ်ဆိုတော့ လူစားမျိုး။ မနက်ပိုင်းမှာ ဆရာဝန် ဖြစ်ချင်ပြီး ညနေရောက်တော့ စျေးပဲရောင်းချင်တော့တယ် ဆိုပြီး အမျိုးမျိုးတွေ တွေးလေ့ ပြောလေ့ ရှိတယ်။
Positive energy များတယ်။ ပြုံးလိုက်တဲ့အခါ ပတ်ဝန်းကျင်ကိုပါ လှပစေတယ်။ ဖြစ်ချင်တာ လိုချင်တာကို တစိမ့်စိမ့်လေးဖြတ်သန်းရင်း ကြိုးစားတတ်တယ်။
စူးစူးရှရှ ကြည့်တတ်တယ်။ နည်းနည်း self ego များတယ်။ သူ့ကိုယ်သူထက်တော့ ဘယ်သူ့ကိုမှ ပိုဦးစားပေးမှာ မဟုတ်ဘူး။ သူများအပေါ်မှာလည်း အကဲဖြတ်တဲ့ မျက်လုံးနဲ့ ကြည့်တတ်တယ်။ (နစ်နာရအောင်ထိတော့ မဟုတ်ပေမယ့်)
မပိုင်ရင် ခြင်တောင်မရိုက်ဘူး ဆိုတာသူမှအစစ်။ ရည်းစားစကားပြောမယ်ဆိုရင်တောင် သူ့ကို ငြင်းလောက်မယ့်အနေအထားဆို မပြောဘဲနေမယ့်လူ။ ရှုံးမှာ သေချာရင် အစကတည်းက မရင်းနှီးတော့ပါဘူးလေဆိုတဲ့လူ။ လျှော့တွက်လို့တော့မရဘူး…။
သူ့ကိုယ်သူတော့ အရမ်း Protecting လုပ်တယ်နော်။
သူလုပ်ချင်တာတွေလုပ်ရင်းပဲ အကောင်းဆုံးဖြတ်သန်းနေတာ(သူ့အပြုအမူတွေကြောင့်ဘယ်သူမှမထိခိုက်ရပါဘူး)
Overthinking သမား။ အများကြီးတွေးတတ်တယ်။ တစ်ခါလေ သမားရိုးကျ စိတ်ညစ်စရာလေးရှိလာရင်တောင် ထွက်သွားလိုက်တော့မယ်တို့ မနေချင်တော့ဘူးတို့ ဖြစ်ချင်ရာ ဖြစ်ပါစေတို့ တွေးပစ်တာ။
ဘဝကို စိတ်ချမ်းချမ်းသာသာနဲ့ပဲ ကုန်ဆုံးချင်တာ။


ရယ်ရင် အသံကျယ်ကျယ် ရယ်တတ်တယ်။ ဟာသလည်း ပြောတတ်တယ်။ အဖွဲ့ထဲမှာ သူပါရင် ပွဲကိုစည်လို့။သူ့စီကနေ နွေးထွေးကြင်နာတတ်တဲ့ အငွေ့အသက် တချို့ကို ခံစားမိလိမ့်မယ်။ သူ့မှာ ဝန်တိုစိတ် မရှိသလောက် နည်းတယ်။ သူများနဲ့မတူတဲ့ ဝတ်စားဆင်ယင်မှုရှိတယ်။ ဆွဲဆောင်မှုကလည်း တစ်မူထူးတယ်။