နောက် ၃လ အတွင်းမှာ ကြုံရမယ့် ကံကောင်းခြင်းတွေအကြောင်း




Pile1: ပျော်စရာကောင်းတဲ့ ခရီးတစ်ခု သွားရမယ်။နေ့ချင်းပြန်တောင် မဟုတ်ဘူးနော်။ တကယ်ကို အမှတ်တရအဖြစ်အမြဲကျန်နေမယ့် ခရီးမျိုး။ ကိုယ်မရောက်ဖူးသေးတဲ့ နေရာဒေသ တစ်ခု ဖြစ်မှာပါ။
သူငယ်ချင်းအသစ်တွေလည်း ရလိမ့်ဦးမယ်။

မထင်မှတ်ဘဲ ရည်းစားသွားတတ်တယ်။(singles)
ပျော်တော့ပျော်ရမှာပါ။ long term သွားရမယ့် အချစ်ခရီးတော့ မဟုတ်ဘူး။ အမြင့်ထိတစ်ခါတည်းတက်သွားပြီး ခနလေးနဲ့ ပြန်ကျလာမယ့် အခြေအနေတစ်ခုလိုပေါ့။
(Relationship တွေကတော့ အရင်ကထက် နားလည်မှုတွေပိုတိုးလာပါလိမ့်မယ်)

မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်လာမယ်။
(career,education,Business,thinking mindset)

ငွေကြေးကံကောင်းလာမယ်။ သိသိသာသာကောင်းလာမှာပါ။ လိုအပ်တဲ့ ပစ္စည်းအသစ်တွေအများကြီး ဝယ်ဖြစ်လိမ့်မယ်။ အလုပ်ရှိတဲ့လူတွေဆို ရာထူးတိုး လစာတိုးတာတွေဖြစ်မယ်။

ကောင်လေး တွေဆိုရင် ကိုယ့်ဘဝအတွက် အသင့်တော်ဆုံး ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရပါလိမ့်မယ်။
ကောင်မလေးတွေကတော့ solo shining ပေါ့လေ။
I love myself ဘာညာ energy ပေါ့။


Pile2:မပြေမလည် ဖြစ်နေရတဲ့ကိစ္စတွေ အားလုံးပြီးဆုံးမယ်။
ပြဿနာတွေကို ဖြေရှင်းနိုင်မယ်။ ငွေကြေးအခက်အခဲ၊အချစ်ရေးပြဿနာ၊ မိသားစုကိစ္စတွေ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်။
ခေါင်းကိုက် စိတ်ရှုပ်ရတဲ့နေ့တွေ ပြီးတော့မှာပါ။

ကိုယ့်အပေါ်မှာ မစစ်မှန်တဲ့လူတွေကို ထားခဲ့ရလိမ့်မယ်။
(ဝဋ်ကြွေးတွေပြီးဆုံးတာမို့ ဝမ်းမနည်းပါနဲ့)
ပိုကောင်းတဲ့အရာတွေ လက်ခံဖို့ နေရာရှင်းရတဲ့ သဘောပါပဲ။

Confidence ရှိလာမယ်။ အလုပ်အကိုင်နဲ့ ပညာရေးမှာ ပိုပြီး အခွင့်အရေးတွေ ရလာမယ်။ ကိုယ့်ရဲ့ ability ကလည်း အရင်ကထက် ပိုပြီးကောင်းလာမယ်။

Hangout တွေအများကြီးလုပ်ဖြစ်မယ်။ ငွေကုန်ပေမယ့် ပျော်ရမှာပါ။ relationship ရှိရင်တော့ ချစ်သူနဲ့အတူ romantic date တွေသေချာဖန်တီးဖြစ်လိမ့်မယ် ။ singles တွေကတော့ မိသားစု or သူငယ်ချင်းတွေနဲ့ပေါ့။

Profession တစ်ခုခုကို ရှာတွေ့မယ်။ အလုပ်လျှောက်ထားရင် အလုပ်ရမယ်ပေါ့လေ။ နိုင်ငံခြားသွားဖို့ ပြင်ဆင်နေတဲ့လူတွေဆို ဒီနှစ်မကုန်ခင်မှာပဲ သွားရမယ်။

Reunion ရှိပါတယ်။(someone from your past or ex) တစ်ယောက်ယောက်နဲ့ ပြန်အဆင်ပြေမယ်နော်။ အဆင်ပြေနေပြီးသားဆိုရင် ပိုပြီး ခိုင်မြဲတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖြစ်ကြမယ်။ ပိုပြီး မေတ္တာရှိလာကြလိမ့်မယ်။

Manifesting တစ်ခုခုလည်း ရရှိပါလိမ့်မယ်။

Comments