မင်းမှာပဲရှိတဲ့ စွမ်းရည် တချို့

မင်းမှာပဲရှိတဲ့ စွမ်းရည် တချို့




Pile1:တခြားသူတွေထက် မင်းမှာ ပိုသာတဲ့အရာက မင်းရဲ့ အလုပ်လုပ်နိုင်စွမ်း စိတ်ပင်ပန်း လူပင်ပန်းခံနိုင်စွမ်းလို့ပြောရမလားပဲနော်။ကိုယ့်အတွက် အခက်အခဲကြုံနေချိန်မှာတောင် ဉာဏ်ကိုသုံပြီး စိတ်ရှည်လက်ရှည် ဖြေရှင်းနိုင်စွမ်းရှိပါတယ်။ လိုအပ်ရင် နှုတ်ဆိတ်သည်းခံပြီး အချိန်အကြာကြီး စိတ်ပင်ပန်းလဲ ခံနိုင်ပါတယ်။ ဘယ်‌‌လောက်ပဲ ပင်ပန်းပါစေ၊ စိတ်ဒဏ်ရာရပါစေ၊ အခွင့်အခါကောင်းကို စိတ်ရှည်ရှည်နဲ့ စောင့်တတ်တဲ့သူတွေပါ။ နောက်တခုက စောင့်ထိန်းနိုင်စွမ်းနဲ့ နှုတ်လုံတာပါ။ ကိုယ့်အတွက် ဘယ်အရာက ထိုက်တန်တယ်ဆိုတာကိုသိပြီး ပင်ပင်ပန်းပန်း စောင့်ထိန်းနိုင် ကြိုးစားနိုင်ကြသူတွေပါ။


Pile2: မင်းကတော့ စိတ်ပိုင်းဖြတ်ထားရင် အောင်မြင်အောင်လုပ်နိုင်တဲ့သူပါ။ တချို့တွေကတော့ အဆိုးဆုံး အချိန်တွေမှာ အကူအညီရတာ ကံကောင်းတာဖြစ်တတ်ပါတယ်။
သူများအတွက် အနစ်နာခံစွန့်လွှတ်ရင်း ကံကောင်းလာတတ်တာ၊ ကိုယ်နဲ့ ဆိုင်တဲ့ ကိုယ်ပိုင်ရမဲ့ အရာတွေ အချိန်တန်ရင် ကိုယ့်ဆီ ပြန်ရလာတတ်ပါတယ်။ တခုခုကို လုပ်ရင် အောင်မြင်သည် ထူးချွန်သည် အထိလုပ်ကြတဲ့သူတွေလဲ ဖြစ်ပါတယ်။
ဒီ pile ကို ရွေးတဲ့ လူတချို့မှာ လောကီပညာလေ့လာနေသူ၊ လောကီပညာတွေနဲ့ ရေစက်ပါတဲ့သူတွေလဲတွေ့ရပါတယ်။


Pile3:ဒီ pile ကိုရွေးတဲ့သူတွေကတော့ တခုခုဆိုရင် ရူးသွပ်စွဲလန်းစွာ တစိုက်မတ်မတ် ကြိုးစားသူတွေပါ။ ကိုယ်သိချင်ရာ ကိုယ်လိုချင်ရာကို ဘာနေနေရအောင် ဇွတ်တရွတ် ခေါင်းမာမာနဲ့ လက်မလျော့ဘဲ လိုက်တတ်တာ လုပ်တတ်တာတွေ ရှိတတ်ပါတယ်။ လေ့လာစူးစမ်းတတ်သူတွေပါ။ အချစ်နဲ့ ပတ်သက်လာရင် အရူးအမူးချစ်တတ်ပြီး သစ္စာရှိတတ်သူတွေများပါတယ်။
ကိုယ့်အတွက် အကျိုးအမြတ်ကိုတင်မက အများအကျိုးအတွက်လဲ ကြည့်ပေးသူတွေဖြစ်ပါတယ်။ အတတ်ပညာအစုံ သင်ယူထားသူ အသိုင်းအဝိုင်းပေါင်းစုံမှာဝင်ဆန့်သူတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖိုက်တာတွေလဲဖြစ်တာမလို့ သွားမစမ်းသင့်သူတွေပါ။