ကိုယ့်အကြောင်း မကောင်းပြောတာမျိုးရှိလား.

ကိုယ့်အကြောင်း မကောင်းပြောတာမျိုးရှိလား.



Pile - 1.
မင်းရဲ့ နောက်ကွယ်မှာ မင်းအကြောင်းကို မကောင်းပြောတာမျိုးရှိလားဆိုရင် ရှိပါတယ် ။ ဒါပေမဲ့လည်း အရမ်းကြီးတော့ မင်းကိုနစ်နာအောင် မကောင်းပြောကြတာမျိုးတော့ မဟုတ်ပါဘူး ။ မင်းရဲ့ ပုံစံ ၊ အမူအရာ ၊ ဝတ်ပုံစားပုံ ၊ အကျင့် စသဖြင့်ကို ဝေဖန်ပြောဆိုကြတာမျိုးပါပဲ ။ မကောင်းပြောကြတာမျိုးတော့ မဟုတ်ဘူး ။ မင်းကို ဝေဖန်‌နေတဲ့လူတွေက မင်းရဲ့အနီးနားကပါပဲ ။ တစ်ခါတစ်လေ မင်းကိုအားကျပြီး ၊ ချီးကျူးတာမျိုးရှိတယ်လို့လည်း တွေ့ရပါတယ် ။ မင်းကို အနည်းငယ်တော့ jealous ဖြစ်ကြတဲ့ ပုံပါပဲ ။ မင်းက ကိုယ့်ဘာသာအေးဆေးနေတက်တဲ့အတွက်ကြောင့် မကောင်းပြောခံရတာမျိုးလည်း နည်းပါတယ်


Pile - 2
မင်းရဲ့ နောက်ကွယ်မှာ မင်းအကြောင်းကို မကောင်းပြောတာမျိုးရှိလားဆိုရင် ရှိပါတယ် ။ မင်းရဲ့ မိတ်ဆွေ ၊ သူငယ်ချင်းတွေထဲက ဖြစ်နိုင်တယ် (သို့) မင်းရဲ့အနီးနားပတ်ဝန်းကျင်ကလူတွေပါ ။ မကြာခန သူတို့အတင်းတုတ်ရင် မင်းအကြောင်းက ပါပါလာတက်ပါတယ် ။ မင်း အခက်အခဲတစ်ခုခုဖြစ်ရင် လှောင်ရယ်ဖို့ အဆင်သင့်ရှိနေပြီး ကျိတ် ဝမ်းသာနေမယ့်လူတွေ ၊ မင်းကို အပြစ်ပြောမယ့်လူတွေ ရှိနေပါတယ် ။ မင်းအကြောင်းကိုလဲ မကောင်းပြောဆိုချင်နေကြပြီး အမြဲနားစွင့်နေတက်ကြပါတယ် ။ မင်း အဆင်ပြေတာ ၊ အောင်မြင်နေတာကို မြင်နေရရင် သူတို့အတွက်တော့ နေလို့ထိုင်လို့ လုံးဝ
အဆင်မပြေတဲ့ ပုံစံပါပဲ