သင့်မှာ လတ်တလော ဝေခွဲရခက်နေတဲ့ကိစ္




Pile 1
သင့်အနေနဲ့ ဦးနှောက်ရော နှလုံးသားပါ ယှဉ်တွဲ တွေးခေါ် ဆုံးဖြတ်ချက်ချသင့်ပါတယ်.မျှတစွာ သူ့ဘက် ကိုယ့်ဘက် စဉ်းစားပေးတာ နားလည်မှု ထားတာလေးတွေ လုပ်သင့်ပါတယ်.ရန်ပြသနာလေးတွေ စကားများရတာလေးတွေ စိတ်မြန်လက်မြန် ဒေါသထွက်စရာ တွေရှိတတ်လို့ သတိထားပါ.
သူ က သူများနဲ့ ယှဉ်ပြိုင်မှုတွေမှာ အနိုင်ရတတ်ပါတယ် .ခရီးကိစ္စလေးတွေ အဆင်ပြေလိမ့်မယ်နော် .


Pile 2
သင့်အနေနဲ့ နိုင်ငံခြားကိစ္စ/အင်တာဗျူးကိစ္စလေးတွေ အဆင်ပြေတတ်တာမို့ အားစိုက်ကြိူးစားဖို့တော့လိုပါတယ်.အချစ်ရေးမှာ လူ၂ယောက်ကြားဗျာများရတတ်လို့ ရွေးရခက်ရင် မိတ်ဆွေကောင်းတွေကို တိုင်ပင်ပြီးဆုံးဖြတ်လို့ရပါတယ်.သင့်အတွက် လမ်းပျောက် အနာဂတ်ပျောက်သလို စိတ်တွေဝေဝါးနေရင် အားမလျော့ပါနဲ့ ဖြစ်ချင်တာကို
ရအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ရဲရဲဝံ့ဝံ ဆောင်ရွက်ပါ.


Pile 3
သင့်အနေနဲ့ အချစ်ရေးဖြစ်စေ အလုပ်အကိုင်ကြောင့်ဖြစ်စေ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်နေ
တယ်ဆိုရင် ခဏလောက် လွှတ်ချပြိီး တယောက်ထဲ အေးဆေးအနားယူပါ.ခရီးထွက်ပါ.ကံကောင်းမှုလေးတွေ ပြန်ရလာတတ်ပါတယ်.အထီးကျန်မှူလေးတွေနဲ့ စိတ်လေနေတာ အရွဲ့တိုက်ချင်စိတ်လေးတွေဖြစ်ပေါ်နေရင် စိတ်ကိုအေးချမ်းမှုထားပီး ဘာသာရေး ပိုလုပ်ပေးပါနော်. ချစ်သူဆီ​က မျှော်လင့်နေတာလေးတွေ အဆင်ပြေတတ်တယ်.လူကြီးမိဘတွေရဲ့ control လုပ်မှုလေးတွေကြောင့်တော့ စိတ်ညစ်ရတတ်လို့ သတိထားပါ.

Comments