မိမိအနေနဲ့ ရည်းစားရနိုင်ချေ ဘယ်လောက်ရှိလဲ

မိမိအနေနဲ့ ရည်းစားရနိုင်ချေ ဘယ်လောက်ရှိလဲ




Pile No.1
ဒီအုပ်စုသမားတွေကတော့ဒီနှစ်ထဲ ၇၅% အထိ ချစ်သူရနိုင်ချေရှိပါတယ်။
ဒါပေမယ့် soulmate နဲ့တွေ့တာမျိူးထပ်ခဏတာ အချစ်ရေးမျိုးသာ ဖြစ်ဖို့
များပါလိမ့်မယ်။ညှိရအဆင်မပြေတာတစ်ယောက်စိတ်တယောက် သေချာ
နားမလည်နိုင်တာမျိုးတွေကြောင့်အဖုထစ်တွေဖြစ်လာတက်မယ့် ဆက်ဆံရေးမျိုး
ဖြစ်ဖို့များပါလိမ့်မယ်။ သို့ပေမယ့်ရလာခဲ့ရင်တွဲဖြစ်အောင်တွဲပါ၊ ကိုယ့်ကိုရင့်ကျက်စေဖို့
ဒီ relationship ကအများကြီး အထောက်ကူပေးပါလိမ့်မယ်ခင်ဗျာ။


Pile No.2

ဒီအုပ်စုသမားတွေကတော့ ၅၀-၅၀ သမားတွေပါ။ပြောရရင်ကိုယ့်ရဲ့ကြိုးစားမှုနဲ့ ထက်မြက်မှုပေါ်
မူတည်ပြီးရလာနိုင်တဲ့ relationship မျိုးပါ။ကိုယ်အနေနဲ့ခဏသာဖြစ်စေ၊ တဘ၀လုံးဖြစ်စေ
သွားချင်တဲ့လမ်းကြောင်းက ကိုယ့်ပေါ်သာမူတည်ပါလိမ့်မယ်။ ထက်မြက်တဲ့လူနဲ့
ဆုံတွေ့ရပြီး ကိုယ့်ကိုပါ အများကြီးတိုးတက်လာစေမယ့် relationship မျိုးပါ။
Online ပေါ်ကနေဘဲစတွေ့ကြဖို့များပါလိမ့်မယ်။တစ်ယောက်ပေါ် တစ်ယောက်
နားလည်ပေးကြပြီး ကတောက်ကဆအနည်းကျဉ်းမှအပ အရာအရာအဆင်ပြေမယ့် relationship မျိုးပါ။
ကံကောင်းပါစေခင်ဗျာ။


Pile No.3

ဒီအုပ်စုသမားတွေက ဒီနှစ်ထဲ ရနိုင်ချေအနည်းဆုံးပါဘဲ။ သို့ပေမယ့် ရခဲ့ရင်လဲ
ရွှေထုတ်ကောက်ရသလို ကံကောင်းပျော်ရွင်ရမယ့်လူတွေပါ။ကိုယ်သဘောကျနေတဲ့
Crush နဲ့ချစ်ကြိုးသွယ်မိနိုင်တဲ့အုပ်စုပါ။ပြီးတော့ ဒီဆက်ဆံရေးက လက်ထပ်ဖို့အထိ
ရာခိုင်နှုန်းများပါလိမ့်မယ်။ ကိုယ့်ပေါ်ချစ်ပြီးကိုယ်ကလဲချစ်ရတဲ့လူနဲ့ဆုံစည်းနိုင်မှာပါ။
ကျွန်တော်အပေါ်မှာပြောသလိုဘဲရာခိုင်နှုန်းအားဖြင့် နည်းပါတယ်။
ဒါမယ့် 0 percent မဟုတ်တာမို့ကြိုးစားလို့အမှားမရှိပါဘူးခင်ဗျာ။
ကံကောင်းဖို့ဆုတောင်းပေးပါတယ်။