ကိုယ့်ကိုအစွဲဆောင်နိုင်ဆုံး ပုံတစ်ပုံ

ကိုယ့်ကိုအစွဲဆောင်နိုင်ဆုံး ပုံတစ်ပုံ



Pile no.1 တွေအများစုက Introvert တွေဖြစ်နိုင်ပါတယ်ရင်းနှီးခင်မင်တဲ့သူငယ်ချင်းတွေနဲ့ဆိုရင် ပျော်ပျော်နေတတ်ကြပြီး လူရှေ့သူရှေ့ထွက်ရတာကို မနှစ်မြို့ကြသူတွေဖြစ်ပါလိမ့်မယ်
အချစ်ရေးမှာလည်း တစ်ယောက်ဆိုတစ်ယောက် အချိန်တစ်ခုကြာသည်အထိ စွဲစွဲမြဲမြဲ ချစ်တတ်ကြတယ်
ချစ်ရသူကို ပါးစပ်ကနေ ပန်းတွေအများကြီးပေးမယ်လို့ ပြောတာမျိုးမလုပ်ဘဲ လက်တွေ့မှာ ပန်းလေးတစ်ပွင့် ပေးလိုက်တာမျိုး လုပ်မယ့် လက်တွေ့ဆန်သူတွေပါ

Sg တွေဆိုရင် ကြောက်တဲ့စိတ်တွေများနေလို့ sg ဖြစ်နေတာလို့မြင်ပါတယ် relationship life ထဲကို ဝင်လိုက်ပြီးမှ ပြတ်သွားရင်ဘယ်လိုလုပ်မလဲ စိတ်ဆင်းရဲရမှာစိုးတယ် တစ်ဖက်လူကရော ငါ့ကိုတကယ်ချစ်တာဟုတ်ရဲ့လား စသဖြင့် တွေးပူနေလို့ sg ဆက်ဖြစ်နေတာပါ
ရွေးမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ရွေးရလောက်မယ့်လူတွေ ရှိနေတတ်ပါတယ်
တကယ်လို့ အဲ့ဒီထဲမှာ Virgo,Pisces,Cancer သမားတွေပါခဲ့ရင် အဆင့်တက်မယ်ဆိုလည်း တက်ပေးလို့ရတဲ့ အနေအထားလို့ပြောချင်ပါတယ်

Rs တွေဆိုရင် နှစ်ဦးကြားမှာက အဆင်ပြေပေမယ့် ဘေးပတ်ဝန်းကျင် အနှောက်အယှက် အတော်လေးများနိုင်ပါတယ် ကိုယ်ကဒီလူနဲ့ရေရှည်ထိ သွားချင်ပါတယ်လို့တွေးပြီးမှ ကိုယ့်အသိုင်းဝိုင်းကသူ့ကိုသဘောမကျတာ တချို့ကိစ္စလေးတွေမှာ ညှိနှိုင်းရခက်တာ ဘေးကမလိုသူတွေက သွေးခွဲတာမျိုး ဖြစ်တတ်ပါတယ်
နှစ်ယောက်လုံးအတွက်ပျော်ရွှင်စရာနဲ့ စိတ်ရှုပ်စရာက အတက်အကျ တစ်လှည့်စီ ဖြစ်နေတဲ့ပုံစံပါ
တကယ်လို့ marriage အထိသွားချင်တာဆိုရင် မိဘတွေက သဘောမတူတာမျိုး အသိုင်းအဝိုင်းချင်း ကွာဟနေတာမျိုးထိ ဖြစ်နိုင်ပါတယ်

Ex ကိုမျှော်နေတဲ့လူတွေဆိုရင် ၂ပတ် ၂လ အတွင်း communication ပြန်ရတာမျိုး အမှတ်မထင် ပြန်တွေ့ကြတာမျိုး ဖြစ်နိုင်ပါတယ် ဒါပေမယ့် ကိုယ့်မှာ သူနဲ့ပက်သက်ပြီး စိတ်ဒဏ်ရာတွေက အကုန်မပျောက်သေးလို့ ပြန်တွဲရမလား ငြင်းရမလားဆိုပြီး ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ရခက်တာမျိုး ဖြစ်နေတတ်ပါတယ် ကိုယ့်အပေါင်းအသင်းတွေကလည်း ပြန်မတွဲဖို့ တားကြပါလိမ့်မယ် ဒါပေမယ့် ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ


Pile no.2 သမားတွေကတော့ ကြိုးစားချင်စိတ်ရှိပြီး IQ မြင့်တဲ့လူတွေဖြစ်ပါလိမ့်မယ်။
ကိစ္စတစ်ခုကိုတောင် သေချာတွေးခေါ်စဉ်းစားပြီးမှ မှန်တယ်မှားတယ် ဆုံးဖြတ်ကြသူတွေပါ။
ပတ်ဝန်းကျင်အခြေအနေနဲ့အတူ အရောင်ပြောင်းတတ်ကြတဲ့ ပုတ်သင်ညိုလိုလူမျိုးတွေ ဖြစ်ပါလိမ့်မယ်။
ကိုယ်နဲ့စကားပြောရတာကို တခြားလူတွေက သဘောကျတာမျိုးကိုပြောတာပါ

Sg တွေဆိုရင် past က တချို့ အကြောင်းအရာတွေကြောင့် အချစ်ကို စိတ်နာတာမျိုး ချစ်ရမှာ စိတ်မပါတော့သလိုမျိုး ဖြစ်နေတတ်ပါတယ်
ရည်းစားထားကိုထားတော့မယ်လို့ ဆုံးဖြတ်ပြီးမှ ဖွင့်ပြောခါနီး ဒါမှမဟုတ် အဖြေပေးခါနီးဆို ခြေလှမ်းပြန်ဆုတ်မိသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်
ကိုယ့်ကိုယ်ကို သေချာ healing လုပ်ပေးပါ
Self love ကောင်းကောင်းလုပ်နိုင်တဲ့အချိန်မျိုးမှာ ကိုယ့်ကို ချစ်ပေးမယ့်လူမျိုး ရောက်လာပါလိမ့်မယ်

Rs တွေဆိုရင် တစ်ယောက်ကိုတစ်ယောက် စိတ်ကုန်နေတတ်ကြပါတယ် တကယ်လို့ ကိုယ်က သူ့အမူအကျင့်တစ်ခုခုကို စိတ်ပျက်နေပြီး သူ့ကို ချစ်သလိုလို မချစ်သလိုလို ဖြစ်နေရင် တစ်ဖက်လူကလည်း ကိုယ်နဲ့ twin flame သဘောမျိုး ဖြစ်နေတတ်ပါတယ်
စချစ်ခဲ့တုန်းကတော့ အဆင်ပြေနေခဲ့ပြီး လတ်တလောတွင်မှ သူဘာလုပ်လုပ် ကိုယ်က အပြစ်မြင်တာ ကိုယ်ဘာလုပ်လုပ် သူက ပြသနာရှာတာ အဲ့လိုတွေဖြစ်တတ်ပါတယ် တကယ်လို့ long term သွားချင်တဲ့လူတွေဆိုရင် တစ်ယောက်နဲ့တစ်ယောက် သေချာ ညှိနှိုင်းရပါလိမ့်မယ်
တစ်ဖက်ဖက်က horny ဖြစ်တတ်တဲ့လူ ဖြစ်နေရင်လည်း သတိထားပေးပါလို့ remind လုပ်ပါရစေ

Ex ကိုမျှော်နေတာဆိုရင် သူ့မှာနောက်လူ ရှိရှိ မရှိရှိ ကိုယ့်ဆီကို လာဖို့ အတွေးမရှိပါဘူး
ဒီဇာတ်လမ်းဟာ တကယ်ပဲ ပြီးသွားပြီလို့ သူ့ဘက်ကတွေးပုံရပါတယ် ကိုယ်နဲ့ပက်သက်ပြီး ပြန်လွမ်းမိတဲ့အခါလည်း တခြားအရာတွေနဲ့ အမှတ်ရစရာတွေကို သူကဖုံးပစ်လိုက်ပါတယ်
Move on လုပ်ရင်း healing သေချာလုပ်ပေးပါ

ပြီးတော့ ဒီpile သမားလေးတွေ ကျန်းမာရေး ဂရုစိုက်ပေးပါ နာတာရှည်ဖျားတာမျိုး မဟုတ်ဘဲ ရုတ်တရတ် ကြီးကြီးမားမား ထိခိုက်တာ ချက်ချင်းကြီး အဖျားကြီးတာ ဆေးရုံဆေးခန်းရောက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်