ကိုယ်မပတ်သက်ချင်သူတွေနဲ့ ကင်းကင်းလွတ်လွတ် နေထိုင်ရနိုင်မလား။

ကိုယ်မပတ်သက်ချင်သူတွေနဲ့ ကင်းကင်းလွတ်လွတ် နေထိုင်ရနိုင်မလား။



Pile1
သိပ်မလွယ်ဘူးနော် ကိုယ်မမြင်ချင်သော်လဲမြင်နေတွေ့နေရတတ်တယ် မပတ်သက်ချင်ပေမယ့် မလွတ်မကင်းနိုင်တဲ့အကြောင်းတရားလေးတွေရှိနေပြန်ပါတယ် ကိုယ်ကအဝေးဆုံးနေရာသွားနိုင်ရင်တော့စိတ်သက်သာရရနိုင်ပါတယ် ဒီနယ်ပယ်areaထဲမှာပဲကိုယ်ကျင်လည်ရင်တော့သူတို့နဲ့ပတ်သက်ရနိုင်ပါတယ်


Pile2
မင်းမပတ်သက်ချင်သူတွေနဲ့ လွတ်လွတ်ကင်းကင်းနေထိုင်ရပါလိမ့်မယ် မင်းကိုချစ်တဲ့သူတွေက အဲ့သူတွေနဲ့အဝေးကိုဆွဲခေါ်ပေးပါလိမ့်မယ် ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ်ကချစ်သူတွေနဲ့ ကောင်းတဲ့ပတ်ဝန်းကျင်မှာပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရမယ် ကိုယ့်ဘဝကအားကျစရာကောင်းပြီးအဲ့သူတွေထက်လဲအဆမတန်သာနေပါမယ် မကောင်းတဲ့energyတွေသူ့အလိုလိုလွင့်သွားပါလိမ့်မယ်


Pile3
ကိုယ်မပတ်သက်ချင်သူတွေနဲ့ လွတ်လွတ်ကင်းကင်းနေနိုင်ပါလိမ့်မယ် အမုန်းတွေမရှိတော့ပဲ အေးအေးဆေးဆေးဖြစ်သွားမှာပါ ကိုယ်မခေါ်ချင်လဲ သူတို့ကလာကပ်တတ်ပါတယ် ကိုယ့်ရဲ့lifeကိုလိုက်နှောက်ယှက်နိုင်မှာတော့မဟုတ်ပါဘူး သူတို့ဘက်ကငြိမ်းချမ်းရေးလိုချင်တာမျိုးရှိလာတတ်ပါတယ် ကိုယ့်ဘက်ကအချစ်အမုန်းမရှိပဲစကားတစ်ခွန်းစနှစ်ခွန်းစပြောတာမျိုးလောက်နဲ့ရှေ့ဆက်သွားရတတ်ပါတယ်