သဘောကျတဲ့ပုံတစ်ပုံကို ရွေးပြီး လှပတဲ့စာလေးတွေကို ဖတ်ရူပါ

သဘောကျတဲ့ပုံတစ်ပုံကို ရွေးပြီး လှပတဲ့စာလေးတွေကို ဖတ်ရူပါ




1....
လမ်းဘေးဆိုင်မှာပဲ အသုပ်ထိုင်စားစားစားလို့ကောင်းတယ်။ခံတွင်းတွေ့တယ်ဆိုပြည့်စုံပါပြီ။၃ထောင်တန် အင်္ကျီပဲ ဝတ်ဝတ်အဓိက ကိုယ်နဲ့လိုက်ဖက်မှုရှိပြီးဝတ်ရတာ နွေးထွေးတယ်ဆိုပြည့်စုံပါပြီ။သိန်းကျော် ဟမ်းဖုန်းပဲ ကိုင်ကိုင်ကိုင်လို့ အဆင်ပြေတယ်ဆိုရင်ပြည့်စုံပါပြီ။

ထောင်ကျော် ဖိနပ်ပဲ စီးစီးအဓိက ကိုယ့်ခြေထောက်နဲ့ ကွတ်တိဖြစ်ပြီးလိုရာကို ခရီးသွားနိုင်ရင် ပြည့်စုံပါပြီ။
ကိုယ့်ခြေထောက်နဲ့ သက်သောင့်သက်သာရှိဖို့ပါပဲ။တိုက်အိမ်မှာပဲ နေနေ ထရံအိမ်မှာပဲနေနေအိမ်နဲ့တူတဲ့ နွေးထွေးမှုတွေရနေဖို့က ပိုအရေးကြီးတာပါ။ပိုက်ဆံအိတ် ဘယ်နှလုံး ရှိတာထက်ရှိနေတဲ့ပိုက်ဆံအိတ်ထဲ ပိုက်ဆံရှိနေဖို့ကပိုအရေးကြီးတယ် မဟုတ်လား။

မရှိတာကို ရှိချင်ယောင်ဆောင်တာမျိုးပုံမဖမ်းမိဖို့ လိုပါတယ်။ရှိလည်း သာမန်ပုံစံလို နေသင့်ပါတယ်။ဘဝဆိုတာ တခြားသူ အထင်ကြီးဖို့ရှင်သန်ရတာ မဟုတ်ပါ။လွတ်လပ်ပေါ့ပါးစွာနဲ့ ကိုယ့်ဘဝအတွက်ရှင်သန်ယူရတာပါ။ဒါကြောင့် အားမငယ်နဲ့။မသိမ်ငယ်နဲ့။မညည်းညူနဲ့။ဘဝဟာ အများကြီး ခမ်းနားစရာမလိုပါ။ဒါပေမဲ့ စစ်မှန်နေရမယ်။
စစ်မှန်ပြီး ပျော်ရွှင်မှုတွေ ရှိနေရမယ်။ဘာလို့ဆို ဘဝဆိုတာ တစ်ခါပဲရှင်သန်ခွင့် ရလို့ပါ။ရောက်နေတဲ့ အနေအထားလေးမှာကျေနပ်လက်ခံပြီး ပျော်ပျော်နေတတ်ဖို့သိပ်လိုပါတယ်။


2.....
တစ်ခါတလေ ဘဝကို လမ်းဘေးမှာ သဘာဝအတိုင်း လှပစွာ ပွင့်ဖူးနေတဲ့ပန်းရိုင်းတွေလို ရှင်သန်ကြည့်ပါ။သူတို့လို နေထိုင်ကြည့်ပါ။ဘဝမှာ ကိုယ်အစွမ်းကုန် ကြိုးစားနေပါလျက် အကောင်းမမြင်ခံရတာမျိုး။ကိုယ့်အရည်အချင်းကို အသိအမှတ်မပြုပေးတာမျိုး။ဒီလိုအဖြစ်မျိုးကြုံရတဲ့အခါ လမ်းဘေးကပန်းရိုင်းကလေးတွေကို တစ်ချက် သတိရလိုက်ပါ။ဒီနေ့ အလုပ်ကအပြန် အိမ်ပြန်လမ်းမှာ အစွမ်းကုန် လှပစွာ ပွင့်လန်းနေတဲ့ပန်းတွေကို ကြည့်ပြီး စိတ်ချမ်းသာရတယ်။သူတို့လေးတွေကို ကြည့်ပြီး ဘဝခွန်အားတွေရလိုက်တယ်။လမ်းဘေးပန်းတွေတခြားသူအတွက် ပွင့်တာ မဟုတ်ဘူး။သူတို့အတွက် လှလှပပ ဖူးဝေ ပွင့်ဖူးနေတာပါ။

ဒို့တွေ ဘဝလည်း ထိုနည်းတူပဲ။ဘယ်သူမှ ကိုယ့်အောင်မြင်မှုကိုမချီးကျူး အကောင်းမပြောပေးတဲ့အခါ ကိုယ့်ကို ပြောယူပါ။ချီးကျူးယူပါ။ကိုယ်ကြိုးစားနေတာက တခြားသူအထင်ကြီး လေးစားတစ်ခုတည်းအတွက်
မဟုတ်ဘူးလေ။လမ်းဘေးမှာပွင့်နေတဲ့ပန်းရိုင်းတွေကိုသတိထားမိတဲ့လူကပဲ လမ်းဘေးပန်းတွေဟာ ဘယ်လောက်တောင် လှပပြီး နှစ်လိုဖွယ် ကောင်းသလဲဆိုတာ ခံစားမိလိမ့်မယ်။မင်းရဲ့ထူးခြားမှုကိုလည်း
သတိထားမိတဲ့လူလည်း ရှိလာပါလိမ့်မယ်။မင်းဘဝအတွက်အကောင်းဆုံးကြိုးစားရှင်သန်နေပါ။