ဘယ်လိုအရာတွေ လက်ခံ ရရှိမလဲ




Pile1:မုန့်ဖိုး အနည်းငယ်နှင့် လက်ဆောင် ပစ္စည်းလေးတွေ ရဖို့ ရှိနေတာမျိုး တွေ့တယ်။ အရုပ်လှလှလေးတွေ၊ အလှအပ အသုံးအဆောင်ပစ္စည်းတွေ၊ အစားအသောက်တွေ ဖြစ်နိုင်တယ်။ လက်ဆောင်ဆိုတဲ့ နေရာမှာ တစ်စုံတစ်ယောက်က ပေးတာရယ်လို့ မဟုတ်ဘဲ ကိုယ်တိုင် လိုချင်တဲ့ပစ္စည်းလေးတွေကို စိတ်ဖြတ်ပြီး ဝယ်ကိုဝယ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပေးတာမျိုးကိုလည်း ဆိုလိုပါတယ်။( ကိုယ်ကတော့ တစ်ခုခုလိုချင်ရင် သူများစီကမျှော်လင့်တာထက် ကိုယ့်ကိုယ်ကိုပဲ ဝယ်ပေးဖို့ တောင်းဆိုပါတယ် Manifesting လုပ်ပါတယ်)လုပ်ငန်းတစ်ခုခုလုပ်ကိုင်နေတဲ့သူတွေ သိသိသာသာ အဆင်ပြေပြီး ဝင်ငွေများလာလိမ့်မယ်။ လုပ်ငန်းချဲ့ထွင်နိုင်တာမျိုး အမြတ်များများရတာမျိုး အဆက်အသွယ် အချိတ်အဆက်ကောင်း ရလာတာမျိုးတွေ လည်း ရှိနေမယ်။ အလုပ်လျှောက်ထားတဲ့ လူတွေလည်း ရမယ်နော်။ ရပြီးရင်လည်း အဲ့ဒီအလုပ်က ကိုယ့်အတွက် သင့်တော်ပြီး အလုပ်လည်းမြဲလိမ့်မယ်။ လျှပ်တပြတ် စိတ်ပျော်ရွှင်မှုလေးတွေ မကြာခဏ ကြုံရမယ်။
ကိုယ့်အပေါ်မစစ်မှန်တဲ့ တချို့ပက်သက်မှုတွေကို နှုတ်ဆက်ရမယ်။ အဲ့ဒီပတ်ဝန်းကျင်က ကိုယ့်ကို အဆိပ်အတောက်ဖြစ်စေတာမို့ လှည့်ထွက်ရတဲ့အခါ အမှောက်ထုထဲကနေ လွတ်မြောက်လာတယ်လို့ တွေးပါ။ သူတို့အတွက် မကြေကွဲပါနဲ့။ မလိုပါဘူး။
တချို့ကျတော့လည်း စစ်မှန်တာ မစစ်မှန်တာမျိုး မဟုတ်ဘဲ တစ်ဖက်နှင့်တစ်ဖက် နားလည်မှုလွဲမှားပြီး ဆက်ဆံရေးတွေ ပြတ်တောက်နေတာမျိုး တွေ့တယ်။ အစ တစ်ခု ပြန်ဖြစ်လာပါလိမ့်ဦးမယ်။ ဒါကတော့ အခြေအနေ အမျိုးမျိုးကြောင့် တချို့အတွက်ကတော့ လူအဟောင်းနဲ့ ဇာတ်လမ်းအသစ်ဖြစ်ပြီး တချို့ကတော့ လူအသစ်နဲ့ သင်ခန်းစာအသစ် ဖြစ်မယ်။ အပြောင်းအလဲကတော့ သိပ်မကြာခင်ဖြစ်တော့မှာပါ။ ကိုယ့်ရင်ထဲကတောင်းဆိုတဲ့အတိုင်း ဖြစ်လာမှာမို့ ပြတ်သားသင့်ရင် ပြတ်သားပြီး ကိုယ့်ဘက်က လျှော့ချဖို့လိုတာရှိရင်လည်း လျှော့ချရမယ်။ ခရီးတိုလေးတွေ သွားရဖို့လည်း တွေ့တယ်။
ပညာရေးနဲ့ ဘဝလမ်းကြောင်းကို သေချာထိန်းကျောင်း နေတာမျိုး ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုရော မှန်ကန်တဲ့လမ်းကြောင်းပေါ် တဖြေးဖြေး ရောက်လာတယ်လို့ ခံစားမိတာမျိုး ရှိကြလား။ သတိထားကြည့်နော် သင်တို့က ရင့်ကျက်ပြီး လက်တွေ့ကျကျ တွေးခေါ်နေတတ်ပြီ။ တစ်ခါတစ်လေ အနားယူချင်နေတာမျိုး ဘာကိုမှန်းမသိ စိတ်ညစ်ညူး နေရသလိုမျိုး ခံစားနေရတတ်တယ်။ ဦးနှောက်နဲ့ နှလုံးသားကို မျှမျှတတ ကိုင်တွယ်ရင် အဆင်ပြေသွားမှာပါ။


Pile2:စိတ်ကူးယဉ်ဆန်ဆန် စကားလုံးလေးတွေ ပြောရင်း လက်တွေ့ကျကျ ချစ်ပေးတတ်တဲ့ တစ်စုံတစ်ယောက် သင့် ဘဝထဲကို ရောက်လာပါလိမ့်မယ်။ သင်ကမိန်းကလေးဆိုရင်တော့ အဲ့ဒီလူက သင့်ထက် အသက်ကြီးပါမယ်။ သင်က ယောက်ျားလေးဆိုရင်တော့ အဲ့ဒီလူက သင့်ထက် ငယ်ပါလိမ့်မယ်။ တော်တော်များများက မချစ်တော့ဘူး ဆိုပြီး ဆုံးဖြတ်ထားကြတာထင်တယ်နော်။ မရတော့ပါဘူး အခုတစ်ယောက်က သင့်ကို အချစ်တွေနဲ့ ကမ္ဘာတစ်ခုစီ ခေါ်သွားတော့မှာမို့ စိတ်အေးလက်အေး လိုက်သွားဖို့ ပြင်ဆင်ထားပါ။ တချို့ ကိုယ့်ဘက်က စသဘောကျနေရတဲ့လူရှိရင် အခုကနေ ၂ပတ်အတွင်း ဖွင့်ပြောကြည့်ပါ။ သင်နဲ့ ကံအကြောင်းပါတဲ့ ရေစက်မျိုးရှိရင် ချစ်သူတွေ ဖြစ်သွားပါလိမ့်မယ်။
ချစ်သူ ရည်းစားရှိသူတွေလည်း တစ်ယောက်က်ို တစ်ယောက် နားလည်မှုတွေ ဝေမျှရင်း အချစ်တွေ တိုးပွါးပါလိမ့်မယ်။ သို့ပေမယ့် တစ်ယောက်ယောက်က အလုပ်တွေများနေတာကြောင့် အချိန်မပေးနိုင်တာတို့ တွေ့ဖို့ ခက်နေတာမျိုးလေးတွေတော့ ရှိတတ်တယ်။ ဘာတွေပဲခြားခြား သစ္စာတရားနဲ့ကာထားတဲ့ စည်းတွေ ရှိနေတာမို့ သင်တို့အချစ်ရေးက ရှေ့ဆက်ပါလိမ့်ဦးမယ်။
စိတ်ရှည်လက်ရှည်နဲ့ ရည်းစားဟောင်းမှရည်းစားဟောင်း အတိတ်ကလူမှ အတိတ်ကလူဆိုတဲ့ အဖွဲ့လည်း မထင်မှတ်ဘဲ တစ်ယောက်ဘဝထဲတစ်ယောက် ဝင်ဖို့ ကြိုးစားရင်း သံသရာမှာ ထပ်ဝင်တိုက်မိတတ်တယ်။ ကိုယ်ကြိုးစားနေတဲ့ ကိစ္စရပ်တစ်ခုခုလည်း အောင်မြင်ပါလိမ့်မယ်။ ငွေကြေးအကူညီ လိုခဲ့ရင် ကူညီမယ့်လူ ရောက်လာပါလိမ့်မယ်။
မျက်တွင်းကျသွားတာမျိုး အိပ်ရေးပျက်တာမျိုးလေးတွေတော့ ခံစားမိတာမို့ အအိပ်အစား ဂရုစိုက်ပါ။
ခရီးထွက်ရတာမျိုး အပြက်မကြာခဏ သွားဖို့ အကြောင်းဖန်နေတာမျိုး တွေ့ပါတယ်။ ကိုယ့်အတွက် အကျိုးရှိစေမယ့် အတွေ့အကြုံတွေ ရရှိတာမျိုး သူငယ်ချင်းအသစ်တွေ ရတာမျိုးလည်း ဖြစ်တတ်တယ်။ ပျောက်နေတဲ့ပစ္စည်းတွေ ပြန်တွေ့တတ်တယ်။ ပျောက်နေတဲ့ထဲမှာ ကိုယ့်စိတ်ခံစားချက်နဲ့ မရှင်းလင်းသေးတဲ့ အတွေးတွေပါရင်လည်း ဖြေရှင်းနိုင်သွားလိမ့်မယ်။

Comments