သူ့ရင်ထဲကမပြောဖြစ်ခဲ့တဲ့စကားတွေ

သူ့ရင်ထဲကမပြောဖြစ်ခဲ့တဲ့စကားတွေ



1...
သူမင်းကိုအမြဲသတိရနေတယ်လွမ်းနေတယ်… မင်းရဲ့အပြုံးလေးတွေ မင်းရဲ့ အမူရာလေးတွေကို သူလွမ်းနေမိတယ်…


သူမင်းနဲ့နောက်ထပ် Date ခွင့်ရချင်သေးတယ် သူရဲ့နေ့ရက်တိုင်း သူနိုးထလာတိုင်းမှာ မင်းအကြောင်းလေးတွေ တွေးပြီး မင်းကိုသတိရပြီး သူ့ရဲ့တစ်နေ့သာကိုစတင်တယ်…


အချို့သူတွေတွက် *
သူမင်းကို နေကြာပန်းလေးတွေလက်ဆောင်ပေးလိမ့်မယ်…
မင်းတို့ရဲ့ ဆက်ဆံရေးဟာပိုမိုနွေးထွေးလာလိမ့်မယ်…


2...

သူမင်းကိုသတိရနေပါတယ် မင်းနဲ့အတူရှိနေရတဲ့အချိန်လေးတွေမှာ သူစိတ်အေးချမ်းတယ် သူပျော်တယ်…


သူမင်းနဲ့အမြဲ စကားတွေပြော စာတွေပို့ချင်နေတယ်…
သူမင်းနဲ့ သူငယ်ချင်းအဆင့်ထက်ပိုချင်မိပြီလို့ တွေးနေတယ်…


အချို့သူတွေအတွက်*
အတူအလှူဒါန်းလေးတွေပြုရမယ် သူကမင်းရဲ့ soulmate လည်းဖြစ်နိုင်တယ် မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး လေးဟာ ပိုမိုပြီး သာယာအေးချမ်းလာမယ်…


3...

သူမင်းကိုနေ့ရောညရော အချိန်တိုင်းသတိရနေတယ်…
သူမင်းနဲ့တွေ့ရမဲ့ရက်တွေကိုစောင့်မျှော်နေရှာတယ်…
မင်းတို့နှစ်ယောက်က တစ်နေရာဆီဖြစ်နေကြမယ်ထင်ပါတယ်…


သူတခါတလေမှာ စာမပို့ပဲ စကားမပြောပဲ အေးစက်သလိုဖြစ်နေတာက သူမင်းကို အရမ်းလွမ်းပြီး မတွေ့ရတဲ့အလွမ်းစိတ်တွေကြောင့်သူ အားငယ်နေမိတာပါ…အဲ့လိုအခါမျိုးမှာ သူ့ကိုပို နားလည်ပေးပြီး အားပေးစကားပြောပေးပါ…


သူမင်းကို အရမ်းတွေ့ချင်နေမိတယ်…
ကံကြမ္မာရယ် ရက်စက်လိုက်တာ ငါတို့နှစ်ယောက်အတွက် ဘယ်ချိန်မှ အတူရှိခွင့်ရမလဲဆိုပြီး သူခံစားနေမိတယ်…
သင့်ဘက်ကကြိုးစားရင် သင်တို့ အမြဲဆုံး ဆုံရပါလိမ့်မယ်