လုပ်နေတာတွေမှန်ရဲ့သားနဲ့ဘာလို့ထင်ထားသလိုမဖြစ်တာလဲ



1.. သင်က သင့်ရည်မှန်းချက်ပေါ်မှာ သေချာခိုင်မာတယ်ဒါဆိုဒါဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးရှိတယ်
လူနေခြုံကြား စိတ်နေဘုံဖျားဆိုတဲ့အတိုင်းပဲ၊မဖြစ်နိုင်ဘူးဆိုရင်တောင် ဖြစ်လာအောင်လုပ်မယ်ဆိုတဲ့စိတ်ဓါတ်မျိုးပိုင်ဆိုင်ထားတယ်

ဘာ‌လို့ထင်ထားသလိုမဖြစ်တာလဲ???
သင်ကအာရုံစူးစိုက်မှုတစ်ခုထဲပေါ်မှာပဲစိတ်ရောက်နေတယ် ဘေးကအရာတွေကိုသတိမထားမိဘူး
တကယ်တော့ တည့်တည့်မတိုးလာခင်ထဲကသင့်ကို အသိပေးနေတဲ့ပတ်ဝန်းကျင်ကိုသတိထားကြည့်ပေးပါ ၊ သင့်ကိုတစ်နည်းနည်းနဲ့ မကောင်းတာဖြစ်တော့မယ် လုပ်သမျှလွဲတော့မယ်ဆိုတာကိုကောင်းကောင်းသတိပေးထားပါတယ်

အစောင့်အရှောက်တွေနဲ့ပတ်သတ်ပြီးယုံကြည်မှုအားနည်းခြင်းပါ၊ 
ယုံကြည်တဲ့သူဆိုရင်တောင်လက်တွေ့လုပ်ဆောင်ချက်တွေအရမ်းနည်းနေတယ်ကိုးကွယ်ဖို့မလိုပါဘူး ဒါပေမယ့် လူတိုင်းမှာပဌာန်းဆက်နဲ့အစောင့်အရှောက် guardian ဆိုတာရှိမြဲပါတစ်ချိန်လုံးစိတ်ပူပြီးသောကရောက်နေမယ့်အစား တိုင်တည်စရာရှိတာတိုင်တည်ပါ အကြံဉာဏ်တောင်းပါ သူတို့အတွက်လည်း ဒါနပြုပေးလိုက်ပါ

အမှန်တရားနဲ့ပတ်သတ်ပြီး ငါမှန်နေတာပဲဆိုပြီးလုပ်ပေမယ့် တချို့အရာတွေကိုသည်းခံတတ်အောင်လုပ်ပါ သင့်ရဲ့စိတ်ကိုစမ်းသပ်နေတာတွေကြောင့်လွယ်လွယ်နဲ့ရည်မှန်းထားတာပျက်တတ်ပါတယ်
သင်မှန်တယ်ဆိုရင် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုိနသေချာဆုပ်ကိုင်ထားပါ ကိုယ့်ကိုယ်ကိုဘယ်တော့မှအားမငယ်လိုက်ပါနဲ့ သင့်မှာအမှန်တရားရှိနေတယ်ဆိုတာအမြဲသတိရပါ


2..သင်က သင့်ရည်မှန်းချက်နဲ့ပတ်သတ်ပြီး ကောင်းသထက်ကောင်းအောင်တွေးရင်းပြောရင်းပုံဖော်သွားတတ်သူပါ အစောင့်အရှောက်တွေကိုယုံကြည်သူလေးတွေဆိုရင် တဖွဖွဆုတောင်းနေသူလေးပေါ့

ဘာလို့ထင်ထားသလိုမဖြစ်တာလဲ???
အဓိကလိုအပ်နေတာကစိတ်ပါစိတ်ကိုအေးအေးထားပါ လုပ်နိုင်တာကနည်းပြီး စိတ်ကများနေတယ် ကိုယ့်ရဲ့ abundance ကိုမွေးမြူလိုက်ပါ တကယ်တော့ abundance ကိုအပြင်ကရှာနေတာသိပ်ထိရောက်မှာမဟုတ်ဘူး ကိုယ့်စိတ်ကိုအဓိက healလုပ်ပြီး abundance မွေးမြူလိုက်ပါ

ယောဂ ကစားပေးပါ
အဓိကက စိတ်ကပြဿနာမို့ စိတ်ကိုကုစားဖို့အတွက် ကိုယ်ခန္ဓာပေါ့ပါးစေဖို့ ယောဂကျင့်ပါ
သင်ထင်ထားသလောက်ဘဝကမဆိုးပါဘူး
သင့်စိတ်တည်ငြိမ်နေဖို့အရင်လိုအပ်တာပါ

မိသားစုအပေါင်းအသင်းမိတ်ဆွေနဲ့ချစ်ရသူတွေကိုအချိန်မပေးဖြစ်ဘူး စကားပြောရင်လည်း နည်းနည်းပြောပြီး စကားထများတတ်တယ်ဆိုရင် အချိန်ပေးလိုက်ပါ သူတို့နေရာကခံစားကြည့်ပါ
အနီးနားကသူတွေမိသားစုတွေရဲ့အကြံကိုယူပါ
သင့်လုပ်သမျှမဖြစ်တာက life style ကလွဲနေလို့ပါ
အရင်ကိုယ့်ကိုယ်ကိုချစ်ပြီး ဘေးပတ်ဝန်းကျင်ကိုလည်းချစ်ပေးပါနော်

Comments