တကယ်ကိုစိတ်ရင်းစေတနာရိုးသားတဲ့ ဦးလေးပါ အခုခေတ်မှာ


ညီမ မနေ့က ဝါယာလက်ကနေ ကမန်းကတန်းybs105ပေါ် ပြေးတက်ချိန် ဖုန်းကထွက်ကျခဲ့တာ မသိလိုက်ဘူး ကားပေါ်ရောက်လို့ မှတ်တိုင်ကျော်မှ သိတာအဲ့ချိန်စိတ်ထဲမှာလဲ ခါးပိုက်နိုက်ခံရတယ်ပဲထင်လိုက်တာ ဖြစ်ချင်တော့ဖုန်းကလဲ စက်ပိတ်နေတော့ ခေါ်မရငါ့ဖုန်းတော့ပါသွားပီပဲဆိုပီး အိမ်ရောက်တဲ့ထိ ငိုနေရော မနက်ကျတော့ ဘာရယ်မဟုတ် ဝင်လိုဝင်ငှား ဆက်ကြည့်တော့ ဝင်ရော အဲ့နဲ့ အခုတက်ဆီဦးလေးက ဟုတ်တယ်တဲ့ သမီးကားပေါ်ပြေးသွားချိန် ပြုတ်ကျခဲ့တာတဲ့ ဦးလှမ်းခေါ်တာ မကြားဘူးတဲ့ ဖြစ်ချင်တော့ ပြုတ်ကျခဲ့တဲ့မှတ်တိုင်နားမှာ စုံတွဲတတွဲက ထိုင်တာ ဖုန်းလာလုတယ်တဲ့ ဟိုကောင်မလေးပြုတ်ကျခဲ့တဲ့ဖုန်း ကျွန်တော်တို့မြင်တယ် ပေးပါဆိုပီးတောင်းတာ ဦးမပေးလိုက်ဘူးတဲ့ 

ညနေကျ အိမ်မှာ ဦးလေးမိန်းမက ဖုန်းပါအားသွင်းပီးစက်ပြန်ဖွင့်ပေးထားတာ ဖုန်းခေါ်မလားစောင့်နေတာတဲ့ အဲ့နဲ့ဒီနေ့မနက် ဦးလေးက မြို့ထဲကနေ ဒီထောက်ကြံ့ထိ တကူးနကလာပြန်ပေးတယ် ဖုန်းအားကလဲအပြည့်ပါသွင်းပေးထားသေးတာ တကယ်ကိုစိတ်ရင်းစေတနာရိုးသားတဲ့ ဦးလေးပါ အခုခေတ်မှာ ဖုန်းတလုံးပြန်ဝယ်ဖို့မလွယ်ဘူး ကိုယ်ချင်းစာပါတယ်တဲ့ ကိုယ့်မှာ မျက်ရည်ပါကျလို့ အရမ်းကျေးဇူးတင်လွန်းလို့ ဘာရယ်မဟုတ် ပိုက်ဆံလေး ၄သောင်း လဖ္ဘက်ရည်ဖိုး ပေးတာတောင်မယူဘူးငြင်းနေသေးလို့အတင်းထိုးပေးခဲ့ရသေးတာ


 ပုံကတော့ ဘာရယ်မဟုတ် ကျေးဇူးတင်လွန်းလို့ ဒီလိုစိတ်ထားကောင်းတဲ့ဦးလေးကို ပုံရိုက်ထားလိုက်တာ အခုခေတ်မှာ တက်စီဆီးရင် စိတ်မချရတော့ဘူးလေ ဒါပေမယ့် ဒီgpထဲမှာ အကယ်၍တက်ဆီခေါ်ချင်ရင် သွားချင်ရင် ဒီဦးလေးတက်ဆီ ခေါ်စီးကြပါ 09777706719 ဒီဦးလေးနံပါတ်ပါအကယ်၍ သွားမယ့်နေရာက အရမ်းဝေးရင် ကြိုပီးဆက်သွယ်ထားလဲရပါတယ်ရှင့်
ဦးလေးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်  crd ##




Comments